နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးအစိုးရက နိုင်ငံအတွင်း ကာတာဂြိုလ်တုအသံလွှင့်ဌာန အယ်လ်ဂျာဇီးရာရုံးကို ပိတ်ပစ်ရန် အမိန့်ပေး

မေလ (၆) ရက်။

မေလ (၅) ရက်နေ့တွင် အစ္စရေးအစိုးရက နိုင်ငံအတွင်း ကာတာဂြိုလ်တုအသံလွှင့်ဌာန အယ်လ်ဂျာဇီးရာ (Al Jazeera) ၏ ရုံးကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သည်။

ဝန်ကြီးချုပ် နေတန်ယာဟုက အဆိုပါရုပ်သံလိုင်းအား “ သွေးထိုးလှုံ့ဆော်နေသည့်ချန်နယ်” ဟု X (ယခင် Twitter) တွင် ပို့စ်တစ်ခုတင်ခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်အရ ၎င်း၏ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

နေတန်ယာဟု၏ အာရပ်ပြောရေးဆိုခွင့်ရှိသူက အဆိုပါ ပိတ်သိမ်းရေးအမိန့်သည် ချက်ချင်းအသက်ဝင်မည်ဟု X တွင် ရေးသားထားသည်။ ၎င်း၏ ရုပ်သံလွှင့်စက်များကို သိမ်းဆည်းမည်ဖြစ်ပြီး ၎င်း၏ သတင်းထောက်များကို ပိတ်ပင်ရန်၊ အသံလွှင့်ရုံအား ကေဘယ်လ်နှင့် ဂြိုလ်တုထုတ်လွှင့်ခြင်းမှ ဖယ်ထုတ်ကာ ၎င်း၏တရားဝင် ဝဘ်ဆိုက်သို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အယ်လ်ဂျာဇီးရား သတင်းထောက်များသည် အစ္စရေး၏ လုံခြုံရေးကို ထိခိုက်စေပြီး ၎င်းတို့အား အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့၏ ပြောလိုသည်များကို ပြောဆိုပေးသည့် ကိုယ်စားလှန်များအဖြစ် ခေါ်ဝေါ်ကာ “ယခုအချိန်သည် ငါတို့နိုင်ငံမှ နှင်ထုတ်ရမည့်အချိန်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် အစ္စရေး၏ ဆက်သွယ်ရေး ဝန်ကြီးဌာနသည် Al Jazeera ၏ ဂျေရုဆလင်ဗျူရိုကို ပိတ်ကာ ၎င်း၏ ဆက်သွယ်ရေး ကိရိယာများကို သိမ်းဆည်းခဲ့ကြောင်း ကြေညာခဲ့သည်။ ကေဘယ်လ်နှင့် ဂြိုလ်တုထုတ်လွှင့်မှုများနှင့် ဆိုက်သို့ ဝင်ရောက်ခွင့်ကိုလည်း ဖြတ်တောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေး ကေဘယ်လ်လိုင်းသည် အယ်လ်ဂျာဇီးရာထုတ်လွှင့်မှုကို ညသန်းခေါင်ယံ ၅ ရက်နေ့ ညသန်းခေါင်တွင် ရပ်နားထားကြောင်း ဒေသခံ CNN သတင်းထောက်များက အတည်ပြုခဲ့သည်။ ယင်းချန်နယ်တွင် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ဆိုင်းငံ့ထားသည်ဟု ကြေညာထားသည်။

CNN မှ ရရှိသောဗီဒီယိုဖိုင်တွင် အစ္စရေးရဲများသည် အယ်လ်ဂျာဇီးရာ၏ ဂျေရုဆလင်ရုံးကို လုံခြုံရေးအရာရှိတစ်ဖွဲ့နှင့်အတူ ဝင်ရောက်စီးနင်းခဲ့ကြောင်း ပြသခဲ့သည်။

အယ်လ်ဂျာဇီးရာက ဒါဟာ နိုင်ငံသားတွေရဲ့ သတင်းရယူခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ “ အစ္စရေးက သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖျောက်ဖျက်ဖို့ သတင်းထောက်တွေကို သတ်ဖြတ်တာတွေဖမ်းဆီးချုပ်နှောင်တာတွေလုပ်ပြီး သတင်းလွတ်လပ်ခွင့်ကို နှိပ်ကွပ်တာတွေလုပ်ခဲ့ပေမဲ့ ကျွန်တော်တို့ဟာ ကိုယ့်တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ဖို့ သူတို့ မတားဆီးနိုင်ခဲ့ပါဘူး´´ ဟု ၎င်းက ပြောသည်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂါဇာဒေသမှာ စစ်ပွဲစကတည်းက အမှန်တရားကို တင်ပြခဲ့တဲ့ ပါလက်စတိုင်းဂျာနယ်လစ် အယောက် ၁၄၀ ကျော်ဟာ အသတ်ခံခဲ့ရတယ်လို့ ၎င်းက တင်ပြပြောဆိုခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 34 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 37 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)