နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

အာရှ

အာရှ

ဂျပန်ဧကရာဇ်ရဲ့ (၆၃) နှစ်မြောက် မွေးနေ့ပွဲ ထီးနန်းတက်ပြီး ပထမဆုံးအကြိမ် အများပြည်သူများရှေ့မှောက်မှာ ဂုဏ်ပြုခံပွဲကျင်းပ

ဂျပန်ဧကရာဇ်ရဲ့ (၆၃) နှစ်မြောက် မွေးနေ့ပွဲကို ဒီနေ့ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ တော်ဝင်နန်းတော်တွင် ကျင်းပခဲ့ပါတယ်။ အရင်နှစ်များက ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် မွေးနေ့ပွဲကို ဖျက်သိမ်းလိုက်ရတဲ့အတွက် ဧကရာဇ်၏ မွေးနေ့ပွဲကို ထီးနန်းတက်ပြီးကတည်းက ပထမဆုံးအကြိမ် အများပြည်သူများရှေ့မှောက်မှာ ဂုဏ်ပြုခံပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နံနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ရာ လာရောက် ဂုဏ်ပြုသူ ၃,၀၀၀ မှ စုစုပေါင်း ၃၉၆၃ ဦး တက်ရောက်ခဲ့ပြီး ကိုရိုနာကူးစက်မှုကာကွယ်ရန် ပဏာမ မဲဖြင့် ရွေးချယ်ခံရသူများသာ ဂုဏ်ပြုခွင့် ရရှိခဲ့ပါတယ်။ ဧကရာဇ်နဲ့အတူ ဧကရီ မာဆာကို၊ သမီးတော် မင်းသမီး အိုင်ကို၊ အိမ်ရှေ့စံမင်းသားအာကီရှိနို၊ ကြင်ယာတော်နဲ့ ဒုတိယသမီးတော် မင်းသမီး ကာကိုတို့က နန်းတော်ဝရန် တာတွင် ရပ်ကာ “ ကျွန်ုပ်ရဲ့မွေးနေ့မာ ပထမဆုံးအကြိမ် ဂုဏ်ပြုမှုကို လက်ခံရရှိတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ “ နှင်းထူထပ်မှုနဲ့ အခြားဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသူများအား စာနာမိကြောင်း “ လူတိုင်း လူတိုင်း အေးချမ်းသာယာတဲ့ နွေဦးရာသီကို ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း” ဧကရာဇ်က ပြောကြားခဲ့ပါတယ်။

Photo: (Mainichi/Yuki Kurose)

ဧကရာဇ် အာကီဟိတိုနဲ့ အသက်အရွယ်တူတဲ့ အာအိချိစီရင်စု တိုယိုတာမြို့က လာရောက်ဂုဏ်ပြုခဲ့တဲ့ ကုမ္ပဏီဝန်ထမ်း အသက် ၆၃ နှစ်အရွယ် ရှိုတာရိုမိဇူနိုက “ ဘေးဒဏ်သင့်တဲ့သူတွေအပေါ် ထိမိတဲ့ ဧကရာဇ်ရဲ့စကားက ဧကရာဇ်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကိုယ်တွေ့ခံစားနိုင်တယ်။ အနာဂတ်အတွက် စိတ်ပူစရာတွေ အရမ်းများပေမယ့် ဒီနေ့တော့ ကျွန်တော့်ရဲ့ နှလုံးသားကို နွေးထွေးစေခဲ့တယ်” လို့ ပြုံးပြီး ပြောပြခဲ့ပါတယ်။

နန်းတော်တွင် ဧကရာဇ်က အစိုးရအာဏာပိုင်သုံးရပ်မှ အကြီးအကဲများနဲ့ သံအမတ်ကြီးများထံမှ ဂုဏ်ပြုလွှာများကို လက်ခံရယူတဲ့ “ ဂုဏ်ပြုပွဲ” ကို ကျင်းပခဲ့ပါတယ်။ ကိုရိုနာကပ်ဘေးကြောင့် သုံးနှစ်ဆက်တိုက် လူကိုယ်တိုင်တက်ရောက်ပြီး ပါဝင်စားသောက်ကြတဲ့ “ဧည့်ခံပွဲ” နဲ့ “လက်ဖက်ရည်ပွဲအခမ်းအနား” တို့ကိုတော့ ဖျက်သိမ်းထားပါတယ်။

(၂၃ ရက်နေ့ နံနက်တွင် ဧကရာဇ်နန်းတော်၌) ဧကရာဇ်၊ ဧကရီနဲ့အတူ သမီးတော် မင်းသမီး အိုင်ကိုတို့က ဧကရာဇ်ရဲ့ မွေးနေ့ကို ဂုဏ်ပြုရန် အထွေထွေ လာရောက်ဂုဏ်ပြုမှုတွင် စုဝေးရောက်ရှိနေသူ ပြည်သူပြည်သားများကို လက်ပြသနေစဉ်။

Source: Manichi

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 81 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 304 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 415 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 386 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “