နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

ဥရောပ

ဥရောပ

အမေရိကန်နိုင်ငံ မိန်းပြည်နယ်မှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၅၀ မှ ၆၀ လောက် ဒဏ်ရာရရှိ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ လူးဝစ်စတန်။

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း၊ မိန်းပြည်နယ်၊ လူးဝစ်စတန်မြို့မှာ မနေ့ညက သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက် လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၅၀ မှ ၆၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မြို့တော်ကောင်စီဝင် ရောဘတ်မက်ကာသီ (Robert McCarthy) က CNN နဲ့ တယ်လီဖုန်းအင်တာဗျူးမှာ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။ လူ ၅၀ မှ ၆၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ယုံကြည်ရပေမယ့် ပစ်ခတ်မှုမှာ ဘယ်လိုဒဏ်ရာရခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

သေနတ်သမားဟာ Bowling ကစားကွင်း၊ စားသောက်ဆိုင်နှင့် ဖြန့်ဖြူးရေးစင်တာ သုံးခုမှာ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကို ကျူးလွန်သူတစ်ဦးအဖြစ် သံသယရှိသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးရဲ့အမည်က ရောဘတ်ကာ့ဒ် (Robert Card) ဖြစ်တယ်လို့ လူးဝစ်စတန်ရဲဌာနက ထုတ်ပြန်ခဲ့ပြီး အခုထိ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။ လက်ရှိထွက်ပြေးနေတဲ့အမျိုးသားဟာ လက်နက်ကိုင်ဆောင်ထားပြီး အန္တရာယ်ရှိသူ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကာ့ဒ်ဟာ မိန်းပြည်နယ် ဆာကို (Saco) ရှိ အမျိုးသားအစောင့်တပ်စခန်းတစ်ခုမှာ မကြာသေးမီက ပစ်ခတ်မှုတစ်ခုပြုလုပ်ရန် ခြိမ်းခြောက်ခဲ့ပြီး အကြားအာရုံ အပါအဝင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာ ရှိကြောင်းကိုလည်း သတင်းပေးပို့လာတယ်လို့ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

သံသယရှိသူရဲ့ ဓာတ်ပုံများကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အညိုရောင် အဝတ်အစား ဝတ်ထားပြီး စွမ်းအားမြင့်ချေမှုန်းရေးရိုင်ဖယ်သေနတ်တစ်လက်ကို ကိုင်ဆောင်ထားပါတယ်။ ရဲများက သူတို့ ရှာဖွေနေတဲ့ မော်တော်ယာဉ်ပုံတစ်ပုံကို မျှဝေခဲ့ပါတယ်။ အဖြူရောင် SUV ကားဟာ သံသယရှိသူရဲ့ ကားဖြစ်ကြောင်း မိန်းပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

အာဏာပိုင်များက အဲ့ဒီအမျိုးသားဟာ လက်မှတ်ရ သေနတ်ပစ်သင်တန်းပို့ချသူဖြစ်ပြီး အမေရိကန်စစ်တပ် အရန်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောထားပါတယ်။

မိန်းပြည်နယ်ရဲတပ်ဖွဲ့ကလည်း အဲ့ဒီအမျိုးသားရဲ့ နေထိုင်တဲ့နေရာပတ်သက်ပြီး သတင်းအချက် အလက်တွေကို စုံစမ်း ထောက်လှမ်းလျက် ရှိပါတယ်။ နယူးဟမ်မရှိုင်းယား (New Hampshire) ပြည်နယ်ရဲများက ရဟတ်ယာဉ်နဲ့ တပ်ဖြန့်ခြင်း အပါအဝင် အဆိုပါအမျိုးသားကို ရှာဖွေရာမှာ ပါဝင်ကူညီပေးလျက်ရှိတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်

လူအစုအပြုံလိုက်ပစ်သတ်ခံရမှုဟာ ဗုဒ္ဓဟူးနေ့ညက လူးဝစ်စတန်မြို့ရဲ့ နေရာနှစ်နေရာမှာ ဖြစ်ခဲ့တာကြောင့် သေးငယ်တဲ့ နယူးအင်္ဂလန်မြို့လေးဟာ တုန်လှုပ်ခြောက်ခြားနေခဲ့ပြီး အဲ့ဒီပစ်ခတ်သူကို ရဲများက လိုက်လံရှိဖွေလျက်ရှိပါတယ်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 118 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 118 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 136 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 143 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 161 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 139 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး