နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

အာရှ

အာရှ

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးပျံတစ်စင်း ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံ၏ EEZ (သီးသန့်စီးပွားရေးဇုန်) တွင် ကျဆင်းခဲ့ကြောင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

လက်ထောက်ကာကွယ်ရေးဝန်ကြီး အိနိုက “ ဒီနေ့ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ဂျပန်စံတော်ချိန် ညနေ ၅ နာရီ ၂၁ မိနစ်လောက်မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းကနေ အရှေ့ဘက်ကို လွှတ်တင်ခဲ့ပါတယ်။” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ပဲ့ထိန်းဒုံးကျည်သည် ဟိုကိုင်းဒိုးရှိ အိုရှီးမားကျွန်း၏ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် ဂျပန်စံတော်ချိန် ညနေ ၆ နာရီ ၂၇ မိနစ်ခန့်တွင် အဆိုပါ ဒုံးကျည်သည် ဂျပန်ပင်လယ်ထဲသို့ ကျရောက်ခဲ့ကြောင်း လက်ထောက်ကာကွယ်ရေးဝန်ကြီး အိနိုက ပြောကြားခဲ့သည်။

ဒုံးကျည်ပစ်လွှတ်မှုအား တုံ့ပြန်သည့်အနေဖြင့် ဝန်ကြီးချုပ် ကီရှီဒါက သတင်းအချက်အလက် စုဆောင်းခြင်းနှင့် အချက် အလက်များ ခွဲခြမ်းစိတ်ဖြာရန် ကြိုးပမ်းမှုအားလုံးကို ညွှန်ကြားခဲ့ပြီး ကြိုတင်မမြင်နိုင်သော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရန် ဖြစ်နိုင်သမျှ အစီအမံများ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။

တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်က အဆိုပါ ဒုံးကျည်သည် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ကြောင်း ကြေညာခဲ့သည်။မြောက်ကိုရီးယားက ယခုနှစ်အတွင်း ဒုတိယအကြိမ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

စစ်သွေးကြွသံသယရှိသူတွေရဲ့တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ လူ ၂၀ ကျော် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 30 Views
+++++++++++++++++++ အိန္ဒိယနိုင်ငံရဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွလို့ သံသယရှိသူတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ ခန့်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်နဲ့ အိန္ဒိယ နီးကပ်မှုမရှိရင် အမှောင်ဖုံးသွားနိုင်တယ်လို့ ဒုသမ္မတဂျေဒီဗန့်စ် သတိပေး

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
+++++++++++++++++++++++++ အမေရိကန်နိုင်ငံဟာ အိန္ဒိယနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ စွမ်းအင်နဲ့ ကာကွယ်ရေးပစ္စည်းတွေရောင်းချလိုကြောင်း ဒုတိယသမ္မတဂျေဒီဗန့်စ်က အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ အင်္ဂါနေ့ကတွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ကုန်သွယ်ရေးသဘောတူညီချက်အတွက် ထပ်ခါတလဲလဲ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုတစ်ခု ပြုလုပ်နိုင်မယ်လို့ ဒေါ်နယ်ထရန့် မျှော်လင့်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 33 Views
+++++++++++++++++++++++++ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြာသပတေးနေ့မှာ အတိအလင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် စူပါ ပါဝါ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ဖော် ပြောဆို ခဲ့ခြင်းမရှိပါဘူး။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က လူမှုကွန်ရက်စာမျက်နှာကနေ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအပေါ် ပုံစာနဲ့ပြသ

  • 2025 ခုနှစ်၊ ဧပြီလ 15 ရက်
  • 46 Views
ဧပြီလ (၁၅) ရက်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ်-အမေရိကန် အပြန်စည်းကြပ်မှုတွေအပေါ် ဧပြီလ ၁၀ ရက်နေ့က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ X ကနေ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအပေါ်
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ အာရှ

ထရန့်၏ အခွန်စည်းကြပ်မှုကို ရင်ဆိုင်ရန် “ ရှီ” သည် ‘တစ်ဖက်သတ်အနိုင်ကျင့်မှုကို တွန်းလှန်ရန်’ ဗီယက်နမ်ကို တရုတ်က တိုက်တွန်းလိုက်သည်။

  • 2025 ခုနှစ်၊ ဧပြီလ 15 ရက်
  • 43 Views
ဧပြီလ (၁၅) ရက်။ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံအား အမေရိကန်နှင့်ဆန့်ကျင်ဘက် တည်ငြိမ်သော မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်ရန် ကြိုးပမ်းမှုဖြင့် ဒေသတွင်း အဓိကစီးပွားရေးမိတ်ဖက်နိုင်ငံများကို သံတမန်ခရီးစဉ်ကို စတင်လိုက်သည်။ ၎င်း၏ ဗီယက်နမ်ခရီးစဉ်တွင် တစ်ဖက်သတ်အနိုင်ကျင့်မှုကို တွန်းလှန်ရန်နှင့် လွတ်လပ်ပွင့်လင်းသော ကုန်သွယ်မှုကို
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ပို့ဆောင်ဖို့ C-130 ဂျပန်စစ်လေယာဉ်တစီး မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 59 Views
ဧပြီလ (၉) ရက်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ဖို့ မန္တလေးတိုင်းမှာ ရောက်ရှိနေတဲ့ ဂျပန်ဆေးဘက်ဆိုင်ရာအဖွဲ့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ရောဂါရှာဖွေရေးစက်ပစ္စည်းတွေ အပါအဝင် ဆေးဝါးနဲ့ အခြားစက်ပစ္စည်းကိရိယာတွေကို ဂျပန်နိုင်ငံက C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ ဧပြီလ
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီယားသမတယွန်းဆပ်ယိုကို ဗဟိုတရားရုံးချုပ် တရားသူကြီးအားလုံး၏ ဆုံးဖြတ်ချက်ဖြင့် သမတရာထူးမှ ဖယ်ရှားလိုက်သည်။

  • 2025 ခုနှစ်၊ ဧပြီလ 4 ရက်
  • 52 Views
ဧပြီလ (၄) ရက်။ ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခြင်းကြောင့် နိုင်ငံကို နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်စေခဲ့ပြီး လအတန်ကြာ မသေချာမရေရာမှုများနှင့် တရားဥပဒေဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားနေခြင်းကို တောင်ကိုရီးယား၏ အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ချက်ချကာ ယွန်အား ရာထူးမှ ဖယ်ရှားပစ်ခဲ့သည်။
မြန်မာသတင်း အာရှ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးဝန်းအတွင်း၌ ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ့က ယာယီဆေးရုံ တည်ဆောက်ပြီး ဆေးကုမှု ​ဆောင်ရွက်​ပေး​နေ

  • 2025 ခုနှစ်၊ ဧပြီလ 4 ရက်
  • 47 Views
ဧပြီလ (၄) ရက်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးဝန်းအတွင်း၌ ဂျပန်နိုင်ငံဘေးအန္တရာယ်ကယ်ဆယ်ရေးအသင်း – Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံ ဆေးပညာရှင်အဖွဲ့က ယာယီဆေးရုံတည်ဆောက်ပြီး ဒီ​နေ့ဧပြီ ၄ ရက်နေ့ကစပြီး ဆေးကုသမှုတွေ ​ဆောင်ရွက်​ပေး​နေ​တယ်လို့