နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 17 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နိုင်ငံတကာစီးပွားရေး အာရှ

ဗီယက်နမ်မှ ဆန်တင်ပို့မှု ဖြတ်တောက်မှုကြောင့် ဖိလစ်ပိုင်သို့ ထိုင်း ဆန်တင်ပို့မှု နှစ်ဆတိုးလာ

ဘန်ကောက်၏ နှစ်စဉ်ကုန်သွယ်မှုကို အဓိကအားဖြင့် တန်ချိန် ၈ ဒသမ ၂ သန်းအထိ မြှင့်တင်ရန် လတ်ဆတ်သော တောင်းဆိုမှု တရပ်ဖြစ်သည်။ ကမ္ဘောဒီးယားတွင် မိုးခေါင်မှုကြောင့် ဗီယက်နမ်၏ ဆန်ထောက်ပံ့မှု လျော့ကျလာကာ ဖိလစ်ပိုင်သို့ ဆန် ပိုတင်ပို့နိုင်မှုကို အဟန့်အတား ဖြစ်စေသည်။

ထိုင်းဆန်တင်ပို့မှုမှာ ယခုနှစ်အတွင်း ဖိလစ်ပိုင်သို့ နှစ်ဆတိုးလာရန် မျှော်လင့်ထားကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းမှ ပြောကြားရာတွင် ပြိုင်ဘက်တင်သွင်းသူ ဗီယက်နမ်သည် စွမ်းဆောင်ရည် ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုသည် ယမန်နှစ်တွင် တန်ချိန် ၃ ဒသမ ၇ သန်းရှိခဲ့ပြီး ၎င်းသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့မှု ဖြစ်လာခဲ့သည်။

အဆိုပါ ကိန်းဂဏန်းသည် ၂၀၂၃ ခုနှစ်တွင်ရှိသည်ကိန်းဂဏန်းနှင့် အကြမ်းဖျင်း တူညီနိုင်ဖွယ်ရှိသည်။ ငွေကြေးဖောင်းပွမှုနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အမျိုးမျိုးကို ရင်ဆိုင်နေရသော ဖိလစ်ပိုင်နိုင်ငံသည် လိုအပ်သော တန်ချိန် ၁၅.၈ သန်းအောက် တန်ချိန် ၁၂.၄ သန်းခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနမှ သိရသည်။

ဖိလစ်ပိုင်၏ လွန်ခဲ့သည့်နှစ်တွင် စုစုပေါင်းဆန်တင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းခန့်သည် ၎င်း၏ ပြိုင်ဆိုင်မှုရှိသောဈေးနှုန်းနှင့် နှစ်နိုင်ငံကုန်သွယ်မှု နီးကပ်မှုကြောင့် ဆယ်စုနှစ်များစွာကြာ နိုင်ငံ၏အကြီးမားဆုံး တင်သွင်းသူဖြစ်သည့် ဗီယက်နမ်မှ လာခြင်းဖြစ်သည်။ ကျန်သည့် ဖိလစ်ပိုင် သွင်းကုန်များသည် ထိုင်းမှပို့ပေးခြင်းဖြစ်သည်။ ဗီယက်နမ်က အထွက်နှုန်းနည်းသည့် အ တွက် ဖိလစ်ပိုင်က “ဒီနှစ်တွင် ထိုင်းမှ ဆန်ပိုဝယ်ဖို့ မျှော်လင့်ထားပါတယ်” ဟု ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ချိုကီယက် အိုဖာဆင်က ပြောသည်။

ဗီယက်နမ်တွင် ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီအတွက် အသုံးပြုသောမြေများသည် ယခင်ရာသီထက် ၃% ကျဆင်းသွားကာ ထုတ်လုပ်မှုသည် တန်ချိန် ၂၇ သန်းအထိ ၁% ကျဆင်းသွားဖွယ်ရှိသည်။ ပြည်တွင်းဆန်စားသုံးမှုသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၂၁ ဒသမ ၅ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်များအတိုင်း မပြောင်းလဲကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင်ဆန် တန်ချိန် ၇.၁ သန်း ကိုတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၆ သန်းခန့်သာ တင်ပို့နိုင်တော့မည်ဖြစ်သည်။

ပြဿနာ နောက်ဆက်တွဲအနေနဲ့ကတော့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက ဆည်ရေသောက်အားနည်းတဲ့ ကမ္ဘောဒီးယားလယ်တွေကို ထိခိုက်ပျက်စီးစေခဲ့တဲ့ မိုးခေါင်မှုတစ်ခုပါ။ “လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံဟာ ဗီယက်နမ်နိုင်ငံကနေ တစ်နှစ်ကို တန်ချိန် ၁ သန်းလောက် မှောင်ခိုတင်သွင်းနေပြီး တန်ချိန် ၇ သန်းကနေ ၈ သန်းအထိ ကမ္ဘောဒီးယားနိုင်ငံကို တင်သွင်းနိုင်တာကြောင့် ကမ္ဘောဒီးယားနိုင်ငံဟာ တည်ငြိမ်တဲ့ ဆန်ထောက်ပံ့မှု ရခဲ့ပါတယ်” ဟု Chookiat မှ ပြောကြားခဲ့သည်။ “ဒါပေမယ့် ဒီနှစ်မှာ ဗီယက်နမ်ထံက ဆန်တင်ပို့မှုကို မျှော်လင့်နိုင်တဲ့အခြေအနေ ကမ္ဘောဒီးယားမှာ မရှိတော့ပါဘူးဟု ဆိုသည်။

ဗီယက်နမ်၏ ထောက်ပံ့တင်ပို့မှုသည် အကန့်အသတ်ရှိသဖြင့် ဇန်နဝါရီလတွင် ဆန်တန်ချိန် ၄၀၀,၀၀၀ သာ တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၂၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ သိရသည်။ ဆန့်ကျင်ဘက်အားဖြင့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် စပါးရိတ်သိမ်းမှု အများအပြားကို မျှော်မှန်းထားပြီး နိုင်ငံတစ်ဝှမ်းရှိ ရေလှောင်ကန်များ သို့မဟုတ် ပုံမှန်စိုက်ပျိုးရာသီပြင်ပတွင် စပါးများစိုက်ပျိုးနိုင်မှုအား ခွင့်ပြုပေးထားသည့် ပမာဏဖြင့် နိုင်ငံအနှံ့ ရေသိုလှောင်ကန်များ ရှိနေသည်။

၂၀၂၂-၂၀၂၃ ရာသီတွင် ထိုင်းနိုင်ငံသည် ယခင်ရာသီက တန်ချိန် ၁၉ သန်းထက် ဆန်တန်ချိန် ၂၀.၂ သန်းခန့် ထွက်ရှိရန် မျှော်မှန်းထားသည်။ ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၁၂ သန်းရှိမည်ဖြစ်ပြီး လက်ကျန်ဆန်များကို တင်ပို့ရန် လျာထားသည်။ ဖိလစ်ပိုင်သည် ဒုတိယသုံးလပတ် အတွက် ဆန်အာမခံချက်ရရှိရန် မျှော်လင့်ထားပြီး ဖိလစ်ပိုင်သည် ထိုင်းဆန်တင်ပို့သူများထံ ဆက်သွယ်ထားပြီး ဖြစ်ကြောင်း ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။ ၁၄ နှစ်ကြာမြင့်နေသည့် ငွေကြေးဖောင်းပွမှုကြားတွင် ဖိလစ်ပိုင်အစိုးရမှ အဓိကစားသောက်ကုန်များ၏ ဈေးနှုန်းများကိုထိန်းထားရန် ကြိုးပမ်းနေချိန်တွင် ဖိလစ်ပိုင်မှ တင်သွင်းသူအသစ်သို့ ကူးပြောင်းလာခြင်း ဖြစ်သည်။

ဇန်နဝါရီလတွင် ငွေကြေးဖောင်းပွမှု ၈.၇% သို့ရောက်ရှိခဲ့ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးစံချိန်တင်ခဲ့သော အစားအစာ ဈေးနှုန်းများ မြင့်တက်လာခြင်းလည်းဖြစ်သည်။ ပြည်တွင်းတွင် ပြတ်လပ်နေချိန်တွင် သမ္မတ ဖာဒီနန်မားကိုစ်ဂျူနီယာ (Ferdinand Marcos Jr.) သည် သကြားနှင့် ကြက်သွန်နီကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတင်သွင်းရန် သဘောတူညီခဲ့သည်။

“အခြေအနေက ဝယ်လိုအား ပြည့်ဖို့နဲ့ ငွေကြေးဖောင်းပွမှုကို တားဆီးဖို့ ထိုင်းကနေ မနီလာကို ဆန်ဝယ်ခိုင်းခဲ့တယ်” ဟု ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ကုန်သွယ်ရေးဌာနက ကုန်သည်တစ်ဦးက ပြောသည်။ ဖိလစ်ပိုင်၏ ဝယ်လိုအား အားကောင်းမှုသည် မနီလာသို့ ထိုင်းဆန်တင်ပို့မှု နှစ်ဆတိုးလာကာ ယခင်နှစ်က တန်ချိန် ၁၈၀,၀၀၀ မှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၃၀၀,၀၀၀ အထိ တင်ပို့နိုင်မည်ဟု မျှော်လင့်ရသည်။

ဖိလစ်ပိုင်မှ ဝယ်လိုအားအသစ်နှင့် အရှေ့အလယ်ပိုင်းမှ ပုံမှန် အမှာစာများ ရှိနေသည့်တိုင် ထိုင်းဆန်တင်ပို့သူများအသင်းမှ ၂၀၂၃ ခုနှစ်တွင် ဆန်စုစုပေါင်း တင်ပို့မှုသည် တန်ချိန် ၇ ဒသမ ၅ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်က တန်ချိန် ၇ ဒသမ ၆ သန်းနှင့် မတူကြောင်း သိရသည်။

“ ဒါက ရှေးရိုးဆန်တဲ့ ခန့်မှန်းချက်ပဲ” ဟု Chookiat က ဆိုသည်။ “တကယ်တော့ ကျွန်တော်တို့မှာ တစ်နှစ်ပတ်လုံး ဆန်စိုက်ပျိုးနိုင်တဲ့အတွက် ပို့ကုန် တန်ချိန် ၈ ဒသမ ၂ သန်း ဒါမှမဟုတ် ဒီထက် ပိုကျန်နေပါသေးတယ်။ အသင်းမှ အခြေအနေကို စောင့်ကြည့်နေပြီး ထုတ်လုပ်မှု တိုးလာပါက ဒါမှမဟုတ် ဝယ်လိုအားအသစ် တွေ့ရှိပါက ၂၀၂၃ ခုနှစ် ပို့ကုန်ခန့်မှန်းချက်ကို မြှင့်တင်မည် ဖြစ်ကြောင်း” ၎င်းက ဆက်လက်ပြောသည်။

Nikkei Asia ၏ APORNRATH PHOONPHONGPHIPHAT ရေးသားသည့် “Thai rice exports to Philippines set to double as Vietnam cuts back” ဆောင်းပါးကို ခေတ်မျက်လုံးက ဘာသာပြန်ထားပါသည်။

ဓာတ်ပုံမူပိုင်။ ရိုက်တာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 68 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 100 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 98 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 322 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

မြန်မာနိုင်ငံကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force နှင့် သုံးသပ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 383 Views
Grace ရေးသားသည်။ ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း လမ်းဘေးကို ကြည့်လိုက်တိုင်း အမြဲတမ်း စဉ်းစားမိတဲ့အချက်တခုရှိတယ်။ အဲ့ဒီလမ်းဘေးတလျှောက်မှာ လူတွေက တဲအိမ်လေးတွေနဲ့နေကြရတယ်။ အိမ်လို့သာပြောတာ