နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ အာရှ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းတစ်ဝိုက်တွင် စစ်သင်္ဘောများ စေလွှတ်နေစဉ် ထိုင်ဝမ် ပေါင်းစည်းရေးအတွက် တရုတ်က ‘အသေးစိတ်ပုံစံ’ ကို ထုတ်ဖော်ပြသခဲ့။

တရုတ်နိုင်ငံသည် အင်္ဂါနေ့တွင် ဖူကျန့်ပြည်နယ် ကမ်းရိုးတန်းဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်တို့ကြား နက်ရှိုင်းစွာ ပေါင်းစည်းရေး အစီအစဉ်၏အကျိုးကျေးဇူးများကို ထုတ်ဖော်ပြသခဲ့ပြီး တဖက်မှလည်း ကျွန်းပတ်လည်တဝိုက်တွင် စစ်သင်္ဘောများ စေလွှတ်ကာ စစ်အင်အားကို ပြသခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့ ပူးပေါင်းထုတ်ပြန်သည့် အဆိုပါ ညွှန်ကြားချက်တွင် ဖူကျန့်အား ထိုင်ဝမ်နှင့် ဖွံ့ဖြိုးပေါင်းစည်းနိုင်ရေးအတွက် “သရုပ်ပြဇုန်”အဖြစ် တရုတ်နိုင်ငံတွင် ထိုင်ဝမ်မှလာရောက် အခြေချနေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ပထမဆုံးနေအိမ်အဖြစ် ကတိပြုထားသည်။


နိုင်ငံပိုင်မီဒီယာတွင် ကိုးကားဖော်ပြထားသော တရုတ်ကျွမ်းကျင်ပညာရှင်များ၏ ထိုင်ဝမ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု၏ “အသေးစိတ်ပုံစံ” ဟု ချီးကျူးထားသည့် စာရွက်စာတမ်းသည် ရေလက်ကြားကို ဖြတ်ကျော်သည့် ဆက်ဆံရေးတွင် သိမ်မွေ့သော အခိုက်အတန့် တစ်ခုဖြစ်ပြီး ဇန်နဝါရီလ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာခဲ့သည်။


ဘေဂျင်းကွန်မြူနစ်ပါတီက ၎င်း၏ တရုတ်နိုင်ငံပိုင် နယ်မြေအဖြစ် သတ်မှတ်ထားရသည့် လူပေါင်း ၂၄ သန်းရှိသည့် ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားများ ဆက်လက် တိုးလာနေချိန်တွင်လည်း ထိုင်ဝမ်ကို ဘေဂျင်း၏ အာဏာရ ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။ ဘေဂျင်း၏ ပေါင်းစည်းရေး အစီအစဉ်ကို ထုတ်ပြန်ခြင်း မပြုမီတွင် တရုတ်လေယာဉ်တင် သင်္ဘောတစ်စင်းနှင့် တရုတ်စစ်သင်္ဘောနှစ်ဒါဇင်ခန့်သည် ထိုင်ဝမ်အနီး ရေပြင်တွင် ယခုသီတင်းပတ်အတွင်း စုဝေးနေသည်ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်များက ပြောကြားခဲ့သည်။


တရုတ်သည် ထိုင်ဝမ်ကို “ချော့တမျိုး ခြောက်တမျိုး” ချဉ်းကပ်မှုကို ကာလကြာရှည်စွာ ကျင့်သုံးခဲ့ပြီး တရုတ်၏ အမြင်နှင့် စီးပွားရေးနှင့် ယဉ်ကျေးမှု ဖလှယ်မှုများအတွက် အခွင့်အလမ်းများကို လိုက်လိုက်လျောလျော တဖက်မှပေးကာ ဘီဂျင်း၏ အမြင်ကို ယုံကြည်လာအောင် ပြုလုပ်နေပြီး အခြားတဖက်တွင်လည်း စစ်ရေးအရ ကျူးကျော်ရန် အလားအလာရှိကြောင်း ခြိမ်းခြောက်လျက် ရှိသည်။ မကြာသေးမီ နှစ်များအတွင်း ရေလက်ကြား ဖြတ်ကျော်ဆက်ဆံမှုများ ပျက်ပြားသွားရသည့် အတိုင်းအတာဖြင့် ထိုင်ဝမ်မှ ၎င်းတို့သည် တရုတ်၏ ကျယ်ပြန့်သော အဆိုပြုချက်ကို မည်သို့လက်ခံမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ဗုဒ္ဓဟူးနေ့တွင် အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီမှ ထိုင်ဝမ်လွှတ်တော်အမတ် ဝမ်တင်ယု (Wang Ting-yu) က ပေါင်းစည်းရေး အစီအစဉ်သည် ရယ်စရာကောင်းသည်ဟု ပြောကြားခဲ့သည်။


“တရုတ်အနေနဲ့ သူ့ရဲ့အကြွေးတွေကို ဘယ်လိုထိန်းကျောင်းနိုင်မလဲဆိုတာကို စဉ်းစားသင့်ပေမယ့် ထိုင်ဝမ်ကို ဆန့်ကျင်ပြီး ပေါင်းစည်းရေးကို ရှေ့တန်းတင်နေတဲ့ လုပ်ဆောင်မှုမျိုးကို မစဉ်းစားသင့်ပါဘူး” ဟု ဝမ်က ဘေဂျင်း၏ နိုင်ငံရပ်ခြား ရည်မှန်းချက်များကို မြှင့်တင်ရန် အစိုးရနှင့်ဆက်စပ်နေသည့် ကြိုးပမ်းမှုများကို ရည်ညွှန်းကာ ဗီဒီယိုမက်ဆေ့ချ်တွင် ပြောကြားခဲ့သည်။

ဖူကျန့်သည် ထိုင်ဝမ်နှင့် ပေါင်းစပ်ဖွံ့ဖြိုး တိုးတက်ရေးဇုန်အဖြစ် ပြောင်းလဲခြင်းသဘောတရားကို ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တရားဝင်စာရွက်စာတမ်းတွင် ပထမဆုံး တွေ့ရှိခဲ့သော်လည်း ထိုအချိန်တွင် မည်သည့်အသေးစိတ် အချက်အလက်များကိုမျှ ဖော်ပြခြင်းမရှိပေ။

ဇွန်လတွင် ဖိုရမ်တစ်ခု၌ အကြီးတန်း တရုတ်ခေါင်းဆောင်တစ်ဦးမှ ပေါင်းစည်းရေးအစီအစဉ်ကို ထိုင်ဝမ်ပြည်မကြီးရေးရာကောင်စီက ထိုအဆိုပြုချက်သည် “အဓိပ္ပါယ်မဲ့” နှင့် “အချည်းနှီး” သာဖြစ်သည်ဟူ၍ ထိုင်ဝမ်၏ လူထုမျှော်လင့်ချက်နှင့် လိုက်လျောညီထွေမှု မရှိဘဲ ထိုင်ဝမ်ကို “သေးသိမ်စေသည်” ဟု ပြောဆိုခဲ့သည်။


မှတ်ချက်ပေးရန် ထိုင်ဝမ်ပြည်မကြီးရေးရာကောင်စီထံ ဆက်သွယ်ခဲ့သည်။ ညွှန်ကြားချက်တွင် ဘေဂျင်းသည် ဖူကျန့်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်၊ ထိုင်ဝမ်ကုမ္ပဏီများအတွက် ပတ်ဝန်းကျင်ကို မြှင့်တင်ရန်၊ စက်မှုနှင့် အရင်းအနှီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တရုတ်စတော့အိတ်ချိန်းတွင် ထိုင်ဝမ်ကုမ္ပဏီများကို စာရင်းသွင်းပါဝင်ရန် တိုက်တွန်းထားသည်။ ပထမတစ်ခုတွင် ထိုင်ဝမ်ကုမ္ပဏီများကို အစမ်းသဘောဖြင့် ဖူကျန့်တွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လုပ်ရေး ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုနှင့် တည်ထောင်ခွင့်ပြုမည်ဖြစ်သည်။


အဆိုပါ ညွှန်ကြားချက်တွင် ထိုင်ဝမ်အလုပ်သမားများနှင့် မိသားစုများအား ဖူကျန့်တွင် အခြေချနေထိုင်ရန် ဆွဲဆောင်ရန်လည်း ကြိုးပမ်းထားသည်။ ပိုင်ဆိုင်မှုဝယ်ယူခြင်းအပါအဝင် ထိုင်ဝမ်လူမျိုးများသည် ပြည်နယ်အတွင်း နေထိုင်အလုပ်လုပ်ကိုင်ရန် ပိုမိုလွယ်ကူစေရန် လူမှုဖူလုံရေးအစီအစဉ်များကို တိုးမြှင့်ပေးမည်ဖြစ်ပြီး ထိုင်ဝမ်ကျောင်းသားများအား အစိုးရကျောင်းများတွင် စာရင်းသွင်းရန် တက်ခွင့်ပေးရန်ကတိပြုထားသည်။

ဖူကျန့် နှင့် ပေါင်းစည်းခြင်းဖြင့် ပိုမိုကျယ်ပြန့်သော မောင်းနှင်အားနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာကို ရရှိရန် မျှော်လင့်ထားသည့် စာရွက်စာတမ်းသည် ထိုင်ဝမ်ကျွန်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အသေးစိတ်ပုံစံကို အကြမ်းဖျင်းဖော်ပြခြင်းနှင့် ညီမျှကြောင်း တရုတ်အကဲခတ်များက မှတ်ချက်ပြုခဲ့သည်။


ထိုင်ဝမ်ရေလက်ကြား အနောက်ဘက်ခြမ်းရှိ လူဦးရေသန်း ၄၀ ရှိသော ဖူကျန့်သည် ထိုင်ဝမ်နှင့် အနီးဆုံးနေရာဖြစ်ပြီး ပထဝီဝင် အနေအထားအရ နှင့်ယဉ်ကျေးမှု အရလည်း နီးစပ်မှုရှိသည်။ ထိုင်ဝမ်လူမျိုးအများစုသည် ဖူကျန့်မှရာစုနှစ်ပေါင်းများစွာ အသုတ်လိုက် ရွှေ့ပြောင်း ရောက်ရှိလာသူများ ဖြစ်ကြသည်။ ဖူကျန့်မှ ရွှေ့ပြောင်းနေထိုင်သူများ၏သားမြေးများဖြစ်သည်။ သူတို့နှင့်အတူ ရိုးရာယဉ်ကျေးမှု၏ ကျောရိုးဖြစ်လာစေသည့် ဒေသစကား၊ သံနေသံထား ဓလေ့ထုံးတမ်းနှင့် ဘာသာတရားတို့ပါလာခဲ့ပြီး ထိုအရာများသည် ထိုင်ဝမ်ရှိ လူများစု ဟန်လူမျိုးတို့၏ ကျောရိုးယဉ်ကျေးမှု ဓလေ့ထုံးစံများ ဖြစ်လာခဲ့သည်။


တရုတ်နိုင်ငံ၏ အာဏာရကွန်မြူနစ်ပါတီသည် ဖူကျန့် နှင့် ထိုင်ဝမ်ကြားရှိ ပထဝီဝင်၊ သမိုင်းဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ နီးစပ်မှုအား ကျွန်းနှင့် စီးပွားရေး၊ လူမှုပေါင်းစည်းရေးနှင့် နောက်ဆုံးတွင် ပြည်မကြီးနှင့်ပေါင်းစည်းရေးအတွက် အငြင်းပွားနေမှုကို ကာလရှည်ကြာစွာ ကြိုးပမ်းခဲ့သည်။ ဘေဂျင်း၏ ပေါင်းစည်းရေး ကြိုးပမ်းမှုများ၏ အာရုံစူးစိုက်မှုသည် ထိုင်ဝမ်ထက် ပိုမိုနီးကပ်သော ဖူကျန့်နှင့် များစွာနီးကပ်သော ထိုင်ဝမ်၏ အစွန်အဖျားရှိ ကင်မန် (Kinmen) နှင့် မတ်ဆု (Matsu) ကျွန်းများပေါ်တွင် တည်ရှိပြီး တရုတ်ပြည်မကြီးနှင့် သမိုင်းကြောင်းအရ အခိုင်မာဆုံးသော ဆက်ဆံရေးရှိထားသည်။


အင်္ဂါနေ့က ညွှန်ကြားချက်တွင် ပေကျင်းသည် မိုင်အနည်းငယ်သာ ကွာဝေးသည့် ဇီမန် (Xiamen)မြို့ နှင့် ကင်မန် (Kinmen) အကြား ပေါင်းစည်းမှုကို ပိုမိုအရှိန်မြှင့်ရန် ကတိပြုထားသည်။ ဇီမန်မှ ကင်မန်သို့ လျှပ်စစ်ဓာတ်အားနှင့် ဓာတ်ငွေ့များ သယ်ယူနိုင်ခွင့်နှင့် မြို့နှစ်မြို့ကို တံတားတစ်ခုဖြင့် ဆက်သွယ်ပေးမည့် မြို့နှစ်မြို့ကြား အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို စူးစမ်းလေ့လာမည်ဟု ကတိပြုထားသည်။ အစီအစဉ်အရ ကင်မန်တွင် နေထိုင်သူများသည် ဇီမန်တွင် နေထိုင်သူများကဲ့သို့ တူညီသော ဆက်ဆံရေးကို ရရှိခံစားနိုင်မည်ဖြစ်သည်။


Fuzhou နှင့် Matsu မြို့များအတွက် အလားတူ ပေါင်းစည်းမှုအစီအမံများကိုလည်း ချမှတ်ထားသည်။ ကင်မန်တွင် နေထိုင်သူအချို့အတွက်၊ ပိုမိုကြီးမားသော ဆက်သွယ်မှုကို မြှင့်တင်ရန် အစီအစဉ်များသည် ဆွဲဆောင်မှုရှိသည်။ ယခုနှစ်တွင် ကင်မန်ရှိ ဒေသဆိုင်ရာ ကောင်စီဝင် ရှစ်ဦး၏ ပါတီစုံမဟာမိတ်အဖွဲ့သည် အဆိုပြုချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် စီးပွားရေးဆက်ဆံမှုများ မြှင့်တင်ရန်အတွက် ကင်မန်သို့ တံတားတစ်ခု တည်ဆောက်ရန် အဆိုပြုခဲ့ပြီး ကင်မင်ကို ပိုမိုကျယ်ပြန့်သော စစ်မဲ့ဇုန်အဖြစ်သို့ ပြောင်းလဲရန်သို့မဟုတ် “ငြိမ်းချမ်းရေးကျွန်း” အဖြစ်အဆိုပြုခဲ့သည်။


ထိုင်ဝမ်နှင့် တရုတ်ကြား ရှေ့တန်းတွင် ထိုင်နေသော ကင်မင်သည် တရုတ်ပြည်တွင်းစစ်အပြီး နှစ်များအတွင်း တရုတ်စစ်တပ်၏ ကုန်းရေနှစ်သွယ် တိုက်ခိုက်မှုနှင့် ပစ်ခတ်မှု အများအပြားကို ရင်ဆိုင်ခဲ့ရသည်။ ကောင်စီဝင်များ၏ အဆိုပြုချက်သည် ထိုင်ဝမ်၏ တပ်ဖွဲ့ဝင်များနှင့် စစ်ရေးတပ်ဆင်မှုအားလုံးကို ကျွန်းများမှ ဖယ်ရှားကာ ကင်မင်အား “ တင်းမာမှုများ လျော့ပါးလာစေရန် ရည်ရွယ်သည့်” ဘေဂျင်း-တိုင်ပေ ဆွေးနွေးပွဲနေရာအဖြစ် ပြောင်းလဲရန် မျှော်မှန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 104 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 178 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 172 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 175 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 190 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 208 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 190 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့