နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

အာရှ

အာရှ

တောင်ကိုရီးယားနှင့် ဂျပန်တို့ကို ဗီဇာထုတ်ပေးမှု တရုတ်က ဆိုင်းငံ့

ဘေဂျင်းသည် ဆိုးလ်နှင့် တိုကျိုသို့ တရုတ်ခရီးသွားများ ဝင်ရောက်မှု တားမြစ်ချက်ကို လက်တုံ့ပြန်ခဲ့သည်။ အင်ချွန်းလေဆိပ်ရှိ COVID စမ်းသပ်စစ်ဆေးရေးစခန်းမှ ဇန်နဝါရီ (၂) ရက်နေ့က တောင်ကိုရီးယားအနေနှင့် ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်ဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် တရုတ်နိုင်ငံမှ ခရီးသွားလာသူများကို တစ်လတာ ကာလတိုဗီဇာ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင်း COVID-19 ကူးစက်မှု မြင့်တက်လာမှုကြောင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှတရုတ် ခရီးသွားများအား ဝင်ခွင့်ကန့်သတ်ချက် တင်းကျပ်လိုက်သည့်အတွက် အိမ်နီးချင်းများကို လက်တုံ့ပြန်သည့်အနေဖြင့် ထိုနိုင်ငံများမှ ခရီးသွားများအား ဗီဇာထုတ်ပေးမှုကို အင်္ဂါနေ့တွင် ရပ်ဆိုင်းခဲ့သည်။

“နိုင်ငံအနည်းငယ်က တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံတဲ့ ဝင်ခွင့်ကန့်သတ်ချက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အပြန် အလှန် အစီအမံတွေ ဆောင်ရွက်သွားမှာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

မိသားစုလည်ပတ်မှု၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ဆေးဘက်ဆိုင်ရာနှင့် အခြားကိစ္စရပ်များအတွက် ကာလတို ဗီဇာထုတ် ပေးခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း တောင်ကိုရီးယားရှိ တရုတ်သံရုံးက ယနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဂျပန်ခရီးသွားအေဂျင်စီများက ၎င်းတို့သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စရပ်များအတွက် တရုတ်နိုင်ငံသို့ စီးပွားရေးဗီဇာ သို့မဟုတ် အခြားဗီဇာများကို လျှောက်ထားနိုင်တော့မည် မဟုတ်ကြောင်း Nikkei သို့ ပြောကြားခဲ့သည်။

တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုတို့မှ ခရီးသွားများကို တိကျပြတ်သားသော COVID သတင်းအချက်အလက်များ မရှိခြင်းအတွက် စိုးရိမ်သောကြောင့် တရုတ်နိုင်ငံက ၎င်း၏နယ်စပ်များကို တနင်္ဂနွေနေ့တွင် ဖွင့်လှစ်လိုက်ပြီးနောက် ထိုကဲ့သို့ကိစ္စကို ကြုံတွေ့ခဲ့ရသည်။ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများကို စတင်ထိန်းချုပ်သည့် ပထမဆုံးနိုင်ငံဖြစ်ပြီး ယင်းနောက်တွင် ဒေသတွင်းရှိ အခြားနိုင်ငံများဖြစ်သည့် တောင်ကိုးရီးယားနှင့် အနောက်နိုင်ငံများမှ လိုက်ပါလာခဲ့သည်။ အ ချို့နေရာများသည် ဥပမာ ဩစတေးလျနိုင်ငံက ပိုးအသစ်နှင့် ပို၍အန္တရာယ်ရှိသော မျိုးကွဲများပါလာနိုင်ခြေကို ထောက်ပြထားသည်။

ဆိုးလ်ရှိ တရုတ်သံရုံးက ဘေဂျင်းသည် တောင်ကိုရီးယားသို့ တရုတ်နိုင်ငံသားများ ဝင်ရောက်မှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခြင်းအတွက် ပြန်လည်အရေးယူခြင်းအဖြစ် ပေကျင်းက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့သည်။ “ တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုရှိတဲ့ ပြည်ဝင်ခွင့်ပိတ်ပင်မှုကို တောင်ကိုရီးယားက ပယ်ဖျက်မယ်ဆိုရင် လုပ်ဆောင်ချက်တွေကို ပြုပြင်ပြောင်းလဲနိုင်မှာပါ” ဟု သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားမှုကို ကာကွယ်ရန် တရုတ်နိုင်ငံမှ ခရီးသွားများအတွက် ကာလတိုဗီဇာထုတ် ပေးမှုကို တောင်ကိုရီးယားက ပြီးခဲ့သည့် သီတင်းပတ်က ဆိုင်းငံ့ထားသည်။ သိပ္ပံနည်းကျ သက်သေအထောက်အထားများပေါ်အခြေခံ၍ ဆိုးလ်မှ အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပြီး ယင်းအနေထားရပ်တည်မှုကို တရုတ်နိုင်ငံနှင့် ဆက် လက်မျှဝေသွားမည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ တရုတ်ပြည်ကလာတဲ့သူတွေအတွက် ကျွန်တော်တို့အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးအစီအမံတွေဟာ သိပ္ပံနည်းကျနဲ့ ရည်ရွယ် ချက်ရှိရှိ သက်သေအထောက်အထားတွေအပေါ် အခြေခံတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ လင်မ်ဆိုးဆပ် Lim Soo-suk က အင်္ဂါနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အစိုး ရက ဒီကိစ္စကို နိုင်ငံတကာ အသိုက်အဝန်းကို ပွင့်လင်းမြင်သာစွာ မျှဝေခဲ့ပြီး သံတမန် လမ်းကြောင်းကနေတဆင့် တရုတ်နိုင်ငံနဲ့ ဆက်သွယ်ခဲ့ပါတယ်။”

ဂျပန်နိုင်ငံအစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း ဂျပန်နိုင်ငံသည် နှစ်နိုင်ငံအကြား ကူးလူးသွားလာခွင့်ပိတ်ပင်မှု ပြုလုပ်ခြင်း မဟုတ်ဘဲ COVID-19 ရောဂါကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်သာ ပြုလုပ်ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ဘေဂျင်းသည် ဆိုးလ်နှင့် တိုကျိုသို့ တရုတ်ခရီးသွားများ ဝင်ရောက်မှု တားမြစ်ချက်ကို လက်တုံ့ပြန်ခဲ့သည်။

အင်ချွန်းလေဆိပ်ရှိ COVID စမ်းသပ်စစ်ဆေးရေးစခန်းမှ ဇန်နဝါရီ (၂) ရက်နေ့က တောင်ကိုရီးယားအနေနှင့် ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်ဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် တရုတ်နိုင်ငံမှ ခရီးသွားလာသူများကို တစ်လတာ ကာလတိုဗီဇာ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင်း COVID-19 ကူးစက်မှု မြင့်တက်လာမှုကြောင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှတရုတ် ခရီးသွားများအား ဝင်ခွင့်ကန့်သတ်ချက် တင်းကျပ်လိုက်သည့်အတွက် အိမ်နီးချင်းများကို လက်တုံ့ပြန်သည့်အနေဖြင့် ထိုနိုင်ငံများမှ ခရီးသွားများအား ဗီဇာထုတ်ပေးမှုကို အင်္ဂါနေ့တွင် ရပ်ဆိုင်းခဲ့သည်။

“နိုင်ငံအနည်းငယ်က တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံတဲ့ ဝင်ခွင့်ကန့်သတ်ချက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အပြန်အလှန် အစီအမံတွေ ဆောင်ရွက်သွားမှာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ မိသားစုလည်ပတ်မှု၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ဆေးဘက်ဆိုင်ရာနှင့် အခြားကိစ္စရပ်များအတွက် ကာလတို ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း တောင်ကိုရီးယားရှိ တရုတ်သံရုံးက ယနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဂျပန်ခရီးသွားအေဂျင်စီများက ၎င်းတို့သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စရပ်များအတွက် တရုတ်နိုင်ငံသို့ စီးပွားရေးဗီဇာ သို့မဟုတ် အခြားဗီဇာများကို လျှောက်ထားနိုင်တော့မည် မဟုတ်ကြောင်း Nikkei သို့ ပြောကြားခဲ့သည်။

တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုတို့မှ ခရီးသွားများကို တိကျပြတ်သားသော COVID သတင်းအချက်အလက်များ မရှိခြင်းအတွက် စိုးရိမ်သောကြောင့် တရုတ်နိုင်ငံက ၎င်း၏နယ်စပ်များကို တနင်္ဂနွေနေ့တွင် ဖွင့်လှစ်လိုက်ပြီးနောက် ထိုကဲ့သို့ကိစ္စကို ကြုံတွေ့ခဲ့ရသည်။ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများကို စတင်ထိန်းချုပ်သည့် ပထမဆုံးနိုင်ငံဖြစ်ပြီး ယင်းနောက်တွင် ဒေသတွင်းရှိ အခြားနိုင်ငံများဖြစ်သည့် တောင်ကိုးရီးယားနှင့် အနောက်နိုင်ငံများမှ လိုက်ပါလာခဲ့သည်။ အချို့နေရာများသည် ဥပမာ ဩစတေးလျနိုင်ငံက ပိုးအသစ်နှင့် ပို၍အန္တရာယ်ရှိသော မျိုးကွဲများပါလာနိုင်ခြေကို ထောက်ပြထားသည်။

ဆိုးလ်ရှိ တရုတ်သံရုံးက ဘေဂျင်းသည် တောင်ကိုရီးယားသို့ တရုတ် နိုင်ငံသားများ ဝင်ရောက်မှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခြင်းအတွက် ပြန်လည်အရေးယူခြင်းအဖြစ် ပေကျင်းက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့သည်။ “ တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုရှိတဲ့ ပြည်ဝင်ခွင့်ပိတ်ပင်မှုကို တောင်ကိုရီးယားက ပယ်ဖျက်မယ်ဆိုရင် လုပ်ဆောင်ချက်တွေကို ပြုပြင်ပြောင်းလဲနိုင်မှာပါ” ဟု သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ COVID-19 ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားမှုကို ကာကွယ်ရန် တရုတ်နိုင်ငံမှ ခရီးသွားများအတွက် ကာလတိုဗီဇာထုတ်ပေးမှုကို တောင်ကိုရီးယားက ပြီးခဲ့သည့် သီတင်းပတ်က ဆိုင်းငံ့ထားသည်။ သိပ္ပံနည်းကျ သက်သေအထောက်အထားများပေါ်အခြေခံ၍ ဆိုးလ်မှ အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပြီး ယင်းအနေထားရပ်တည်မှုကို တရုတ်နိုင်ငံနှင့် ဆက်လက်မျှဝေသွားမည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ တရုတ်ပြည်ကလာတဲ့သူတွေအတွက် ကျွန်တော်တို့အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးအစီအမံတွေဟာ သိပ္ပံနည်းကျနဲ့ ရည်ရွယ် ချက်ရှိရှိ သက်သေအထောက်အထားတွေအပေါ် အခြေခံတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ လင်မ်ဆိုးဆပ် Lim Soo-suk က အင်္ဂါနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အစိုးရက ဒီကိစ္စကို နိုင်ငံတကာ အသိုက်အဝန်းကို ပွင့်လင်းမြင်သာစွာ မျှဝေခဲ့ပြီး သံတမန် လမ်းကြောင်းကနေတဆင့် တရုတ်နိုင်ငံနဲ့ ဆက်သွယ်ခဲ့ပါတယ်။”

ဂျပန်နိုင်ငံအစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း ဂျပန်နိုင်ငံသည် နှစ်နိုင်ငံအကြား ကူးလူးသွားလာခွင့်ပိတ်ပင်မှု ပြုလုပ်ခြင်း မဟုတ်ဘဲ COVID-19 ရောဂါကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်သာ ပြုလုပ်ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

Source: Nikkei, NHK

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 91 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 311 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 419 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 393 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “