နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 25 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ အာရှ

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူး ပျောက်ဆုံးနေ။

အမေရိကန်နှင့် ဥရောပ မီဒီယာအချို့က သီတင်းနှစ်ပတ်ကျော် မတွေ့မမြင်ရသော တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူး (Li Shangfu) ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း ယနေ့ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဖော်ပြခဲ့သည်။
ဘေဂျင်းတွင်ကျင်းပသည့် အာဖရိကနိုင်ငံများနှင့် လုံခြုံရေးဖိုရမ်တွင် ဩဂုတ်လ (၂၉) ရက်က မိန့်ခွန်းပြောပြီးနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။


ဗြိတိန်သတင်းစာ Financial Times (FT) က အမေရိကန် အရာရှိတစ်ဦးကို ကိုးကားပြီး အမေရိကန်အစိုးရက လီသည် အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှု ခံနေရသည်ဟု ယုံကြည်ကြောင်း ယနေ့ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဖော်ပြခဲ့သည်။ လီအား မေးမြန်းရန် ခေါ်ဆောင်သွားပြီး ပြီးခဲ့သည့် သီတင်းပတ်က အလုပ်ထုတ်ခံရကြောင်း Wall Street Journal (WSJ) က ဖော်ပြခဲ့သည်။ အကြောင်းရင်းကို ဖော်ပြခဲ့ခြင်း မရှိခဲ့ပါ။

စက်တင်ဘာလ (၁၅) ရက်နေ့က ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Rahm Israel Emanuel က
“ပထမအချက်အနေနဲ့ လီဟာ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက သူ့သတင်း မကြားရတော့ဘူး။ ဒုတိယအနေနဲ့ သူ့ရဲ့ ပြည်ပ ခရီးစဉ်အတွက် ဗီယက်နမ်ကို မလာခဲ့ပါဘူး။ အခုအခေါက်လည်း စင်္ကာပူရေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံဖို့ မလာခဲ့ပါဘူး။ နေအိမ် အကျယ်ချုပ်ကျနေလို့ ဖြစ်နိုင်တယ်” ဟု X (ယခင် Twitter) တွင် ရေးသားခဲ့သည်။
သူရေးသားသည့်ပို့စ်တွင် “ #Mystery in a Beijing building” ဟူသော # hashtag ပါရှိပြီး Shakespeare ၏ ပြဇာတ် “ Hamlet” မှ “ ဒိန်းမတ်တွင် တစ်ခုခု ပုပ်နေပြီ” ဟူသော စာသားပါရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

စစ်သွေးကြွသံသယရှိသူတွေရဲ့တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ လူ ၂၀ ကျော် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 12 Views
+++++++++++++++++++ အိန္ဒိယနိုင်ငံရဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွလို့ သံသယရှိသူတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ ခန့်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်နဲ့ အိန္ဒိယ နီးကပ်မှုမရှိရင် အမှောင်ဖုံးသွားနိုင်တယ်လို့ ဒုသမ္မတဂျေဒီဗန့်စ် သတိပေး

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 11 Views
+++++++++++++++++++++++++ အမေရိကန်နိုင်ငံဟာ အိန္ဒိယနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ စွမ်းအင်နဲ့ ကာကွယ်ရေးပစ္စည်းတွေရောင်းချလိုကြောင်း ဒုတိယသမ္မတဂျေဒီဗန့်စ်က အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ အင်္ဂါနေ့ကတွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ကုန်သွယ်ရေးသဘောတူညီချက်အတွက် ထပ်ခါတလဲလဲ
အတွေးအမြင်ကဏ္ဍ

မြန်မာသင်္ကြန်ပွဲတော်နဲ့ ထိုင်းသင်္ကြန် ဘာတွေကွာသလဲ?

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 20 Views
သင်္ကြန်ပွဲတော်ကို မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်တခုအဖြစ် အမြတ်တနိုး ကျင်းပခဲ့ကြသလို သင်္ကြန်ပွဲတော်ဟာ လူငယ်များအတွက် အပျော်ဆုံးပွဲတော် ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင်္ကြန်ပွဲတော်အတွင်း ယောက်ျားမိန်းမမခွဲခြားဘဲ မိန်းကလေးတွေကလည်း ပွင့်ပွင့်လင်း ယောက်ျားလေးတွေကို အပြန်အလှန်စကြ စကားတွေပြောနိုင်ခွင့် အချစ်ကို ရှာနိုင်ခွင့် ချုပ်တည်းထားသမျှကို
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုတစ်ခု ပြုလုပ်နိုင်မယ်လို့ ဒေါ်နယ်ထရန့် မျှော်လင့်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 26 Views
+++++++++++++++++++++++++ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြာသပတေးနေ့မှာ အတိအလင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် စူပါ ပါဝါ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ဖော် ပြောဆို ခဲ့ခြင်းမရှိပါဘူး။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က လူမှုကွန်ရက်စာမျက်နှာကနေ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအပေါ် ပုံစာနဲ့ပြသ

  • 2025 ခုနှစ်၊ ဧပြီလ 15 ရက်
  • 33 Views
ဧပြီလ (၁၅) ရက်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ်-အမေရိကန် အပြန်စည်းကြပ်မှုတွေအပေါ် ဧပြီလ ၁၀ ရက်နေ့က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ X ကနေ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအပေါ်
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ အာရှ

ထရန့်၏ အခွန်စည်းကြပ်မှုကို ရင်ဆိုင်ရန် “ ရှီ” သည် ‘တစ်ဖက်သတ်အနိုင်ကျင့်မှုကို တွန်းလှန်ရန်’ ဗီယက်နမ်ကို တရုတ်က တိုက်တွန်းလိုက်သည်။

  • 2025 ခုနှစ်၊ ဧပြီလ 15 ရက်
  • 35 Views
ဧပြီလ (၁၅) ရက်။ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံအား အမေရိကန်နှင့်ဆန့်ကျင်ဘက် တည်ငြိမ်သော မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်ရန် ကြိုးပမ်းမှုဖြင့် ဒေသတွင်း အဓိကစီးပွားရေးမိတ်ဖက်နိုင်ငံများကို သံတမန်ခရီးစဉ်ကို စတင်လိုက်သည်။ ၎င်း၏ ဗီယက်နမ်ခရီးစဉ်တွင် တစ်ဖက်သတ်အနိုင်ကျင့်မှုကို တွန်းလှန်ရန်နှင့် လွတ်လပ်ပွင့်လင်းသော ကုန်သွယ်မှုကို
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ပို့ဆောင်ဖို့ C-130 ဂျပန်စစ်လေယာဉ်တစီး မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 48 Views
ဧပြီလ (၉) ရက်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ဖို့ မန္တလေးတိုင်းမှာ ရောက်ရှိနေတဲ့ ဂျပန်ဆေးဘက်ဆိုင်ရာအဖွဲ့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ရောဂါရှာဖွေရေးစက်ပစ္စည်းတွေ အပါအဝင် ဆေးဝါးနဲ့ အခြားစက်ပစ္စည်းကိရိယာတွေကို ဂျပန်နိုင်ငံက C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ ဧပြီလ
အတွေးအမြင်ကဏ္ဍ

“လိမ်ညာနေတဲ့ခေါင်းဆောင်တွေနဲ့ အညာခံပြည်သူများ”

  • 2025 ခုနှစ်၊ ဧပြီလ 7 ရက်
  • 43 Views
“လိမ်ညာနေတဲ့ခေါင်းဆောင်တွေနဲ့ အညာခံပြည်သူများ” —————————————————— မင်းအောင်လှိုင် BEMSTEC အစည်းအဝေး တက်ရောက်သည့်အပေါ် သဘောထားနှင့် စကစ၏ အပစ်အခတ်ရပ်စဲမှုသည် မည်သည့်ရည်ရွယ်ချက်နှင့်ကြေငြာခဲ့သည်လားရှိုးမှ MNDAA ဆုတ်ခွါပြီး စကစလက်ပြန်အပ်မည့်အပေါ် စသည်တို့အပြင် NUG ၏ အဖွဲ့အစည်း ပြုပြင်ပြောင်းလဲ‌ရေးဆိုသည် တကယ်ဖြစ်လာမလား