နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာစီးပွားရေး

နိုင်ငံတကာစီးပွားရေး အာရှ

ဟောင်ကောင်တရားသူကြီးများ သတင်းစာဆရာ ဂျင်မီလိုင် (Jimmy Lai) အား ရုံးတင်စစ်ဆေးမှုကို ရွှေ့ဆိုင်းအချိန်ဆွဲ။

ဟောင်ကောင်တရားသူကြီးများက ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် ဖမ်းဆီးခံခဲ့ရသည့် ထင်ရှားသော တက်ကြွလှုပ်ရှားသူ ထုတ်ဝေသူကို ရုံးတင်စစ်ဆေးဖို့အတွက် ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းရန် သောကြာနေ့တွင် အဆိုပြုခဲ့ပါသည်။

ဒီမိုကရေစီ လိုလားသော Apple Daily သတင်းစာ (ယခု ယင်းသတင်းစာကို ပိတ်သိမ်းပြီးဖြစ်သည်) ကို တည်ထောင်သူ အသက် ၇၅ နှစ်အရွယ် ဂျင်မီလိုင်သည် ဥပဒေအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရမည် ဖြစ်သည်။

သီးခြားအမှုဖြင့် ထောင်ဒဏ်ငါးနှစ်နှင့် ကိုးလစီ ချမှတ်ထားပြီး ဖြစ်သည်။ ၎င်း၏ရုံးချိန်းကို မူလက ဒီဇင်ဘာလတွင် စတင်ရန် စီစဉ်ထားသော်လည်း တရားသူကြီးများက စက်တင် ဘာလအထိ ရွှေ့ဆိုင်းထားပြီး ဟောင်ကောင်အစိုးရသည် ဗြိတိန်ရှေ့နေတစ်ဦးကို ငှားရမ်းရန် ကြိုးပမ်းမှုကို ပိတ်ဆို့ရန် ဟောင်ကောင်အစိုးရထံ အယူခံဝင်ခဲ့သည်။

လုံခြုံရေးဥပဒေဖြင့် အဖမ်းခံရခြင်းသည် မြို့တော်၏ ဒီမိုကရေစီ လိုလားသော အင်အားစုအား ဘေဂျင်း၏ မကြုံစဖူး ဖြိုခွဲမှု၏ တစိတ်တပိုင်း ဖြစ်သည်။ ထင်ရှားသော ဒီမိုကရေစီ လိုလားသူ ခေါင်းဆောင် အများအပြား အပါအဝင် လူပေါင်း ၂၆၀ ကျော်ကို ယင်းဥပဒေနှင့် ဖမ်းဆီးထားသည်။

သောကြာနေ့ ကြားနာမှုတွင် တရားသူကြီး အက်စတာတို (Esther Toh) က ရှေ့နေများနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များထဲမှ တစ်ဦးသည် အခြားအမှုကို ကိုင်တွယ်နေသောကြောင့် ဒီဇင်ဘာ ၁၈ ရက်သည် ရုံးချိန်း စတင်ရန် ပိုကောင်းမည်ဟု အကြံပြုခဲ့သည်။

ဤကဲ့သို့ အချိန်ဇယား ပြန်ဆွဲခြင်းက “သူတို့ရဲ့ အလုပ်များကို အရင်ပြီးအောင် လုပ်စေပါတယ်” ဟု သူမက ပြောခဲ့သည်။

တရားစွဲဆိုမှုတွင် ကန့်ကွက်သူ မရှိပေ။ လိုင် ၏ ရှေ့နေ စတီဖင်ကွမ်း (Steven Kwan) က သူ့အဖွဲ့၏ အဓိက အဖွဲ့ဝင်တစ်ဦးနှင့် အဆိုပြုထားသော အချိန်ဇယားကို ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လိုင်သည် ဟောင်ကောင် သို့မဟုတ် တရုတ်အပေါ် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ တောင်းဆိုရန် သို့မဟုတ် ရန်လိုသည့် လှုပ်ရှားမှုများတွင် ပါဝင်ရန် အခြားသူများနှင့် ပူးပေါင်းကြံစည်သည်ဟု စွပ်စွဲခံထားရသည်။

နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေရန် နိုင်ငံခြားတပ်ဖွဲ့များနှင့် ပူးပေါင်းကြံစည်မှု စွဲချက်နှင့် အတိုက်အခံများကို ချေမှုန်းရန်အတွက်လည်း ကိုလိုနီခေတ် ဥပဒေအောက်တွင် သီးခြားခွဲထွက်ရေး စွဲချက်များနှင့်လည်း ရင်ဆိုင်နေရသည်။

ဟောင်ကောင်တွင် ပုံမှန်အကျိုးဆောင် ရှေ့နေအလုပ်ကို မလုပ်သော နိုင်ငံခြားသားရှေ့နေများသည် နိုင်ငံတော် လုံခြုံရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်မှု ရှိမရှိကို ဘေဂျင်းက တိုက်ရိုက် ဆုံးဖြတ်ထားခြင်းမရှိပါ။

ဆုံးဖြတ်ပိုင်ခွင့်အာဏာသည် မြို့တော်၏ ခေါင်းဆောင်နှင့် အမျိုးသားလုံခြုံရေး အကာအကွယ်ပေးရေး ကော်မတီတို့ ဖြစ်သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ကော်မတီက လိုင်၏ ရွေးချယ်မှု ဖြစ်သော တင်မိုသီအိုဝင် (Timothy Owen) အား သူ့အား ကိုယ်စားပြုရန် ခွင့်ပြုခြင်းသည် အမျိုးသားလုံခြုံရေး အန္တရာယ် ဖြစ်စေနိုင်ဖွယ်ရှိပြီး လိုင်ကို ကိုယ်စားပြုသည့် အိုဝင်၏ အလုပ်ဗီဇာ လျှောက်ထားမှုကို ငြင်းပယ်ရန် လူဝင်မှုကြီးကြပ်ရေး ဒါရိုက်တာအား အကြံပေးခဲ့သည်။

Source: အေပီ

ဘာသာပြန်သူ မှတ်ချက်။


ဟောင်ကောင်ကို ဗြိတိသျှအစိုးရမှ နိုင်ငံ (၁) ခု စနစ် (၂) ခုဖြင့် အုပ်ချုပ်မည့် တရုတ်အစိုးရ၏ ကတိအတိုင်း တရုတ်အစိုးရ လက်ထဲသို့ လွှဲပြောင်းပေးခဲ့ပြီးနောက်တွင် ဟောင်ကောင်ပြည်သူများ၏ လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခွင့်ကို တရုတ်မှ ရုတ်သိမ်းခဲ့ပြီး ပေးထားသည့် ကတိကို ဖောက်ဖျက်ခဲ့သည်။

တရုတ်ပြည်မကြီးမှ ကြိုက်နှစ်သက်သူများကိုသာ ဟောင်ကောင်အစိုးရတွင် ပါဝင်ခွင့် ပေးခဲ့ပြီး တက်ကြွလှုပ်ရှားသူများကို ဥပဒေမဲ့ ဖမ်းဆီးအရေးယူခဲ့သည်။

လူမျိုးခြား ဗြိတိသျှများအုပ်ချုပ်ခဲ့စဉ်က လွတ်လပ်မှု၊ တရားမျှတစွာ ခုခံကာကွယ်ခွင့်၊ လွတ်လပ်စွာ ခရီးသွားလာခွင့်ရရှိခဲ့ကြသည့် ဟောင်ကောင်ပြည်ဖွားများသည် လူမျိုးတူ ပြည်မ တရုတ်ပြည်ကြီးမှ လာရောက်အုပ်ချုပ်သည့်အခါတွင်မူ ရရှိထားသည့် လွတ်လပ်ခွင့်များ ဆုံးရှုံးသွားခဲ့ရသည်။

မြန်မာပြည်ကြီးသည်လည်း ဗြိတိသျှ လက်အောက်တွင် အေးချမ်းသာယာစွာ တိုးတက်နေခဲ့သော်လည်း လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းစစ်မီးနှင့် ရင်ဆိုင်ခဲ့ကြရပြီး ကိုယ့်လူမျိုး အချင်းချင်းက စစ်ကျွန်များအဖြစ် ပြုကျင့်ခံရကာ အနိုင်ကျင့်မှုများကို ယနေ့တိုင် ခံစားနေကြရပေသည်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 113 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 118 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 115 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 123 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 163 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 162 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 359 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်