နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးအစိုးရက နိုင်ငံအတွင်း ကာတာဂြိုလ်တုအသံလွှင့်ဌာန အယ်လ်ဂျာဇီးရာရုံးကို ပိတ်ပစ်ရန် အမိန့်ပေး

မေလ (၆) ရက်။

မေလ (၅) ရက်နေ့တွင် အစ္စရေးအစိုးရက နိုင်ငံအတွင်း ကာတာဂြိုလ်တုအသံလွှင့်ဌာန အယ်လ်ဂျာဇီးရာ (Al Jazeera) ၏ ရုံးကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သည်။

ဝန်ကြီးချုပ် နေတန်ယာဟုက အဆိုပါရုပ်သံလိုင်းအား “ သွေးထိုးလှုံ့ဆော်နေသည့်ချန်နယ်” ဟု X (ယခင် Twitter) တွင် ပို့စ်တစ်ခုတင်ခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်အရ ၎င်း၏ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

နေတန်ယာဟု၏ အာရပ်ပြောရေးဆိုခွင့်ရှိသူက အဆိုပါ ပိတ်သိမ်းရေးအမိန့်သည် ချက်ချင်းအသက်ဝင်မည်ဟု X တွင် ရေးသားထားသည်။ ၎င်း၏ ရုပ်သံလွှင့်စက်များကို သိမ်းဆည်းမည်ဖြစ်ပြီး ၎င်း၏ သတင်းထောက်များကို ပိတ်ပင်ရန်၊ အသံလွှင့်ရုံအား ကေဘယ်လ်နှင့် ဂြိုလ်တုထုတ်လွှင့်ခြင်းမှ ဖယ်ထုတ်ကာ ၎င်း၏တရားဝင် ဝဘ်ဆိုက်သို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အယ်လ်ဂျာဇီးရား သတင်းထောက်များသည် အစ္စရေး၏ လုံခြုံရေးကို ထိခိုက်စေပြီး ၎င်းတို့အား အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့၏ ပြောလိုသည်များကို ပြောဆိုပေးသည့် ကိုယ်စားလှန်များအဖြစ် ခေါ်ဝေါ်ကာ “ယခုအချိန်သည် ငါတို့နိုင်ငံမှ နှင်ထုတ်ရမည့်အချိန်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် အစ္စရေး၏ ဆက်သွယ်ရေး ဝန်ကြီးဌာနသည် Al Jazeera ၏ ဂျေရုဆလင်ဗျူရိုကို ပိတ်ကာ ၎င်း၏ ဆက်သွယ်ရေး ကိရိယာများကို သိမ်းဆည်းခဲ့ကြောင်း ကြေညာခဲ့သည်။ ကေဘယ်လ်နှင့် ဂြိုလ်တုထုတ်လွှင့်မှုများနှင့် ဆိုက်သို့ ဝင်ရောက်ခွင့်ကိုလည်း ဖြတ်တောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေး ကေဘယ်လ်လိုင်းသည် အယ်လ်ဂျာဇီးရာထုတ်လွှင့်မှုကို ညသန်းခေါင်ယံ ၅ ရက်နေ့ ညသန်းခေါင်တွင် ရပ်နားထားကြောင်း ဒေသခံ CNN သတင်းထောက်များက အတည်ပြုခဲ့သည်။ ယင်းချန်နယ်တွင် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ဆိုင်းငံ့ထားသည်ဟု ကြေညာထားသည်။

CNN မှ ရရှိသောဗီဒီယိုဖိုင်တွင် အစ္စရေးရဲများသည် အယ်လ်ဂျာဇီးရာ၏ ဂျေရုဆလင်ရုံးကို လုံခြုံရေးအရာရှိတစ်ဖွဲ့နှင့်အတူ ဝင်ရောက်စီးနင်းခဲ့ကြောင်း ပြသခဲ့သည်။

အယ်လ်ဂျာဇီးရာက ဒါဟာ နိုင်ငံသားတွေရဲ့ သတင်းရယူခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ “ အစ္စရေးက သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖျောက်ဖျက်ဖို့ သတင်းထောက်တွေကို သတ်ဖြတ်တာတွေဖမ်းဆီးချုပ်နှောင်တာတွေလုပ်ပြီး သတင်းလွတ်လပ်ခွင့်ကို နှိပ်ကွပ်တာတွေလုပ်ခဲ့ပေမဲ့ ကျွန်တော်တို့ဟာ ကိုယ့်တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ဖို့ သူတို့ မတားဆီးနိုင်ခဲ့ပါဘူး´´ ဟု ၎င်းက ပြောသည်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာဒေသမှာ စစ်ပွဲစကတည်းက အမှန်တရားကို တင်ပြခဲ့တဲ့ ပါလက်စတိုင်းဂျာနယ်လစ် အယောက် ၁၄၀ ကျော်ဟာ အသတ်ခံခဲ့ရတယ်လို့ ၎င်းက တင်ပြပြောဆိုခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 26 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 34 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 31 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 36 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် နှင့် ဆမ်အော့တ်မန်းတို့၏ တရားရင်ဆိုင်မှု ပထမနေ့မှ အချက်အလက်များ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 35 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့သတင်းကိုဘာသာပြန်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်မြို့ —ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန် တရားရုံးခန်းအတွင်း ChatGPT ထုတ်လုပ်သည့် OpenAI ၏ ခေါင်းဆောင်များဖြစ်ကြသော ဆမ်အော့တ်မန်း (Sam Altman) နှင့်