နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

နိုင်ငံတကာစီးပွားရေး

နိုင်ငံတကာစီးပွားရေး အာရှ

တရုတ်လုပ် လျှပ်စစ်ကားကုမ္ပဏီ BYD သည် ဇိမ်ခံကားဈေးကွက်သို့ ဝင်တော့မည်

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ BYD သည် အမေရိကန်ပြိုင်ဘက် တယ်ဆလာ (Tesla) ကို ကျော်ဖြတ်ကာ ၂၀၂၃ ခုနှစ်အတွက် ယူနစ်ရောင်းချမှု ပစ်မှတ်ကို သတ်မှတ်ပြီး နိုင်ငံရပ်ခြားတွင် လုပ်ငန်းများ တိုးချဲ့လျက်ရှိသည်။

ဂျပန်နှင့် အရှေ့တောင်အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၄၀ ကျော်တွင် လုပ်ငန်းလည်ပတ်နေသော BYD သည် ယခုနှစ်တွင် လျှပ်စစ်ကား (EV) အစီးရေ နှစ်သန်းနီးပါး ရောင်းချရန် စီစဉ်ထားသည်။ “ အနှစ် ၂၀ ကျော် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွေကြောင့် ကျွန်တော်တို့ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာမှာပါ။ တကမ္ဘာလုံးဆိုင်ရာ ဇိမ်ခံကား ထုတ်လုပ်ရေး လုပ်ငန်းတခုလုံးရဲ့ စက်မှုလုပ်ငန်းဖွဲ့စည်းပုံကို ကျွန်ုပ်တို့က ပြောင်းလဲပစ်မှာဖြစ်တယ်” ဟု BYD တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဝမ်ချွမ်ဖူ (Wang Chuanfu) က ဇန်နဝါရီ ၅ ရက်နေ့တွင် ၎င်း၏ ဇိမ်ခံကားအမှတ်တံဆိပ် ရန်ဝမ် (Yangwang) အွန်လိုင်း မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။ ။

BYD သည် လျှပ်စစ် ဇိမ်ခံကားထုတ်လုပ်မှု ကို ၂၀၀၃ ခုနှစ်တွင် ကားလောကသို့ စတင်ဝင်ရောက်ခဲ့သည့် အချိန်ကတည်းက ရည်မှန်းချက်တစ်ခု ဖြစ်ရှိခဲ့သည် ။ BYD သည် (ရန်ဝမ်) Yangwang U8 အမျိုးအစား လမ်းကြမ်းပေါ်တွင် မောင်းနှင်နိုင်သော off-road SUV နှင့် U9 စူပါကားများကို ၂၀၂၃ ခုနှစ်တွင် ယွမ် ၈ သိန်း (အမေရိကန်ဒေါ်လာ တသိန်းတသောင်း ခြောက်ထောင့် ရှစ်ရာ ခုနှစ်ဆယ့်ရှစ် ၁၁၆,၈၇၈ ဒေါ်လာ) မှ ၁.၅ သန်းယွမ်အကြား မျှော်မှန်းဈေးနှုန်းဖြင့် ဖြန့်ချိရောင်းချရန် စီစဉ်ထားသည်။ Yangwang မော်ဒယ်များသည် ဘီးလေးဘီးစီကို သီးခြားစီ ထိန်းချုပ်ထားသောကြောင့် တာယာတစ်လုံး ပြားသွားသည့်တိုင် ယာဉ်များကို ဘေးကင်းစွာ ရပ်တန့်နိုင်စေပါသည်။ U8 တွင် ရေထဲတွင် ရွေ့လျားနိုင်မှု ကဲ့သို့သော အရေးပေါ် လုပ်ဆောင်ချက်များ ပါရှိပါသည်။

BYD သည် တရုတ်ဈေးကွက်တွင် ၎င်း၏ မရေရာသော အနေအထားကြောင့် ဇိမ်ခံကား EV ကဏ္ဍသို့ ဝင်ရောက်မည် ဖြစ်သည်။ ကုမ္ပဏီသည်ကားအမျိုးအစား Song၊ Qin၊ Dolphin နှင့် Han တို့ ကဲ့သောကားများကို ဈေးနှုန်း ၁၀၀,၀၀၀ မှ ၃၀၀,၀၀ ယွမ်အထိ ဈေးနှုန်းချိုသာသော မော်ဒယ်များနှင့် အလတ်စား မော်ဒယ်များ အရောင်းအားကောင်းခဲ့သည်။ သို့သော် ဤဈေးနှုန်းအကွာအဝေးတွင်ရှိသော ပြိုင်ဆိုင်မှုသည် ပြင်းထန်လာသည်။

Tesla သည် ဇန်နဝါရီလတွင် ဈေးအလွန်အကျွံ လျော့ချ ဖြတ်တောက်ခဲ့ပြီး ၎င်း၏ အဓိကမော်ဒယ် Model 3 ကို ယွမ် ၂၆၅,၉၀၀ မှ ၂၂၉,၀၀၀ ယွမ်အထိ လျော့ချခဲ့သည်။ ယခုအခါ ၎င်းသည် အလယ်အလတ်ဈေးနှုန်းဈေးကွက်တွင် BYD နှင့် ထိပ်တိုက်ယှဉ်ပြိုင်နေသည်။ Volkswagen နှင့် Honda Motor ကဲ့သို့သော အခြားကုမ္ပဏီများသည် BYD ၏ လွှမ်းမိုးမှုကို စိန်ခေါ်ကာ တရုတ်နိုင်ငံရှိ ၎င်းတို့၏ EV လုပ်ငန်းများကို တွန်းအားပေးလျက်ရှိသည်။

BYD သည် ဈေးနှုန်းမြင့်သော အပိုင်းသို့ ဝင်ရောက် လမ်းခင်းရန်အတွက် Yangwang မော်ဒယ်များကို ဖြန့်ချိမည်ဖြစ်သည်။ “ ဤအစီအစဉ်လုပ်ဆောင်မှုကြောင့် အစုလိုက်အပြုံလိုက် ဈေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်လာချိန်တွင် ကုမ္ပဏီသည် မကြာမီအချိန်အတွင်း အထက်ကုန်းပြင်မြင့်တစ်ခုသို့တက်လှမ်း ရောက်ရှိ သွားနိုင်ပြီး BYD သည် တန်ဖိုးမြင့်မားသည့်အပိုင်းသို့ လမ်းကြောင်းကို ချဲ့ထွင်စေသည်” ဟု Morgan Stanley က ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

BYD ၏ လက်ရှိ EV အမျိုးအစား အများစုမှာ ဈေးနှုန်းသက်သာသော အလတ်စား မော်ဒယ်များ ပါဝင်သောကြောင့် အမြတ်ငွေ နည်းပါးသည်။ BYD ၏ မော်တော်ယာဉ်လုပ်ငန်းတွင် အရောင်းနှင့် လည်ပတ် အမြတ်ငွေ အချိုးသည် မကြာသေးမီနှစ်များအတွင်း Tesla ၏ ၂၅% နှင့် နှိုင်းယှဉ်ပါက ၅% အောက်သာ ရှိခဲ့သည်။

Source: Nikkei Asia

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 34 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 104 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 178 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 173 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 175 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 190 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 208 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်