နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အာရှ

အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ အမည်ကို အသရေဖျက်မှုဖြင့် ရာဟူးလ်ဂန္ဒီအား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့

ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်သည် ရက်ပေါင်း ၃၀ မျှ လွတ်လွတ်လပ်လပ် နေခွင့်ရှိပြီး အယူခံဝင်မည် ဖြစ်သည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ (Narendra Modi) ၏ မျိုးရိုးအမည်ကို အသုံးပြု၍ ၂၀၁၉ ခုနှစ်တွင် ပြောကြားခဲ့သော မှတ်ချက်ကြောင့် အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီအား အသရေဖျက်မှုဖြင့် ကြာသပတေးနေ့တွင် စီရင်ချက်ချခဲ့ပြီး အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တရားရုံးက ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည်။

ဂန္ဒီသည် စီရင်ချက်ကို အယူခံဝင်စဉ်တွင် ပြစ်ဒဏ်ကို ရက်ပေါင်း ၃၀ ဆိုင်းငံ့ထားခဲ့သည်။ မဟတ္တမဂန္ဒီ၏ အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌအား နိုင်ငံရေးအရ ရည်ရွယ်ချက်ဖြင့် အပြစ်ပေးမှု ဖြစ်နိုင်သည်ဟု ထောက်ခံသူများက သူ့အား ကာကွယ်ရန် အလျင်စလို လာခဲ့ကြသည်။

အဆိုပါကိစ္စသည် ၎င်း၏ ဇာတိဂူဂျာရတ်ပြည်နယ်ရှိ ဝန်ကြီးချုပ် မိုဒီ၏ဘာရတီရာ ဂျန်နတာ (Bharatiya Janata) ပါတီ ခေါင်းဆောင် ပါနက်ရှမိုဒီ (Purnesh Modi) ထံ တိုင်ကြားမှုမှ စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ လူထု စည်းဝေးပွဲတစ်ခုအတွင်း မီဒီယာအကောင့်များ၏ဖော်ပြချက်အရ ရာဟူးလ်ဂန္ဒီက “ သူခိုးတိုင်းရဲ့ ဘုံမျိုးရိုးအမည်ဟာ ဘာကြောင့် မိုဒီဆိုတဲ့အမည်နဲ့ ရှိနေခဲ့တာလဲ” ဟု မေးခဲ့ပါသည်။

စကားစပ်ရာတွင် သူသည် ထွက်ပြေးနေသော စိန်သူဌေးကြီး နီရာမိုဒီ (Nirav Modi) အပါအဝင် သီးခြားလူများကို ရည် ညွှန်းနေပုံရသော်လည်း တိုင်ကြားသူသည် မိုဒီ အားလုံးကို အသရေ ဖျက်ခဲ့သည်ဟု စောဒက တက်ခဲ့သည်။ စီရင်ချက်ချပြီးနောက်တွင် ဂူဂျာရတ်ပြည်နယ် ဆူရတ်ရှိ တရားရုံးတွင် ရှိနေသည့် ဂန္ဒီသည် လျှို့ဝှက်သော တွစ်တာတစ်ခုတွင် မဟတ္တမဂန္ဒီကို ကိုးကားပြီး “ကျွန်ုပ်၏ ဘာသာတရားသည် အမှန်တရားနှင့် အကြမ်းမဖက်မှုအပေါ် အခြေခံသည်” ဟု ရေးသားခဲ့သည်။ “ အမှန်တရားသည် ကျွန်ုပ်၏ ဘုရားသခင်၊ ဖြစ်ပြီး အကြမ်းမဖက်ခြင်းဟူသည် ထိုအမှန်တရားကို ရယူရန်ဖြစ်သည်” ဟု ရေးသားခဲ့သည်။

သူ့အား ထောက်ခံသူများက သူနှင့်အတူ စည်းလုံးကြောင်း ထုတ်ဖော်ခဲ့ကြသည်။ ကွန်ဂရက်ပါတီဥက္ကဋ္ဌ Mallikarjun Kharge က “လူယုတ်မာ၊ အာဏာရှင် BJP အစိုးရဟာ မစ္စတာရာဟူးလ်ဂန္ဒီနဲ့ အတိုက်အခံတွေက သူတို့ရဲ့ မှောင်မိုက်တဲ့မကောင်းမှု လုပ်ရပ်တွေကို ဖော်ထုတ်နေတာကြောင့် တုန်လှုပ်သွားပါတယ်” ဟု အာဒါနီ စီးပွားရေးအုပ်စု၏ ပြဿနာ တက်နေမှုကို ရည်ညွှန်းပြီး တွစ်တာမှာ ရေးသားခဲ့သည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် အာဒါနီ၏ ရှယ်ယာများ ကျဆင်းသွားသဖြင့် အမေရိကန် စတော့ရှယ်ယာများကို ရောင်းဝယ်ပေးသည့် Hindenburg က အာဒါနီအုပ်စုသည် စတော့ဈေးကစားခြင်းနှင့် ငွေစာရင်းလိမ်လည်ခြင်း ရှိနေကြောင်း ဖော်ပြခဲ့ပြီးနောက် ကွန်ဂရက်ပါတီနှင့် အခြားသောအတိုက်အခံသမားများက အစိုးရအား တိုက်ခိုက်ခဲ့ပြီး၊ အထူးသဖြင့် မိုဒီသည် အာဒါနီအဖွဲ့နှင့် ၎င်း၏ အဆင်ပြေသော ဆက်ဆံရေးရှိသည် စွပ်စွဲခဲ့သည်။ အတိုက်အခံ လွှတ်တော်အမတ်များက ပါလီမန်နှစ်ရပ်လုံး၏ လုပ်ငန်းစဉ်များကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့သဖြင့် ဘီလျံနာခေါင်းဆောင် အာဒါနီကို တရားဝင် စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။

“မိုဒီအစိုးရဟာ နိုင်ငံရေးအရ ချွတ်ခြုံကျပြီး နိုင်ငံရေး မိန့်ခွန်းတွေကို အပြစ်တင် တိုက်ခိုက်နေတယ်” ဟု Kharge က ပြောကြားခဲ့ပြီး ထိုအမှု၏ အဖြစ်အပျက်သည် လွန်ခဲ့သော နှစ်များအတွင်းက ပြောခဲ့သောစကားများသာ ဖြစ်သည်။ အထက်တရားရုံးတွင် အယူခံဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အခြားတစ်ဖက်တွင် ထင်ရှားသော BJP အဖွဲ့ဝင်များက အဆိုပါ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ကြသည်။

“ ဒီလိုမျိုးမျိုးရိုးတစ်ခုလုံးကို စော်ကားရင် မိုဒီ မျိုးရိုး အမည်ရှိသူတိုင်းက သူခိုးဖြစ်တယ်ဆိုပြီး စွပ်စွဲလိုက်တာဟာ အသရေ ဖျက်မှုဆိုတာ ထင်ရှားပါတယ်” ဟု BJP အကြီးတန်း ခေါင်းဆောင်နှင့် ဥပဒေရေးရာဝန်ကြီးဟောင်း Ravi Shankar Prasad က ဆိုသည်။ အလားတူအမှုမျိုး ကို BJP ခေါင်းဆောင် ဆူရှီ မိုဒီ (Sushil Modi) က ဘီဟာ ပြည်နယ်တွင်ဂန္ဒီ ကိုစွဲချက်တင် အမှုဖွင့်ခဲ့သည်။

“ ကွန်ဂရက်ပါတီက ရာဟူးလ်ဂန္ဒီကို လုံးဝလွတ်လပ်မှုရစေချင်တယ် [ဒါကြောင့် သူ] ဟာ စော်ကားတဲ့ အပြုမှုတွေကို ဆက်ပြီး လုပ်ချင်ပေမယ့် အဲဒါက မဖြစ်မြောက်နိုင်ဘူး” ဟု Prasad က ပြောကြားခဲ့သည်။ “ ဝေဖန်တာကို လေးစားပေမယ့် ရာဟူးလ်ဂန္ဒီက မဝေဖန်ဘူး၊ တိုင်းပြည်နဲ့ ပြည်သူတွေကို စော်ကားတယ်။” တရားဆွဲမှုကို ကွန်ဂရက်ပါတီက ဆန္ဒပြပြီး BJP က ရွှင်လန်းတက်ကြွစွာ ထောက်ခံနေချိန်မှာ တိုးတက်မှု ဖြစ်ထွန်းနေမှုသည် အတိုက်အခံ ကွန်ဂရက်ပါတီအတွက် ဆုတ်ယုတ်မှုလို့ ရှုမြင်နိုင်ပါသည်။

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါလာနေရူး (Jawaharlal Nehru) ၏ မြေးဖြစ်သူ ဂန္ဒီသည် မကြာသေးမီက လူသိ ရှင်ကြား ကျော်ကြားခဲ့သော Bharat Jodo Yatra သို့မဟုတ် အိန္ဒိယညီညွတ်ရေးချီတက်ပွဲ (“ Unite India March” ) ကို အများပြည်သူနှင့် ဆက်သွယ်ရန် ရက်ပေါင်း ၁၅၀ ကျော် ကီလိုမီတာ ၃၅၇၀ လမ်းလျှောက်ချီတက်ခြင်းကိစ္စ ပြီးဆုံးခဲ့သည်။

၎င်းကို အနာဂတ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူအများက မြင်ကြသည်။ ယခု အခါ သူ၏ ကံကြမ္မာမှာ အထက်တရားရုံး၏ စီရင်ချက်ချမည့်အပေါ်တွင် ပါလီမန်၏မတ်အဖြစ် အရည်အချင်း မပြည့်စုံသူအဖြစ်မှ ရှောင်ရှားနိုင်ရန် မျှော်လင့်ရမည့် အခြေအနေတွင်ရှိနေခဲ့သည်။

Source: ရိုက်တာ။

ဓာတ်ပုံမူပိုင်။ ရိုက်တာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ

NUGရဲ့ ဖြုတ်ထုတ်သတ်လမ်းစဥ်နဲ့ တော်လှန်ရေးအောင်မလား?

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 91 Views
ခေတ်မျက်လုံး အထူးဆောင်းပါး တော်လှန်ရေးအောင်မြင်ဖို့မှာ စစ်အုပ်စုကို တိုက်နေတဲ့အဖွဲ့အစည်းတွေ ကြီးငယ်မ‌ရွေး ညီညွတ်ဖို့လိုသလို ငါတို့ဟာ အင်အားကြီးမားပြီး အလွန်ကောက်ကျစ်တဲ့ ဘုံရန်သူကို တိုက်နေရတယ်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 104 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 178 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 173 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 175 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 190 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 208 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်