နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

အာရှ

အာရှ

နိူင်ငံဖြတ်ကျော် ပြည်ဝင်ခွင့်ပေးရန် အဆင်သင့်ဖြစ်နေပြီဟု တရုတ်နိုင်ငံပြော

ဂျပန်လူမျိုးများအတွက် ဗီဇာကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် ပူးပေါင်း လုပ်ဆောင်ရန် ဆန္ဒရှိနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဇန်နဝါရီ ၃၀ ရက် ဘေဂျင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တိုကျို၏ တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုကို ကန့်ကွက်သည့်အနေဖြင့် ဂျပန်နိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်းအား ရုတ်သိမ်းပြီးနောက် တစ်ရက်အကြာတွင် နိုင်ငံအားလုံးနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ဘေဂျင်းက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Mao Ning က ဘေဂျင်းသည် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ တုံ့ပြန်မှုအပေါ် နိုင်ငံရေးအရအသုံးချမှုကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံမှ ခရီးသွားများအတွက် ကာလတိုဗီဇာထုတ်ပေးခြင်းဆိုင်ရာ ကန့်သတ်ချက်များကို သက်တမ်းတိုးရန် တောင်ကိုရီးယား၏ မကြာသေးမီက ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဇန်နဝါရီ ၈ ရက်က ကိုဗစ်ရောဂါ အကန့်သတ်ခြင်း အစီအမံများကို ဖျက်သိမ်းခဲ့ပြီး ၎င်း၏နယ်စပ်များကို ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် တရုတ်နိုင်ငံအတွင်း ပျံ့နှံ့နေသော COVID-19 ကူးစက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် ဂျပန်၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံအများအပြားသည် တရုတ်ခရီးသွားများအား ပြည်ဝင်ခွင့်ကို တင်းကြပ်ထိန်းချုပ် ထားခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်တွင် ဘီဂျင်းသည် ဂျပန်နှင့် တောင်ကိုရီးယား ခရီးသွားများအတွက် ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့ပြီး တရုတ်နိုင်ငံမှ ဧည့်သည်များအား ဝင်ခွင့်ကန့်သတ်ချက်များကို “ ခွဲခြားဆက်ဆံခြင်း” ဟု ဝေဖန်ခဲ့သည်။

ဆိုးလ်၏မူဝါဒများကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်မည်ဟု ဘေဂျင်းက မျှော်လင့်ကြောင်း Mao Ning က တနင်္လာ နေ့တွင် ပြောကြားခဲ့သည်။ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟီရိုကာဇူ မာဆူနို (Hirokazu Matsuno) က တနင်္လာနေ့ တိုကျိုမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်က တရုတ်နိုင်ငံကနေ ခရီးသွားလာသူတွေကို ပစ်မှတ်ထား တင်းကျပ်တဲ့ နယ်စပ်ထိန်းချုပ်မှုတွေ လုပ်နေတာမဟုတ်ဘဲ ကိုဗစ်ကူးစက်မှု ဆိုင်ရာမူဝါဒကိုသာ ပြုလုပ်နေတာဖြစ်ပြီး ကိုဗစ်မူဝါဒ တင်းကျပ်မှုကိုတော့ ဆက်လက်ထိန်းသိမ်းထားမယ်လို့ ပြောကြားခဲ့ပြီး အစိုးရအနေနဲ့ အခြေအနေကို လိုက်လျောညီထွေ ဖြစ်အောင်ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်ကျန်းမာရေး အာဏာပိုင်များက တနင်္လာနေ့တွင် နိုင်ငံအတွင်း COVID-19 ကူးစက်မှုအခြေအနေသည် “အနိမ့်ဆုံး အဆင့်သို့” ရောက်ရှိလာခဲ့ပြီး အစောပိုင်းတွင် ဗိုင်းရပ်စ်သည် တရုတ်နှစ်သစ်ကူးကာလ ကျန်ခဲ့သော သောကြာနေ့အထိ ကျေးရွာ မြို့ဆင်ခြေဖုံးများအထိ ပျံ့နှံ့ကူးစက်ခံရမည်ကို စိုးရိမ်နေသော်လည်း ကူးစက်သူ အသစ်အရေအတွက် ဆက်တိုက် ကျဆင်းသွားကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

Source: Kyodo

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 91 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 311 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 419 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 393 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “