နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်

အာရှ

အာရှ

နိူင်ငံဖြတ်ကျော် ပြည်ဝင်ခွင့်ပေးရန် အဆင်သင့်ဖြစ်နေပြီဟု တရုတ်နိုင်ငံပြော

ဂျပန်လူမျိုးများအတွက် ဗီဇာကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် ပူးပေါင်း လုပ်ဆောင်ရန် ဆန္ဒရှိနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဇန်နဝါရီ ၃၀ ရက် ဘေဂျင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တိုကျို၏ တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုကို ကန့်ကွက်သည့်အနေဖြင့် ဂျပန်နိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်းအား ရုတ်သိမ်းပြီးနောက် တစ်ရက်အကြာတွင် နိုင်ငံအားလုံးနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ဘေဂျင်းက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Mao Ning က ဘေဂျင်းသည် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ တုံ့ပြန်မှုအပေါ် နိုင်ငံရေးအရအသုံးချမှုကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံမှ ခရီးသွားများအတွက် ကာလတိုဗီဇာထုတ်ပေးခြင်းဆိုင်ရာ ကန့်သတ်ချက်များကို သက်တမ်းတိုးရန် တောင်ကိုရီးယား၏ မကြာသေးမီက ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဇန်နဝါရီ ၈ ရက်က ကိုဗစ်ရောဂါ အကန့်သတ်ခြင်း အစီအမံများကို ဖျက်သိမ်းခဲ့ပြီး ၎င်း၏နယ်စပ်များကို ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် တရုတ်နိုင်ငံအတွင်း ပျံ့နှံ့နေသော COVID-19 ကူးစက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် ဂျပန်၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံအများအပြားသည် တရုတ်ခရီးသွားများအား ပြည်ဝင်ခွင့်ကို တင်းကြပ်ထိန်းချုပ် ထားခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်တွင် ဘီဂျင်းသည် ဂျပန်နှင့် တောင်ကိုရီးယား ခရီးသွားများအတွက် ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့ပြီး တရုတ်နိုင်ငံမှ ဧည့်သည်များအား ဝင်ခွင့်ကန့်သတ်ချက်များကို “ ခွဲခြားဆက်ဆံခြင်း” ဟု ဝေဖန်ခဲ့သည်။

ဆိုးလ်၏မူဝါဒများကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်မည်ဟု ဘေဂျင်းက မျှော်လင့်ကြောင်း Mao Ning က တနင်္လာ နေ့တွင် ပြောကြားခဲ့သည်။ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟီရိုကာဇူ မာဆူနို (Hirokazu Matsuno) က တနင်္လာနေ့ တိုကျိုမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်က တရုတ်နိုင်ငံကနေ ခရီးသွားလာသူတွေကို ပစ်မှတ်ထား တင်းကျပ်တဲ့ နယ်စပ်ထိန်းချုပ်မှုတွေ လုပ်နေတာမဟုတ်ဘဲ ကိုဗစ်ကူးစက်မှု ဆိုင်ရာမူဝါဒကိုသာ ပြုလုပ်နေတာဖြစ်ပြီး ကိုဗစ်မူဝါဒ တင်းကျပ်မှုကိုတော့ ဆက်လက်ထိန်းသိမ်းထားမယ်လို့ ပြောကြားခဲ့ပြီး အစိုးရအနေနဲ့ အခြေအနေကို လိုက်လျောညီထွေ ဖြစ်အောင်ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်ကျန်းမာရေး အာဏာပိုင်များက တနင်္လာနေ့တွင် နိုင်ငံအတွင်း COVID-19 ကူးစက်မှုအခြေအနေသည် “အနိမ့်ဆုံး အဆင့်သို့” ရောက်ရှိလာခဲ့ပြီး အစောပိုင်းတွင် ဗိုင်းရပ်စ်သည် တရုတ်နှစ်သစ်ကူးကာလ ကျန်ခဲ့သော သောကြာနေ့အထိ ကျေးရွာ မြို့ဆင်ခြေဖုံးများအထိ ပျံ့နှံ့ကူးစက်ခံရမည်ကို စိုးရိမ်နေသော်လည်း ကူးစက်သူ အသစ်အရေအတွက် ဆက်တိုက် ကျဆင်းသွားကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

Source: Kyodo

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ပစိဖိတ်လက်နက်ပြိုင်ပွဲ ပြင်းထန်လာချိန်တွင် ဂျပန်က မိုင် ၁,၀၀၀ အထိ ပစ်ခတ်နိုင်သော အမေရိကန် ဒုံးကျည်များဖြင့် စစ်သင်္ဘောကို လက်နက်တပ်ဆင်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 71 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက် တောင်ကိုရီးယား၊ ဆိုးလ် — ဂျပန်စစ်သင်္ဘောတစ်စီးသည် တိုမာဟော့ခ် (Tomahawk) ခရုစ်ဒုံးကျည်များ တပ်ဆင်ရန်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်မှမိုင် ၂၅၀အကွာအဝေးတွင်အမေရိကန်က Reaperဒရုန်းအသစ်ကိုချထားလိုက်ခြင်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 83 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၉ရက် ဆိုးလ်၊ တောင်ကိုရီးယား- အမေရိကန်လေတပ်သည် ကိုးရီးယားကျွန်းဆွယ်ပေါ်တွင် အမြဲတမ်း ဒရုန်း တပ်ဖွဲ့ကို ထားရှိရန်လုပ်ဆောင်နေပြီး၊
နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 896 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ်
တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား အမေရိကန် အာရှ

ရှီကျင့်ဖျင်က ကမ္ဘာကို ‘စစ်ပွဲ သို့မဟုတ် ငြိမ်းချမ်းရေး’ ကို ရွေးချယ်ရန် တောင်းဆိုလိုက် သည်။ တရုတ်နိုင်ငံသည် မည်သည့် ဦးတည်ချက်ကို ဦးတည်သနည်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 759 Views
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ရက် CNN- ပေကျင်း တရုတ်၏ ကြီးမားသော စစ်ရေးပြအခမ်းအနားသို့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ရောက်ရှိလာသောအခါ သူ့ဘေးတဖက်တချက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ခြံရံပြီး နောက်မှလိုက်ပါလာသည့် ခေါင်းဆောင်
နိုင်ငံတကာသတင်း အမေရိကန် အာရှ ဥရောပ

ရှီကျင့်ဖျင်နဲ့ ပူတင်တို့ဟာ ‘ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုနဲ့ မသေနိုင်တဲ့ဘဝ’ကို စိတ်ဝင်စားနေသလား။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 772 Views
JB Press မှာ ပါတဲ့ ဂျာနယ်လစ် ဖူကူရှီးမား ကာအိုရီ (Fukushima Kaori) ရဲ့ ဆောင်းပါးကို မြန်မာဘာသာ ပြန်ပေးလိုက်ပါတယ်။ ရှီကျင့်ဖျင်၊ ပူတင်နဲ့ ကင်မ်ဂျုံအွန် ကွန်မြူနစ် ညီအစ်ကိုသုံးယောက် တွေ့ဆုံခဲ့တဲ့ အကြီးစားပွဲမှာ
တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် သံချပ်ကာရထားဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 889 Views
ဘီဘီစီ- စက်တင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ဘေဂျင်းမြို့တော်တွင် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည့် “ အောင်ပွဲနေ့”
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

တရုတ်နှင့်အိန္ဒိယတို့သည် ‘မိတ်ဖက်ဖြစ်ပြီး ပြိုင်ဖက်မဟုတ်’ ဟုဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 889 Views
++++++++ သြဂုတ်လ (၃၁) ရက်။ နှစ်ရှည်လများ ဆက်တိုက်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှု အပါအဝင် နှစ်ပေါင်းများစွာ တင်းမာမှုများ ဖြစ်ပွားပြီးနောက် ယခုအခါတွင် တရုတ်နှင့် အိန္ဒိယခေါင်းဆောင်များက ၎င်းတို့ကြားတွင် ယုံကြည်မှု ပိုမိုနက်ရှိုင်းလာနေပြီဟု ဆိုသည်။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အိန္ဒိယ၀န်ကြီးချုပ်
နိုင်ငံတကာသတင်း အမေရိကန် အာရှ အိန္ဒိယ

ရုရှားရေနံကို ဆက်လက်ဝယ်ယူနေပါက အိန္ဒိယကုန်ပစ္စည်းများအပေါ် အခွန်တိုး ကောက်မည်ဟု ထရန့် ခြိမ်းခြောက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 163 Views
ရုရှားရေနံကို ဝယ်ယူနေဆဲဖြစ်သောကြောင့် အိန္ဒိယအပေါ် အခွန်တိုးကောက်မည်ဟု သမ္မတ ဒေါ်နယ် ထရန့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “အိန္ဒိယက ရုရှားရေနံအမြောက်အမြားကို ဝယ်ယူရုံတင်မကဘူး၊ သူတို့က ရေနံအများစုကို ဝယ်ပြီး အမြတ်အစွန်း ကြီးကြီးမားမားရဖို့အတွက် စျေးကွက်ဖွင့်ပြီး ရောင်းချတာဖြစ်တယ်” ဟု