နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

ပါလက်စတိုင်း ခရစ်ယန်လူမျိုးအယ်လ်ဂျာဇီးရား သတင်းထောက် အသတ်ခံရမှုမှာ တာဝန်ရှိတဲ့ အစ္စရေးတပ်မှူးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကုလ ထုတ်ဖော်ပြော

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်။

မနှစ်က အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း-အမေရိကန် သတင်းထောက် ရှီရင်း အဘူအာကလက် (Shireen Abu Akleh) ကို သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်လို့ ယူဆရတဲ့ အစ္စရေး တပ်မှူးနဲ့ စစ်တပ်ဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ကော်မရှင်က ပြောပါတယ်။

ရှီရင်းအဘူအာကလက်ဟာ အတွေ့အကြုံရှိပြီး လေးစားဖွယ်ကောင်းတဲ့ အယ်လ်ဂျာဇီးရားသတင်းဌာနရဲ့ သတင်းထောက်တစ်ဦးဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ မေလတွင် ဂျန်နင်း (Jenin) မြို့တွင် စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်နေသော အစ္စရေးတပ်ဖွဲ့တွေရဲ့ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းမှုမှာ သတင်းပို့နေစဉ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

အရှေ့ဂျေရုဆလင်နှင့် အစ္စရေးတို့အပါအဝင် သိမ်းပိုက်ခံရတဲ့ ပါလက်စတိုင်းနယ်မြေဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ နာဗီပီလေ (Navi Pillay) က စုံစမ်းစစ်ဆေးမှုမှာ အစ္စရေးလုံခြုံရေး တပ်ဖွဲ့များက နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအောက်မှာ အကြောင်းပြချက်မရှိဘဲ လူသတ်အင်အားသုံးပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ရှီရင်းအဘူအာကလက် ရဲ့ အသက်ရှင်သန်ခွင့်ကို မဆင်မခြင် ချိုးဖောက်သတ်ဖြတ်ခဲ့တာဖြစ်တယ်” ဆိုပါတယ်။

မှုခင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ကျွမ်းကျင်သူများ၏ ထွက်ဆိုချက်များ အရ ကော်မရှင်ဟာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ ဒူဗ်ဒီဗန် (Duvdevan) ယူနစ်က တပ်ဖွဲ့ဝင်တစ်ဦးက ပတ်သတ်ခဲ့တာကို ယုံကြည်ကြောင်း ကော်မရှင် မှ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ တပ်မှူးကို နာမည်မတပ်ထားပေမယ့် ကျနော်တို့မှာ အဲဒီအချက်အလက်တွေ ရှိတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။ မေလမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ရှီရင်းအဘူအာကလက် သေဆုံးမှုအတွက် တောင်းပန်ခဲ့ပြီး သူမဟာ အစ္စရေးစစ်သားတစ်ဦးက ပစ်သတ်နိုင်ခြေ မြင့်မားတယ်လို့ မမန်နှစ်က ဝန်ခံခဲ့ပါတယ်။

တွေ့ရှိချက်များအရ- ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းရှိ လက်နက်ကိုင် ပါလက်စတိုင်းအဖွဲ့တွေကို ပစ်မှတ်ထားပြီး အစ္စရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ တိုးမြင့်လာနေတာကို သတိပြုမိကြောင်းနဲ့ တချို့စစ်ဆင်ရေးများမှာ မလိုလားအပ်တဲ့ လုပ်ဆောင်မှုများနဲ့ အလွန်အကျွံ အင်အားသုံးစွဲခဲ့ကြောင်း Pillay က ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ ကြီးမားတဲ့ စီးနင်းမှုတွေကို တရားဥပဒေစိုးမိုးရေးအတွက် စစ်ဆင်ရေးများထက် စစ်ရေးအရ သဘောထားပြီး ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ “နိုင်ငံတကာ ဥပဒေသတ်မှတ်ချက်ထက် ပိုမိုလုပ်ဆောင်ခြင်းဖြင့် ချိုးဖောက်ကျင့်သုံးခြင်း” ဖြစ်တယ်လို့လည်း သူမက ပြောကြားခဲ့ပါတယ်။

အစ္စရေးကတော့ သူတို့ကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အနောက်ဘက်ကမ်းရှိ အကြမ်းဖက်အဖွဲ့တွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်နေတယ်လို့ အခိုင်အမာပြောဆိုပြီး နိုင်ငံတကာ ဥပဒေနှင့်အညီ အမြဲလုပ်ဆောင်နေတယ်လို့ ပြန်လည်ခြေပခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 36 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 49 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 47 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့် ပျက်စီးနေသော အဆောက်အအုံများနှင့် မြေနီလမ်းများကြားတွင် တိကျစွာ မောင်းနှင် သွားသည်။ ထိုဒရုန်းသည် ၎င်းကို