နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 9 ရက်

နိုင်ငံတကာစီးပွားရေး

နိုင်ငံတကာစီးပွားရေး အာရှ

ခေတ်နှင့်အညီလိုက်မှီရန် တိုယိုတာ မော်တော်ကားကုမ္ပဏီကို ဦးဆောင်သူအသစ် ပြောင်းလဲ

တိုယိုတာကုမ္ပဏီအကြီးအကဲ အာကီအို တိုယိုဒါ (Akio Toyoda) သည် ဗဟိုအလုပ်အမှုဆောင် (CEO) နှင့် ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ခဲ့သည်။ လက်ဆက် (Lexus) ကားထုတ်လုပ်မှု၏ အကြီးအကဲ အသက် ၅၃ နှစ်ရှိ ကိုဂျီ ဆာတို (Koji Sato) သည် ဧပြီလ ၁ ရက်နေ့တွင် တိုယိုတာကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။

တိုယိုတာမော်တော်ကားကုမ္ပဏီကို ဦးဆောင်သူ အာကီအိုတိုယိုဒါသည် ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်ရာထူးတို့မှ ဧပြီလ (၁) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ပြီး သူ့နေရာတွင် အမှတ်တံဆိပ်အမှုဆောင်အရာရှိချုပ် (Chief Branding Officer – CBO) ဖြစ်သူ ကိုဂျီ ဆာတိုနှင့် အစားထိုးမည်ဖြစ်သည်။ ဆာတိုသည် ကားထုတ်လုပ်သည့် ကုမ္ပဏီကို အလုံးစုံ ပုံစံသစ်ပြောင်းလဲမည်ဖြစ်ပြီးပြီး မော်တော်ယာဉ်ကို လူမှုဘဝ၏ အစိတ်အပိုင်းတခုအဖြစ် ပြုလုပ်သွားမည် ဖြစ်သည်။

တိုယိုတာသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရောင်းကျဆင်းလာရခြင်းနှင့် လျှပ်စစ်ကားများနှင့် အခြားရွေ့လျား သွား လာရေး နည်းပညာများ မြင့်တက်လာချိန်တွင် ကုမ္ပဏီအတွက် ၁၄ နှစ်အတွင်း ပထမဆုံး ဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ်လာခဲ့သည်။ တယ်လ်ဆာ (Telsa) နှင့် တရုပ်ထုတ် BYD တို့ကဲ့သို့ အရှိန်အဟုန်မြင့်လာသော လျှပ်စစ်ကား (EV) စိန်ခေါ်သူများနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရာတွင် တိုယိုတာသည် နှေးကွေးလွန်းသည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

မော်တော်ကားထုတ်လုပ်သူ၏ မိသားစုမှအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် (၆၆) နှစ်အရွယ် တိုယိုဒါသည် တိုယိုတာကားကုမ္ပဏီကြီးကို ကနဦး တည်ထောင်ခဲ့သူ မိသားစုဝင်တစ်ဦး ဖြစ်ပြီး တိုယိုတာ၏ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ကုမ္ပဏီ ခေါင်း ဆောင်အပြောင်းအလဲအကြောင်း ဆွေးနွေးတင်ပြသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ကုမ္ပဏီသည် ရှေ့ဆက်ရမည့် စိန်ခေါ်မှုများကို လမ်းညွှန်ရန်အတွက် လူငယ်ခေါင်းဆောင်များ၏ စီမံခန့်ခွဲမှု အဖွဲ့အသစ်ရှိရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

“ ဆာတိုသည် ကားထုတ်လုပ်ရေးနယ်ပယ်တွင် တိုယိုတာ၏ ဒဿန၊ နည်းစနစ်များနှင့် အမူအကျင့်များကို ကျွမ်းကျင်အောင် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သူဖြစ်သည်” ဟု တိုယိုဒါ မှ ပြောကြားပြီး အသက် ၅၃ နှစ်အရွယ် ဆာတိုသည် “ မော်တော် ကားများကို ချစ်ခင်ကြိုက်နှစ်သက်သည်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။ တိုယိုဒါသည် ဆာတိုကဲ့သို့ အသက်ငယ်ရွယ်သူတဦးကို ရွေးချယ်ရခြင်း၏ အကြောင်းရင်းကိုလည်း ပြောပြခဲ့သည်။

“အဖြေမှန်ကို မသိတဲ့ ခေတ်ကြီးရဲ့ အပြောင်းအလဲကို မြှင့်တင်နိုင်ဖို့အတွက် အဖြေမှန်ကိုသိရန် ထိပ်တန်းစီမံခန့်ခွဲသူတွေကိုယ်တိုင် ရှေ့တန်းမှာ ဆက်ရှိနေဖို့ လိုအပ်တယ်။ ဒီလိုလုပ်ဖို့ ကာယဗလ၊ စွမ်းအင်နဲ့ စိတ်ဓာတ်က မရှိမဖြစ် လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ပြောဆိုခဲ့ပြီး “ငယ်ရွယ်မှုဟာလည်း ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခုပါ” ဟု တိုယိုဒါက ထပ်လောင်း ပြောဆိုခဲ့သည်။

မော်တော်ယာဉ်လုပ်ငန်းသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။ တိုယိုဒါက “ ရာစုနှစ် တခုတွင်သာတခါ” ဖြစ်သည်ဟု ဆိုသည်။ အသွင်ကူးပြောင်းမှုကို ရင်ဆိုင်နေရသော ယခုအခါ ကားထုတ်လုပ်သူများသည် မြန်နှုန်း၊ တာရှည်ခံမှုနှင့် ဘေးကင်းမှုကဲ့သို့သော သမားရိုးကျ စွမ်းရည်များသာမက ပတ်ဝန်းကျင်သဟဇာတဖြစ်မှုနှင့် နောက် ဆုံးပေါ် တီထွင်ချက်များ ဉာဏ်ရည်တုသုံး အလိုအလျောက် မောင်းနှင်ခြင်းနှင့် ဖျော်ဖြေရေးတို့ကဲ့သို့သော စံသတ်မှတ်ချက် အသစ်များဖြင့် ယှဉ်ပြိုင်ကြသည်။

ထိုသို့သော အခြေအနေများကြောင့် တယ်လ်ဆာ၊ BYD နှင့် မကြာသေးမီက ဂျပန်နိုင်ငံ၏ ကော်ပိုရိတ်ကုမ္ပဏီကြီး နှစ်ခုကြား ဖက်စပ်လုပ်ငန်းဖြစ်သော ဆိုနီ-ဟွန်ဒါ ဖက်စပ် ကားထုတ်လုပ်မှု (Sony Honda Mobility) ကဲ့သို့သော အသစ်ဝင်လာသူများကို တံခါးဖွင့်ပေးလိုက်ပါသည်။ တယ်လ်ဆာ၏ ဈေးကွက်အရင်းအနှီးသည် တိုယိုတာထက် သာလွန်နေပြီး တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူများသည် လျင်မြန်စွာ တက်လာသော ထင်ရှားသည့် ပြိုင်ဖက်များ ဖြစ်လာကြသည်။

“ ကျွန်တော်က ခေတ်မမီတဲ့လူတစ်ယောက်ပါ” ဟု တိုယိုဒါက ၎င်း၏ ကားများကို ဝါသနာပါမှုသည် မျိုးဆက်သစ် ခေတ်ရေစီးကြောင်းများဖြစ်သော ဒစ်ဂျစ်တယ်စနစ်၊ လျှပ်စစ်ဓါတ်အားသုံးစနစ်သို့ပြောင်းခြင်းနှင့် တခုနှင့်တခု ချိတ်ဆက်မှုကဲ့သို့သော အခြေအနေ ပြောင်းလဲလာမှုကို လိုက်လျောညီထွေဖြစ်အောင် သူ့အနေနှင့် ကုမ္ပဏီ၏ လမ်းစဉ်အတိုင်း ရပ်တည်နေကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

သူ၏ရာထူးမှနုတ်ထွက်မှုသည် တိုယိုတာအတွက် ကဏ္ဍအသစ် ဖွင့်ရန်အတွက် လိုအပ်ကြောင်း တိုယိုဒါက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ အကြီးဆုံး မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီသည် ၎င်း၏ ပုဂ္ဂိုလ်ရေးခေါင်းဆောင်မှုမှာ ကုမ္ပဏီ ၏ ယခင်အောင်မြင်မှုများ၏ အဓိကသော့ချက်ဖြစ်နိုင်သော်လည်း ၎င်းသည် မလုံလောက်တော့ကြောင်း၊ ဂျပန်နိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်သည့် ကုမ္ပဏီသည် “ လွတ်လပ်ပြီး ကြီးထွား သင့်သည်” ဟုလည်း တိုယိုဒါ မှ ပြောကြားခဲ့သည်။

ဥက္ကဋ္ဌသစ်သည် ကုမ္ပဏီကို တဦးတည်းက စီမံခန့်ခွဲရန် မကြိုးစားသင့်ကြောင်း အစုအဖွဲ့အနေနှင့် စီမံဆောင်ရွက်ရမည် ဖြစ် ကြောင်း ဆာတိုအား တိုယိုဒါက ပြောကြားခဲ့သည်။ “ ဥက္ကဋ္ဌသစ်ဆာတို ဦးဆောင်သောအဖွဲ့သစ်၏ ရည်မှန်းချက်မှာ တိုယိုတာကို ရွေ့လျားတိုးတက်ပြောင်းလဲနိုင်သော ကုမ္ပဏီအဖြစ် အပြည့်အဝ ပြန်လည်မွမ်းမံရန်ဖြစ်သည်။” ဆာတိုက ၎င်း၏ အဖွဲ့သည် “ လျှပ်စစ်ဓာတ်အားသုံး ကားထုတ်လုပ်မှုကို အရှိန်မြှင့်ပေးပြီး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော မော်တော် ယာဉ်များ ဖန်တီးရန်” လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆာတိုသည် ဝါဆေဒါတက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ၁၉၉၂ ခုနှစ်တွင် တိုယိုတာသို့ ဝင်ရောက်ခဲ့သည်။ ၎င်းသည် ၂၀၂၀ ခုနှစ်တွင် နိုင်ငံတကာ လက်ဆပ်စ် (Lexus International) ၏ ဥက္ကဋ္ဌဖြစ်လာပြီး နောက်တစ်နှစ်တွင် အမှတ်တံဆိပ်အမှုဆောင်အရာရှိချုပ် (CBO) အဖြစ် ခန့်အပ် ခံရသည်။ သူသည် မိတ်ဖက်ဆိုင်ရာ ဗျူဟာများစွာကို လုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှစတင်၍ တိုယိုတာသည် မာဇဒါ၊ ဆူဘားရူ၊ ဆူဇူကီးတို့နှင့် စီးပွားရေးမဟာမိတ်များအဖြစ် ၎င်း၏ဆက်ဆံရေးကို နက်ရှိုင်းစွာ တိုးလာစေခဲ့သည်။

Source: Nikkei

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မြန်မာနိုင်ငံမှထွက်ခွာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 42 Views
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား သံတမန်အဆင့် လျှော့ချလိုက်သည်။ စက်တင်ဘာလ (၂၈) ရက်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချိရို မာရုယာမာ (Ichiro
နိုင်ငံတကာသတင်း အမေရိကန် အာရှ

QUAD အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန် လေးနိုင်ငံအစည်းအဝေး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 42 Views
စက်တင်ဘာလ (၂၅) ရက်။ သမ္မတ ဂျိုးဘိုင်ဒင်သည် ၎င်း၏ မွေးရပ်ဇာတိ ဒယ်လာဝဲယား ပြည်နယ် ဝီမင်တန်မြို့တွင် Quad လေးနိုင်ငံ
မြန်မာသတင်း အာရှ

ရုပ်ပိုင်းဆိုင်ရာနှင့် စမတ်ကျသော နယ်စပ်စည်းရိုး ကာရံခြင်းသည် မကြာမီ မြန်မာနယ်စပ်တွင် ပေါ်လာမည်ဖြစ်သည်။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 36 Views
စက်တင်ဘာလ (၂၅) ရက်။ လက်ရှိအင်ဒို-မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်ခြင်းမရှိသေးဘဲ အာသံရိုင်ဖယ် (Assam Rifles)တပ်ဖွဲ့ သည် တပ်ဖွဲ့စစ်ရေးအခြေခံ စခန်းများဟု ခေါ်တွင်ပြီး ၎င်း၏အမှုထမ်းများ ဖြန့်ကျက်ထားရာ နယ်စပ်ဒေသ နေရာဖြစ်သည်။ အိန္ဒိယနှင့် မြန်မာကြား အဆိုပြုထားသည့် ၁၆၄၃ ကီလိုမီတာ
နိုင်ငံတကာသတင်း အာရှ

ဒေသတွင်း တင်းမာမှုများ ပြင်းထန်လာခြင်းကြောင့် ဆယ်စုနှစ်များစွာအတွင်း တရုတ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပထမဆုံးသော စမ်းသပ်မှုအဖြစ် တာဝေးပစ်ဒုံးပျံ ICBM ကို ပစ်လွှတ်ခဲ့သည်။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 33 Views
စက်တင်ဘာလ (၂၅) ရက်။ အမေရိကန်နှင့်၎င်း၏ ဒေသတွင်းရှိ မဟာမိတ်များနှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှု မြင့်တက်နေချိန်တွင် ရှားရှားပါးပါး လူသိရှင်ကြား စမ်းသပ်မှုတစ်ခု ဗုဒ္ဓဟူးနေ့က ပစိဖိတ်သမုဒ္ဒရာထဲကို တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ ပစ်ခတ်ခဲ့သည်ဟု တရုတ်က ပြောပါသည်။
မြန်မာ့နိုင်ငံရေး အာရှ

မြန်မာ့တော်လှန်ရေးကို အိန္ဒိယက စိတ်ဝင်စားလာပြီလား။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 35 Views
စက်တင်ဘာလ (၂၅) ရက်။ စက်တင်ဘာလ ၂၃ ရက်နေ့က ရိုက်တာသတင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာလလယ်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတစ်ရပ်ကို အာရက္ခတပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ချင်းအမျိုးသားတပ်ဦး
နိုင်ငံတကာသတင်း အမေရိကန် အာရှ ဥရောပ

တရုတ်နှင့် ရုရှားတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ကဘာလဲ။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 41 Views
ဆောင်းပါးရှင် ဆိုင်မွန်း မက်ကာသီ ( Simone McCarthy) မှလေ့လာတင်ပြသည်။ စက်တင်ဘာလ (၁၇) ရက်/ဟောင်ကောင် CNN။ ပြီးခဲ့သော သီတင်းပတ်က ရုရှားစစ်တပ်သည် ကမ္ဘာလုံးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုအား အမေရိကန်ကို ဦးတည်သည့် အင်အားပြသမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်
နိုင်ငံတကာသတင်း အာရှ

တရုတ်သွင်းကုန်တွေကို အမေရိကန်အစိုးရက အခွန်တိုးမြှင့်ကောက်ခံဖို့ဆုံးဖြတ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 43 Views
++++++++++++++++++ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက်စက်မှုလုပ်ငန်းတွေကို အကာအကွယ်ယူဖို့အတွက်အတွက် အမေရိကန်အစိုးရဟာ EV ကားတွေအပေါ် 100 ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းအပါအဝင် တရုတ်စက်မှုသွင်းကုန်တွေကို အခွန်တင်းကြပ်လိုက်ပါတယ်။ အိမ်ဖြူတော်ထိပ်တန်းစီးပွါးရေးအကြံပေး လက်ဘရိန်းနက်က အမေရိကန်နိုင်ငံရဲ့ EV ကားလုပ်ငန်းဟာ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေကို အားကိုးနေရတဲ့အခြေအနေကနေ
နိုင်ငံတကာသတင်း အာရှ

အာဖရိကကိုအတွက် ဒေါ်လာ ဘီလျံ ၅၀ ကျော် မတည်ပေးမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်ကတိပြု

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 62 Views
++++++++++++++++++++++++++++ အာဖရိကတိုက်ကို ရန်ပုံငွေသစ်အဖြစ် ဒေါ်လာ 50 ဘီလျံကျော် ထောက်ပံ့ပေးသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ကတိပြုပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ 5 ရက်နေ့က ဘေဂျင်းမြို့မှာ ကျင်းပတဲ့ တရုတ်-အာဖရိကထိပ်သီးဆွေးနွေးပွဲမှာ ရှီက အခုလို ကတိပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ “ တရုတ်နိုင်ငံဟာ