နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဂျိုးဘိုင်ဒင်က သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေး

ဒီဇင်ဘာ (၂) ရက်။

ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း တနင်္ဂနွေနေ့ ညနေပိုင်းက ကြေညာချက် ထွက်ပေါ်လာခဲ့သည်။

အခွန်ရှောင်မှုနှင့် တရားမဝင်သေနတ်ကိုင်ဆောင်ထားမှုများနှင့် စွဲချက်တင်ခံထားရသည့် သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို ဒီဇင်ဘာလတွင် တရားရုံးက စီရင်ချက်ချရန် စီစဉ်ထားသည့်အချိန်တွင် ဖခင်ဖြစ်သူ သမ္မတဂျိုးဘိုင်ဒင်က သူ့သားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါသည်။

သမ္မတသည် ၎င်း၏သားကို သက်ညှာခွင့်ပြုရန် ရည်ရွယ်ချက် မရှိဟု ပြီးခဲ့သောလတွင် အိမ်ဖြူတော်က အာမခံထားသော်လည်း တနင်္ဂနွေနေ့ညနေပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ကြေငြာခဲ့သည်။

ကြေငြာချက်တစ်ခုတွင် ၎င်းက “ ဒီနေ့၊ ကျွန်တော့်သားဟန်တာအတွက် လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ် ရေးထိုးခဲ့တယ်” ဟု ပြောခဲ့ပြီး သူက “ တရားမျှတမှု ပျက်ပြယ်ခြင်း” ကြောင့်ဟု ပြောကြားခဲ့ပါသည်။

“ ကျွန်တော်တာဝန်ယူတဲ့နေ့ကစပြီး တရားရေးဌာနရဲ့ ဆုံးဖြတ်ချက်ချတာကို ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး ကျွန်တော့်သားဖြစ်သူကို တမင်ရွေးချယ်ပြီး မတရား တရားစွဲဆို ခံရတာကို ကျွန်တော်မြင်နေရပေမဲ့ ကျွန်တော့်ရဲ့စကားအတိုင်း ထိန်းထားခဲ့ပါတယ်” ဟု ရေးသားခဲ့သည်။

သမ္မတဘိုင်ဒင်က ကွန်ဂရက်တွင် “နိုင်ငံရေး ပြိုင်ဘက်များ” အကြောင်းကို ထုတ်ဖော်ပြီး “ သူတို့ဟာ ဒီတရားစွဲဆိုမှုကို စွဲချက်တင်ရန် သွေးထိုးလှုံ့ဆော်လုပ်ဆောင်ခဲ့ကြောင်း” နှင့် ဇူလိုင်လတွင် တင်ထားသည့် သဘောတူအပေးအယူလုပ်ထားသည့် အသနားခံစာချွန်လွှာသည် သြဂုတ်လတွင် ပယ်ချခြင်းခံရသည်ဟု ဖော်ပြခဲ့သည်။

ထိုထုတ်ပြန်ချက်နိဂုံးတွင် “အမှန်တရားကိုဒီမှာပြောမယ်၊ တရားစီရင်ရေးစနစ်ကို ကျွန်တော်ယုံကြည်တယ်၊ ဒါပေမယ့် ဒီတရားရေးနဲ့ ကျွန်တော်က နပန်းလုံးနေရတော့ အညိုးထားတဲ့နိုင်ငံရေးဟာ ဒီဖြစ်စဉ်ကို ကူးစက်သွားပြီး တရားမျှတမှု ပျက်ပြားသွားပြီလို့ ယုံကြည်တယ်။ ဒီသီတင်းပတ်ကုန်မှာ ဒီဆုံးဖြတ်ချက်ကို ချလိုက်ပြီးတာနဲ့ အချိန်မဆိုင်းတော့ဘဲ သားကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တယ်။ ဘာကြောင့် အဖေနဲ့ သမ္မတ တစ်ယောက် ဖြစ်သူက ဒီဆုံးဖြတ်ချက်ကို ချခဲ့ရတယ်ဆိုတာကို အမေရိကန်တွေ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

လွန်ခဲ့သော နွေရာသီတွင် ဂျူရီလူကြီးတစ်ဦးသည် လူငယ်ဘိုင်ဒင်အား မူးယစ်ဆေးစွဲနေစဉ် ကာလက သေနတ်ဝယ်ယူမှုနှင့် လက်ဝယ်ထားရှိမှုဆိုင်ရာ ရာဇ၀တ်မှုသုံးရပ်ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုခဲ့သည်။ စက်တင်ဘာလတွင် ဟန်တာဘိုင်ဒင်သည် ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသော ရုံးတင်စစ်ဆေးခြင်းမတိုင်မီတွင် ရာဇ၀တ်မှုသုံးခု အပါအဝင် အခွန်ဆိုင်ရာစွဲချက်ကိုးခုအတွက် အပြစ်ရှိကြောင်း ဝန်ခံရန် သဘောတူခဲ့သည်။

အခွန်မှုများအတွက် ဟန်တာဘိုင်ဒင်သည် ဖက်ဒရယ်ထောင်ဒဏ် ၁၇ နှစ်နှင့် ဒဏ်ငွေဒေါ်လာ ၁.၃၅ သန်း ကျခံရမည်ဖြစ်သည်။ ၎င်း၏ သေနတ်နှင့်ပတ်သက်သည့် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ထောင်ဒဏ် ၂၅ နှစ်အထိ ချမှတ်နိုင်ဖွယ်ရှိသည်။

ဟန်တာဘိုင်ဒင်သည် လာမည့်ရက်သတ္တပတ်များအတွင်း ဒီလာဝဲတွင် သေနတ်နှင့် ပတ်သက်သည့် စွဲချက်များနှင့် ဒီဇင်ဘာ ၁၂ ရက် နှင့် ကယ်လီဖိုးနီးယားရှိ အခွန်ကောက်ခံမှု များအတွက် ဒီဇင်ဘာ ၁၆ ရက်၌ အမှုနှစ်ခုလုံးအတွက် စီရင်ချက်ချရန် စီစဉ်ထားသည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ရလဒ်က ဒေါ်နယ်ထရန့်ကို မျက်နှာသာပေးခဲ့ပြီး မကြာခင်မှာ “ ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့” သမ္မတ၏ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ၌ အတွင်းဝန် ကရင်း ရှောင်းပီရာ (Karine Jean-Pierre) က “ကျွန်မတို့ ဒီမေးခွန်းကို အကြိမ်ပေါင်းများစွာ မေးခဲ့ပြီးပါပြီ အဖြေက မလုပ်ဘူး ဆိုတာပါပဲ။”

အုပ်ချုပ်ရေးအရာရှိများ သို့မဟုတ် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်ခံရ သူများအပါအဝင် သမ္မတသက်တမ်းမကုန်မီ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အခြားလွတ်ငြိမ်း ချမ်းသာခွင့်များကို မှတ်ချက်ပေးရန်ရှိမရှိကို သူမက ငြင်းဆိုခဲ့သည်။

သမ္မတဘိုင်ဒင်သည် ဇွန်လအတွင်းက တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ၎င်း၏သားကို လွတ်ငြိမ်းခွင့်ပေးရန် မရည်ရွယ်ကြောင်း ABC News ၏ David Muir အား ပြောကြားခဲ့ဖူးသည်။

ထိုအချိန်က တရားခွင်၏ ဆုံးဖြတ်ချက် ရလဒ်ကို သူက လက်ခံမည်ဟု ဆိုခဲ့သည်။

ဇွန်လက အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် သမ္မတဘိုင်ဒင်က “ ကျွန်တော့်သား ဟန်တာအတွက် အရမ်းဂုဏ်ယူမိပါတယ်။ သူကတော့ မူးယစ်ဆေး စွဲလမ်းမှုကို ဖြတ်နိုင်ခဲ့ပါပြီ။ သူကတော့ ကျွန်တော်သိတဲ့ အတောက်ပဆုံးနဲ့ စိတ်သဘောထားအကောင်းဆုံး အမျိုးသားတွေထဲက တစ်ယောက်ပါ။”

သူက “ ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လိုက်နာမယ်လို့ ပြောခဲ့ပြီး သူ့ကိုကျွန်တော် လွတ်ငြိမ်းခွင့်ပေးမှာ မဟုတ်ဘူး” ဟု သူက ဆက်ပြောခဲ့သည်။

ဟန်တာဘိုင်ဒင်ကို လွန်ခဲ့သည့် ရက်သတ္တပတ်က နန်တပ်ကက်(Nantucket) တွင် ၎င်း၏ မိသားစုနှင့်အတူ အားလပ်ရက်တွင် တွေ့ခဲ့ရသည်။

ဟန်တာဘိုင်ဒင်က ထုတ်ပြန်ချက်ထုတ်ပြီး ” ကျွန်တော်ရဲ့ မူးယစ်ဆေး စွဲလမ်းမှုရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေအတွင်း ကျွန်တော်ရဲ့အမှားတွေအတွက် တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီး၊ အဲ့ဒီအမှားလုပ်မှုတွေကို လူသိရှင်ကြား အရှက်ရစေရန် နိုင်ငံရေးအရ အသုံးချခံခဲ့ရပြီး ကျွန်တော်နဲ့ မိသားစုကို အရှက်ရစေခဲ့ပါတယ်” ဟု တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။

ဒါတွေအားလုံးကြားမှာပဲ ကျွန်တော်ရဲ့ နက်နဲတဲ့ယုံကြည်မှုနဲ့ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ မယိမ်းယိုင်မယိမ်းယိုင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုတွေကြောင့် ကျွန်တော်ဟာ ငါးနှစ်ကျော်အကြာမှာ မူးယစ်ဆေးဝါးကို ဖြတ်နိုင်ခဲ့တယ်။ အခွင့်အလမ်းတွေနဲ့ အားသာချက်တွေ အများကြီးကို လက်လွှတ်ခဲ့ရတယ်။ ပြန်လည်ထူထောင်ရေးမှာ တတ်နိုင်သလောက် ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတွေ ပေးစွမ်းနိုင်ပြီး တတ်နိုင်သလောက် ကရုဏာပေးခွင့်လွှတ်ခဲ့တဲ့အတွက် ဘဝကို ပြန်လည်တည်ဆောက်နိုင်မှာပါ” ဟု ဖော်ပြခဲ့သည်။

ဆက်လက်၍ “ဒီနေ့ ရရှိတဲ့ လွတ်ငြိမ်းခွင့်ကို ကျွန်တော် ဘယ်တော့မှ အခွင့်အ‌ရေးအဖြစ်မယူဘဲ ဖျားနာနေသေးသူတွေနဲ့ ဝေဒနာခံစားနေရသူများကို ကူညီပေးရင်း ကျွန်တော့်ဘဝကို ပြန်လည်တည်ဆောက်သွားပါမယ်။ ဟု ဆိုခဲ့သည်။

သမ္မတဘိုင်ဒင်၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တစ်နာရီအတွင်းတွင် ဟန်တာဘိုင်ဒင်၏ ဥပဒေရေးရာအဖွဲ့က ရာဇဝတ်မှုနှစ်ခုစလုံးအတွက် တရားရုံးများကို ထုတ်ပြန်ချက်များကို တင်ပြခဲ့သည်။ ရှေ့နေများက “သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်သည် မစ္စတာဘိုင်ဒင်၏ ဆိုင်းငံ့ထားမှုကို ပယ်ဖျက်ပြီး ဤအမှုတွင် စီရင်ချက်ချခြင်းကို မပြုလုပ်ရသေးဘဲ မလိုမုန်းထားမှုဖြင့် စွဲချက်တင်ခြင်းအား အလိုအလျောက် ပယ်ချရန် လိုအပ်သည်” ဟု ရှေ့နေများက ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို