နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

လက်တင်အမေရိက

လက်တင်အမေရိက အာရှ ဥရောပ

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်သမ္မတကို “ အာဏာရှင်” ဟု ခေါ်ဆို၍ တရုတ် အပြင်းအထန်ကန့်ကွက်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အာနာလီနာ ဘဲလ်ဘော့ခ်က တရုတ်သမ္မတရှီကျင့်ဖျင်ကို “ အာဏာရှင်” ဟု ခေါ်ဝေါ်ခဲ့သည့် မှတ်ချက်စကားကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။


ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သို့ အလည်အပတ်ရောက်ရှိစဉ် Fox News နှင့် အင်တာဗျူးတွင် ဘဲလ်ဘော့ခ်က ရုရှား၏ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ “ ပူတင် (ရုရှားသမ္မတ) ဒီစစ်ပွဲမှာ အနိုင်ရရင် ရှီကျင့်ဖျင်လိုမျိုး တခြားအာဏာရှင်တွေအတွက် ဘယ်လို အချက်ပြတာမျိုး ဖြစ်လာမလဲ” ဟု မေးခဲ့သည်။


ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက CNN သို့ ပြောကြားရာတွင် တရုတ်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်အား ကန့်ကွက်ရန် ဆင့်ခေါ်ခဲ့ကြောင်း စက်တင်ဘာလ (၁၈) ရက်နေ့က ပြောကြားခဲ့သည်။


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ၎င်း၏ မှတ်ချက်ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။


စက်တင်ဘာလ (၁၈) ရက်နေ့က ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက အဆိုပါ မှတ်ချက်နှင့် ပတ်သက်၍ ” ဒါဟာ အင်မတန်မှ ယုတ္တိမတန်တဲ့ ပြောဆိုချက်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ချိုးဖောက်တဲ့ ပြောင်ပြောင်တင်းတင်း နိုင်ငံရေးစိန်ခေါ်မှုပဲ” ဟု ပြောကြားခဲ့သည်။ ဤမေးခွန်းနှင့် အဖြေသည် ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းစာရှင်းလင်းပွဲ၏ တရားဝင်မှတ်တမ်းတွင် မပါဝင်ပါ။


ယခုနှစ် ဇွန်လတွင် အမေရိကန်သမ္မတဘိုင်ဒင်က မစ္စတာရှီအား “ အာဏာရှင်” ဟုခေါ်ဆိုခဲ့ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ ခေါ်ဆိုမှုသည် “ ဖြစ်ရပ်မှန်များနှင့်ဆန့်ကျင်ဘက်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။


ဘဲလ်ဘော့ခ်သည် ဂျာမနီ၏ညွန့်ပေါင်းအစိုးရ၏ တစိတ်တပိုင်းဖြစ်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပါတီ Green Party ၏ ခေါင်းဆောင်ဟောင်းဖြစ်ပြီး ထိုင်ဝမ်နှင့် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် မူဝါဒများအပေါ် ခိုင်မာသော ရပ်တည်ချက်ကို ဖော်ပြခဲ့သည်။


ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဘဲလ်ဘော့ခ်/Olivier Douliery/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 103 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 155 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 201 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 187 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 951 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 212 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 725 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်