နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်

အာရှ

အာရှ

အိန္ဒိယ မဏိပူရပြည်နယ်မှာ အမျိုးသားအုပ်စုကြီးက ကူကီးအမျိုးသမီးနှစ်ဦးကို အဝတ်အစားမပါဘဲ လမ်းလျှောက်ခိုင်းပြီး မုဒိန်းကျင့်သတ်ဖြတ်သည့် ဗီဒီယိုဖိုင်ထွက်ပေါ်။

ဤအစီရင်ခံစာတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အကြမ်းဖက်မှု အသေးစိတ် ပါဝင်သည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင် အဝတ်ဗလာဖြင့် လမ်းလျှောက်ခိုင်းခံရသည့် အမျိုးသမီးနှစ်ဦးကို လူအုပ်ကြီးက အဓမ္မပြုကျင့်ခဲ့သည့် ဗီဒီယိုသည် ဆိုရှယ်မီဒီယာပေါ်တွင် ထွက်ပေါ်လာပြီးနောက် နိုင်ငံ၏ခေါင်းဆောင် နာရင်ဒရာမိုဒီမှ လပေါင်းများစွာကြာအောင် ရုန်းရင်းဆန်ခတ်ဖြစ်နေမှုကို ဖြိုခွင်းရန် ညွှန်ကြားခဲ့သည်။

ဌာနေလူမျိုးစုခေါင်းဆောင်များဖိုရမ် (ITLF) ၏အဆိုအရ မေလ ၄ ရက်မှ ဖြစ်ပွားခဲ့သော ဤအဖြစ်အပျက်သည် ယခုသီတင်းပတ်အတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာပြီးနောက် ရဲများက ဖမ်းဆီးနိုင်ခဲ့သည်။ မဏိပူရရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်အား ဗုဒ္ဓဟူးနေ့တွင် “ပြန်ပေးဆွဲမှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှု” အဖြစ် တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ လူလေးဦးကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့က စီးနင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကြာသပတေးနေ့တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟု ယူဆရသော အမျိုးသား ၃ ဒါဇင်ကျော်ကို အာဏာပိုင်များက စစ်ဆေးမေးမြန်းနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ CNN မှ မြင်တွေ့ခဲ့ရသည့် ဗီဒီယိုတွင် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေတခုတွင် အဝတ်မပါသော အမျိုးသမီးနှစ်ဦးကို အမျိုးသားများကြားမှ အတင်းအဓမ္မ လမ်းလျှောက်ခိုင်းနေသည်ကို ပြသထားသည်။

ဓားရှည်များ သို့မဟုတ် တုတ်များကို လက်နက်အဖြစ် လူအုပ်ကြီးဖြင့် ဝိုင်းရံထားစဉ်တွင် ဓားစာခံများသည် လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရပုံရသည်။ အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေကြားထဲက တုန်လှုပ်ကြောက်စရာ ကောင်းသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါသည်။

မိုဒီသည် ကြာသပတေးနေ့တွင် ပြည်နယ်၏အခြေအနေကို ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားရာတွင် “ကျွန်တော့်နှလုံးသားမှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်နေပါတယ်။

မဏိပူရက အဖြစ်အပျက်ဟာ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် ရှက်စရာပါ” “မဏိပူရရဲ့သမီးတွေနဲ့ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ပါဘူး” ဟု မိုဒီက ဆက်လက်ပြီး “ဥပဒေအရ အစွမ်းကုန် အရေးယူမှုကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း” ပြောကြားခဲ့သည်။မဏိပူရကိစ္စကို ဆွေးနွေးရန် ငြင်းဆိုမှုအပေါ် အတိုက်အခံ ပါလီမန်အမတ်များက ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အထက်လွှတ်တော်ကို ပြန်လည်ခေါ်ယူရန် ရွှေ့ဆိုင်းခဲ့သည်။

ITLF မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် “ယနေ့ အင်တာနက်တွင် ပျံ့နှံ့သွားခဲ့သော ဗီဒီယိုတစ်ခုတွင် ကူကီးလူမျိုးစု အမျိုးသမီးနှစ်ဦးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်ရန် ကောက်စိုက်ခင်း တစ်ခုဆီသို့ အဝတ်ဗလာဖြင့် မိတေး (Meitei) လူအုပ်ကြီးက ခေါ်ဆောင်သွားသည်ကို ပြသခဲ့သည်။”

Kangpokpi ခရိုင် B. Phainom ရွာတွင် စက်ဆုပ်ဖွယ်ကောင်းသောဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ခိုကိုးရာမဲ့ အမျိုးသမီးနှစ်ဦးကို အမျိုးသားများက အဆက်မပြတ် နှိပ်စက်ညှဉ်းပန်းကာ ခေါ်ဆောင်သွားစဉ် အမျိုးသမီးနှစ်ဦးက ငိုယိုကာ ဖမ်းဆီးသွားသူများကို တောင်းပန်ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

မကြာသေးမီလများအတွင်း မဏိပူရတွင် အကြမ်းဖက်မှုများနှင့် လုံးထွေးနေခဲ့သည်။ ပြည်နယ်မြို့တော် အင်ဖာတွင် မေလ ၃ ရက်က လူနည်းစု ကူကီးမျိုးနွယ်စုမှ ကျောင်းသား ထောင်ပေါင်းများစွာက အထူးမျိုးနွယ်စု အဆင့်အတန်း သတ်မှတ်ပေးရန် တောင်းဆိုမှုသည် လူများစု မိတေးတိုင်းရင်းသား အသိုက်အဝန်းကို ဆန့်ကျင်သည့် ချီတက်ပွဲဟု မစ်တီလူမျိုးစုများက သတ်မှတ်ကာ လူမျိုးစုနှစ်ခု ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြသည်။

မျိုးနွယ်စုအဆင့်အတန်းရရှိထားသည့် မစ်တီလူမျိုးစုသည် မြေယာများကို ဝယ်ယူနိုင်ပြီး အစိုးရအလုပ်များအတွက် အခွင့်အလမ်းများ ပိုမိုရရှိကြသည်။ ကူကီးမျိုးနွယ်စုများကိုမူ အထူးမျိုးနွယ်စု အဆင့်အတန်း သတ်မှတ်ပေးထားခြင်း မရှိချေ။ ထိုအချိန်မှစ၍ လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး သောင်းနှင့်ချီ၍ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

ယခုဖြစ်စဉ်မှာ မေလ ၄ ရက်က ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး၏ကျေးရွာ မီးလောင်ပြီး အမျိုးသားနှစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးခဲ့ကြောင်း ITLF မှ သိရသည်။ ၎င်းအမျိုးသားနှစ်ဦးမှာ ဖမ်းဆီးခံရသည့် အမျိုးသမီးတဦး၏ ဖခင်နှင့် မောင်ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ် အင်ဖာမြို့အနီးတွင် ဖြစ်ပွားခဲ့သော လူမျိုးရေး အကြမ်းဖက်မှုများကြောင့် လူများအား အိန္ဒိယစစ်တပ်မှ ယာယီခိုလှုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ပြည်နယ်တစ်ခုသည် လူမျိုးရေးမငြိမ်သက်မှုတွင် အဘယ်ကြောင့် ပေါက်ကွဲခဲ့သနည်း။

အိန္ဒိယ၏ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီသည် ပါလီမန်မဖွင့်မီတွင် မိုဒီ၏ပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် အပြင်းအထန် ဝေဖန်သူဖြစ်ပြီး ပါတီခေါင်းဆောင် Mallikarjun Kharge မှ ကြာသပတေးနေ့တွင် ပါလီမန်မဖွင့်မီတွင် “လူသားတွေဟာ မဏိပူရမှာ သေဆုံးသွားပါပြီ။

မိုဒီအစိုးရနှင့် BJPပါတီ တို့ဟာ နိုင်ငံတော်ရဲ့ နူးညံ့သိမ်မွေ့တဲ့ လူမှုရေးထည်ဝါမှုကို ဖျက်ဆီးလိုက်ပြီး ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို လူအုပ်ကြီးနဲ့ အုပ်စီးတဲ့အဖြစ်ကို ပြောင်းလဲခဲ့တယ်”ဟုပြစ်တင်ခဲ့သည်။မိုဒီက ၎င်း၏တွစ်တာတွင် “အိန္ဒိယက မင်းရဲ့တိတ်ဆိတ်မှုကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။ မင်းရဲ့အစိုးရမှာ အရှက်ကွဲစရာ တစ်ခုခု ဖြစ်လာခဲ့ရင် မင်းရဲ့ အရည်အချင်းမပြည့်မီမှုအတွက် တခြားသူတွေကို အပြစ်မတင်ဘဲ ဖြစ်ခဲ့တာတွေကို မဏိပူရလွှတ်တော်မှာ တင်မဟုတ်ဘူး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရကိုပါ တင်ပြပြောကြားသင့်တယ်။

မကြာခင်မှာပဲ ပြည်နယ် ဝန်ကြီးချုပ် N. Biren Singh က တရားခံများကို ဖမ်းလိုက်ကြောင်း တွစ်တာမှာ ရေးသားခဲ့ပါသည်။ “ဗီဒီယို ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပဲ Suo-moto ဥပဒေဖွင့်ဆိုချက်အရ အဖြစ်အပျက်ကို သိရှိပြီးနောက် မဏိပူရရဲတပ်ဖွဲ့က အရေးယူလိုက်ပြီး ဒီမနက် ပထမဆုံး ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ရေးသားခဲ့သည်။

Suo-moto cognizance ဆိုသည်မှာ အိန္ဒိယဥပဒေအရ တရားရုံးတွင် တိုင်ကြားခြင်းမရှိဘဲ အမှုတစ်ခုတွင် အရေးယူဆောင်ရွက်နိုင်သည့် လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည်

၎င်းက “လောလောဆယ်မှာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ကျူးလွန်သူအားလုံးကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်သွားနိုင်ရန် ထည့်သွင်းစဉ်းစားဖို့ အပါအဝင် ကျူးလွန်သူတွေကို တင်းတင်းကျပ်ကျပ် အရေးယူမှာ သေချာပါတယ်၊ ငါတို့ လူ့အဖွဲ့အစည်းမှာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် နေရာမရှိဘူး” မဏိပူရ ရဲတပ်ဖွဲ့သည် “ပြန်ပေးဆွဲမှုနှင့် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု” ဟူသော စွပ်စွဲချက်ဖြင့် လူ ၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် တွစ်တာနှင့် အခြားလူမှုမီဒီယာပလက်ဖောင်းများသို့ ထိုတုန်လှုပ်ဖွယ်ရာ ဗီဒီယိုကို မျှဝေခြင်းမပြုရန် ညွှန်ကြားထားသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက CNN သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါကိစ္စအား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သောကြောင့် လူမှုမီဒီယာ ပလက်ဖောင်းများသည် အိန္ဒိယဥပဒေများကို လိုက်နာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။အယ်ဒီတာ

မှတ်ချက်။အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် မစ်တီမျိုးနွယ်စု၊ ကူကီးမျိုးနွယ်စုနှင့် နာဂလူမျိုးများနေထိုင်ကြပြီး မိတေးမျိုးနွယ်စုမှာ အများစုဖြစ်ပြီး ဟိန္ဒူဘာသာကို ကိုးကွယ်ကြသည်။ ကူကီးမျိုးနွယ်စုမှာ ခရစ်ယန်ဘာသာကို ကိုးကွယ်ကြသည်။ အမျိုးသမီးတဦး၏ ဖခင်နှင့် မောင်လေးလည်း အသတ်ခံရကြောင်း သိရှိရပါသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

တရုတ်စစ်သင်္ဘောများ ထိုင်ဝမ်တစ်ဝိုက်တွင် လှည့်ပတ်နေပြီး စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 9 Views
ဒီဇင်ဘာလ (၁၀) ရက်၊ ထိုင်ပေ/ဟောင်ကောင်။ ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ရေတပ်နှင့် ကမ်းရိုးတန်းစောင့်ရေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြားနှင့် အနောက်ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်ရှိ ရေပြင်တွင် ပုံစံမျိုးစုံဖြင့် လှည့်ပတ်နေကြောင်း
နိုင်ငံတကာသတင်း အာရှ

စစ်အုပ်ချုပ်ရေး ကြေညာဖို့ သမ္မတကို အကြံပေးခဲ့တဲ့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ်ယွန်ဟွန်းကို ဖမ်းဆီး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 18 Views
သမ္မတယွန်ဆပ်ယိုးကို အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာရန် အကြံပေးခဲ့သည့် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွန်းကို အစိုးရရှေ့နေတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြသည်။
နိုင်ငံတကာသတင်း အာရှ

Breaking News!!

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 17 Views
တောင်ကိုရီးယားသမ္မတယွန်အား စွပ်စွဲပြစ်တင်ရန် တောင်းဆိုသည့် ဥပဒေကြမ်းတစ်ရပ် မအောင်မြင် ဒီဇင်ဘာလ (၇) ရက်။ တောင်ကိုရီးယားသမ္မတယွန်အား စွပ်စွဲပြစ်တင်ရန် တောင်းဆိုသည့် ဥပဒေကြမ်းတစ်ရပ်ကို ဒီနေ့မွန်းလွဲ (၇) ရက် နေ့လယ်တွင် တောင်ကိုရီးယား အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သော်လည်း အာဏာရပါတီ
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတယွန်က ပြည်သူများအား အလွန်စိတ်မကောင်းဖြစ်ကြောင်း တောင်းပန်စကားဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 15 Views
သမ္မတယွန်အား စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းကို ပယ်ချမည်ဟု မျှော်လင့်ရကြောင်း မီဒီယာများက ဆို ဒီဇင်ဘာလ (၇) ရက်။ ဒီနေ့ ဒီဇင်ဘာလ (၇) ရက်နေ့တွင် တောင်ကိုရီးယားသမ္မတယွန်ဆော့(က)ယို (Yun Seok-Yeol) က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ၎င်း၏ပထမဆုံးသော
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယား အတိုက်အခံပါတီ ခြောက်ဖွဲ့က သမ္မတယွန်ကို စွပ်စွဲပြစ်တင်တဲ့ ဥပဒေကြမ်းကို တင်သွင်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 26 Views
ဒီဇင်ဘာလ (၄) ရက်။ တောင်ကိုရီးယား၏ Yonhap News ၏ဖော်ပြချက်အရ၊ အတိုက်အခံပါတီကြီးဖြစ်သည့် ကိုရီးယားဒီမိုကရက်တစ်ပါတီအပါအဝင် အတိုက်အခံပါတီခြောက်ခုက သမ္မတယွန်အား အမျိုးသားလွှတ်တော်၌ မွန်းလွဲ (၂း၄၀) နာရီတွင် ပြစ်ချက်တင်ရန် ဥပဒေကြမ်းတင်သွင်းခဲ့သည်။ သမ္မတယွန်က ဒီဇင်ဘာလ ၃
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယား ၆ နာရီအတွင်း စစ်အုပ်ချုပ်ရေး ရုတ်သိမ်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 36 Views
++++++++++++++++++++++++++++++++++ သမ္မတယွန်၏ “ ကြိုတင်ပြင်ဆင်ထားသော ရှုံးနိမ့်ခြင်း” သည် အဘယ်ကြောင့်ဖြစ်ပေါ်ခဲ့သနည်း။ ဒီဇင်ဘာလ (၄) ရက်/ KOREA WAVE။ တောင်ကိုရီးယားသမ္မတယွန်သည် ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော်လည်း ခြောက်နာရီအတွင်း ရုတ်သိမ်းခဲ့သည်။
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတက “အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ” ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 28 Views
ဒီဇင်ဘာလ (၃) ရက် တောင်ကိုးရီးယားသမ္မတယွန်က ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ညမှာ နိုင်ငံကို မိန့်ခွန်းပြောပြီး အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ သမ္မတယွန်က အုပ်ချုပ်ရေး စတင်တာဝန်ယူချိန်က စတင်ပြီး အစိုးရအရာရှိတွေကို စွပ်စွဲထားတဲ့ ၂၂
နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင် ဒီမိုကရေစီခေါင်းဆောင် ၄၅ ဦးကို အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 30 Views
++++++++++++++++++ နိုဝင်ဘာလ (၂၀) ရက်။ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုဖြင့် ဟောင်ကောင်၏ ထင်ရှားကျော်ကြားသော ဒီမိုကရေစီလိုလားသူ ၄၅ ဦးကို ဟောင်ကောင်တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံက လွန်ခဲ့သည့်လေးနှစ်က အမျိုးသားလုံခြုံရေးနှင့်