နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပိ့ဟက်ဂ်ဆက် သည် အမေရိကန်စစ်တပ်ကို ပြန်လည်ပြုပြင်ပြောင်းလဲသွားရန် အစီအစဉ်ရှိပြီး “ဗိုလ်ချုပ် တစ်တန်လောက်ကို ထုတ်ပစ်ရမယ်” ဟု ဆို

နိုဝင်ဘာလ (၁၅) ရက်။

ထရန့်သည် ဟက်ဂ်ဆက်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် သူ၏အစိုးရ အမည်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

နာရီပေါင်းများစွာ ပေါ့တ်ကာစ်နှင့် ရုပ်မြင်သံကြား အင်တာဗျူးများတွင် တပ်မတော်မှ စစ်မှုထမ်းဟောင်းနှင့် Fox News အစီအစဉ်တင်ဆက်သူ ပိ့ဟက်ဂ်ဆက် သည် ကာကွယ်ရေးဌာနအား အထက်မှအောက်သို့ ပြုပြင်ပြောင်းလဲရန် ၎င်း၏အစီအစဉ်ကို ရှင်းလင်းပြောကြားခဲ့ပြီး စစ်ဗိုလ်ချုပ်များကိုထုတ်ပယ်ခြင်းအပါအဝင် အချို့သော တိုက်ခိုက်ရေးများတွင် အမျိုးသမီးများကို ကန့်သတ်ခြင်း၊ မတူကွဲပြားမှုအခန်းကဏ္ဍများကို ဖယ်ရှားကာ “ အကြမ်းဖက် ခြိမ်းခြောက်တိုက်ခိုက်နိုင်မှုအစစ်အမှန်” ကို အသုံးပြုကာ အမေရိကန် ပြည်ထောင်စုအား ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ပြန်လည် အတည်ပြုနိုင်ရန်‌ ဆောင်ရွက်မည်ဟု ပြောဆိုခဲ့သည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ ကာကွယ်ရေးဝန်ကြီးအတွက် လျာထားခံရသူအနေဖြင့် အသက် ၄၄ နှစ်ရှိပြီဖြစ်သော ဟက်ဂ်ဆက်သည် နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော စစ်သည်တစ်သန်းကျော်ကို ကွပ်ကဲကာ ၎င်းပြောဆိုထားချက်များကို အကောင်အထည်ဖော်ရန် အခွင့်အလမ်းရနိုင်တော့မည်ဖြစ်သည်။

အမေရိကန်စစ်တပ် အမျိုးသားအစောင့်တပ်မှ ခြေလျင်အရာရှိတစ်ဦးဖြစ်သော ဟက်ဂ်ဆက်သည် ဂွာတာနာမိုပင်လယ်အော်၊ အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးအဆင့်ဖြင့် စစ်မှုထမ်းခြင်းမှ ထွက်ခွာခဲ့ကြောင်း စစ်မှတ်တမ်းများအရ သိရသည်။ ဟက်ဂ်ဆက် သည် Fox News တွင် ၂၀၁၄ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ပြီး “ FOX & Friends Weekend” ကို ပူးတွဲတာဝန်ယူလုပ်ခဲ့သည်။ ထရန့်၏ ၂၀၁၆ မဲဆွယ်စည်းရုံးရေးကာလအတွင်း ထရန့်၏နိုင်ငံခြားရေးမူဝါဒနှင့် စစ်ရေးရပ်တည်ချက်များကို ဝေဖန်သူများကို ဟက်ဂ်ဆက်သည် ထရန့် ဖက်မှ အပြင်းထန်ဆုံး‌ပြောကြားကာ ကာကွယ်သူဖြစ်လာခဲ့သည်။

“ ပိ့ဟက်ဂ်ဆက်ဟာ ခိုင်မာထက်မြက်ပြီး အမေရိကန်ကို ပထမဦးစားပေးရမှာကို အစစ်အမှန် ယုံကြည်သူ တစ်ဦးဖြစ်ပါတယ်။ ပိ့ဟက်ဂ်ဆက်ရဲ့ ဦးဆောင်ပဲ့ကိုင်မှုနဲ့ အမေရိကန်ရဲ့ ရန်သူတွေက အသိအမှတ် ပြုလာရမှာပါ။ ကျွန်တော်တို့ရဲ့ တပ်မတော်ဟာ တဖန် ပြန်လည် ကြီးမြတ်လာမှာဖြစ်ပြီး၊ အမေရိကန်ဟာ ဘယ်တော့မှ နောက်ပြန်ဆုတ်မှာမဟုတ်ဘူး” ဟု ပိ့ဟက်ဂ်ဆက်၏ အမည်စာရင်းတင်သွင်းခြင်းကို ကြေညာရင်း‌ ထရန့်က ပြောဆိုခဲ့သည်။

New York Times အရောင်းရဆုံးစာအုပ် ရေးသားတဲ့သည့် စာရေးဆရာ ဟက်ဂ်ဆက်သည် စစ်ဘက်မူဝါဒအပေါ် မကြာခဏ မှတ်ချက်ပေးခဲ့ပြီး ၎င်း၏ ပထမဆုံးသော လုပ်ငန်းအမိန့်တစ်ခုသည် ပင်တဂွန်၏ မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပေါင်းစည်းမှုဆိုင်ရာ ကြိုးပမ်းမှုများကို ပံ့ပိုးပေးသည့် ဗိုလ်ချုပ်များကို အလုပ်ထုတ်မည်ဟု အကြံပြုထားသည်။

“အရင်ဆုံးတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဥက္ကဋ္ဌကို ရာထူးက ထုတ်ပစ်ပြီး ကာကွယ်ရေး ဝန်ကြီးအသစ်ကို ခေါ်ယူတော့မှာ ဖြစ်ပေမယ့် ပါ၀င်ပတ်သက်နေတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ရေတပ်ဗိုလ်ချုပ်တွေ ၊ ဘာပဲ ဖြစ်ဖြစ် သူတို့အားလုံး သွားရတော့မှာပါ” ဟု “ Shawn Ryan Show” ပေါ့ကတ်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ဟက်ဂ်ဆက်က ပြောကြားခဲ့သည်။ “ မင်းက စစ်တိုက်လာတာပဲဖြစ်ဖြစ်၊ ဒါဟာလုပ်ရမှာပဲ။ အဲဒါက ငါတို့ အလေးထားတဲ့ တစ်ခုတည်းသော ငါတို့အရေးထားတဲ့စမ်းသပ်မှုပဲ” ဟု သူက ပြောဆိုထားသည်။

ဟက်ဂ်ဆက်သည် ပြောင်းလဲမှုအကြီးအမားထက် စစ်သားများအတွက် ပုံမှန်အခြေအနေသို့ မကြာမီပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါအစီအစဥ်ကို ကြိုတင်ကာကွယ်ခဲ့သည်။

ဟက်ဂ်ဆက်သည် ရုရှားနှင့် တရုတ်ကဲ့သို့ နိုင်ငံများကို ခြိမ်းခြောက်မှုများအဖြစ် ဖော်ပြခဲ့သော်လည်း စစ်တပ်၏ အကြီးမားဆုံး ခြိမ်းခြောက်မှုကို ပြည်တွင်းသို့ ရည်ညွှန်းထားပြီး၊ “ နိုးကြားခြင်း” ဆိုသည့် လူမှုရေးမညီမျှမှုနှင့် အဆင့်အတန်းခွဲခြားမှုဆိုခြင်းသည် စစ်တပ်အတွင်းပိုင်းကို သွေးခွဲပိုင်းခြားကာ ရန်သူများက အမြတ်ထုတ်နိုင်သည့် ပြဿနာကို ဖန်တီးသည်ဟု စောဒကတက်ခဲ့သည်။

“ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုဟာ ပြည်တွင်းက ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဟာ ယဉ်ကျေးမှုဆိုင်ရာ သတ်ဖြတ်မှုကို ကျူးလွန်နေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ပြီးတော့ အမေရိကမှာ တုနှိုင်းလို့မရတဲ့ ဖွံ့ဖြိုးပြည့်စုံတဲ့ အနောက်တိုင်းယဥ်ကျေးမှု၊ သာယာဝပြောမှု၊ ခိုင်ခံ့မှု၊ လွတ်လပ်မှုတွေကို အာရုံစူးစိုက်မှု အခြေခံတွေနဲ့ တည်ဆောက်မှုအပိုင်းတွေကို ဆုံးရှုံးသွားပါပြီ” ဟု ဟက်ဂ်ဆက်က ပေါ့ကတ်တွင် ပြောကြားခဲ့သည်။

ဟက်ဂ်ဆက်သည် မတူကွဲပြားမှု (DEI) မူဝါဒများကို ပံ့ပိုးပေးသည့် စစ်ဘက်အရာရှိများအား အကုန်ထုတ်ပယ်ရှင်းလင်းရန် အဆိုပြုခဲ့ပြီး “ ဒီစစ်တပ်ကို အပေါ် ကနေ အောက်ခြေအထိ ရှေ့တန်းတင် ချေမှုန်းခြင်း” အထိလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ (ဘာသာြပန်သူ မှတ်ချက်- DEI ဆိုသည်မှာ မတူကွဲပြားမှု (Diversity), သာတူညီမျှရှိမှု (equity) နှင့် ထည့်သွင်းပါဝင်မှု (inclusion) ကို ဆိုလိုသည်)။

“ ကမ္ဘာမြေပေါ်မှာ စစ်တပ်ရဲ့ အမိုက်မဲဆုံး ‌ပြောတဲ့ စကားစုက ကျွန်တော်တို့ရဲ့ မတူကွဲပြား မှုဟာ ကျွန်တော်တို့ရဲ့ ခွန်အားပါပဲ” ဆိုတဲ့စကားပါပဲဟု ဟက်ဂ်ဆက်က ပြောကြားခဲ့ပြီး စစ်သားများအကြား တူညီမှုသည် စစ်တပ်၏ အင်အားအတွက် သော့ချက်ဖြစ်ကြောင်း အကြောင်းပြချက်ကို ဟက်ဂ်ဆက်က လက်မခံ ငြင်းချက်ထုတ် ပြောကြားခဲ့သည်။

“ စစ်ခေါင်းဆောင်တစ်ယောက်က “ မတူကွဲပြားမှုဟာ ကျွန်တော်တို့ရဲ့ အင်အား” လို့ ပြောသံကြားတိုင်း၊ ကျွန်တော် သူတို့ကိုပြောချင်တာက သူတို့အဲဒါကို ယုံကြည်ရင် သူတို့ ဘယ်လောက်တောင် ဘေးကနေ အယူဝါဒတွေကို သွတ်သွင်းနေတာကို ပြပေးချင်တယ်” ဟု ပြောကြားခဲ့သည်။

တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၏ ၁၇.၅% သည် အမျိုးသမီးများ ဖြစ်ကြ သော်လည်း စစ်ခေါင်းဆောင်များသည် ၎င်းတို့၏အခြေခံအင်အားစုသည် “ အင်အားကောင်းသည့် သာမန်အမျိုးသားများ” ဖြစ်သည်ကို အသိအမှတ်ပြုသင့်သည်ဟု ဟက်ဂ်ဆက်က ပြောဆိုထားသည်။

“ သင်လိုအပ်သလို ၈၂ လေထီးတပ် (82nd Airborne) မှာ ဝန်ထမ်းလုပ်ဖို့ ဆန်ဖရန်စစ္စကိုမှာ လက်စဘီယန် (မိန်းမချင်းသဘောကျသူ) တွေ လုံလုံလောက်လောက် မရှိဘူး၊ ကင်တာကီ၊ တက္ကဆက်၊ မြောက်ကာရိုလိုင်းနားနဲ့ ဝစ်ကွန်ဆင်မှာ ယောက်ျားလေးတွေ လိုအပ်နေပါတယ်” ဟု ဟက်ဂ်ဆက်က ယခုနှစ်အစောပိုင်းတွင် Tapson ၏ ပေါ့ကတ်တွင် ပြောကြားခဲ့သည်။

ဟက်ဂ်ဆက်သည် “ Take It Outside with Jay Cutler and Sam Mackey” ပေါ့ကတ်တွင် ပါဝင်‌ပြောကြားရာ၌ လိင်ပြောင်းစစ်သားများသည် စစ်ပွဲအတွက် ဆင့်ခေါ်ခြင်း မပြုနိုင်ကြောင်း အဘယ့်ကြောင့်ဆိုသော် သူတို့သည် “ ဓာတုပစ္စည်းများကို မှီခိုအားထားနေရသောကြောင့်” အမျိုးသမီးများသည် အချို့သော တိုက်ခိုက်ရေးကဏ္ဍများတွင် တာဝန်မထမ်းဆောင်သင့် ကြောင်း အကြံပြုခဲ့သည်။

“ အမျိုးသားနဲ့ အမျိုးသမီးတွေ အတူတူ ထမ်းဆောင်ရတဲ့ ကိစ္စတိုင်းက အခြေအနေကို ပိုရှုပ်ထွေးစေတယ်၊ ​​တိုက်ပွဲမှာ ဒီလို ရှုပ်ထွေးမှုတွေက အသေအပျောက် ပိုမိုများပြားစေပါတယ်” ဟု ဇီဝဗေဒဆိုင်ရာ အကြောင်းအရင်းများကြောင့် အမျိုးသားများသည် တိုက်ခိုက်ရေးကဏ္ဍများတွင် ပိုမိုစွမ်းဆောင်နိုင်သည်ဟု Ryan ၏ ပေါ့ကတ်တွင် ဟက်ဂ်ဆက်က ပြောကြားခဲ့သည်။

ရွေးကောက်ခံသမ္မတ၏ဖက်မှ စိတ်အားထက်သန်စွာ ခုခံကာကွယ်သူ ဟက်ဂ်ဆက်က ထရန့် လက်အောက်ရှိ အမေရိကန်စစ်တပ်သည် “ မသေချာ မရေရာဖြစ်နေမှု” နှင့် “ အမှန်တကယ် အကြမ်းဖက် ခြိမ်းခြောက်ခံနေရမှု ” နှစ်မျိုးလုံးကို တန်ပြန်ရာတွင် ပိုမိုထိရောက်စေမည်ဟု စောဒကတက်ခဲ့သည်။

“ အနည်းဆုံး ထရန့် လက်ထက်မှာ အကြမ်းဖက်သမားတွေရဲ့ ခေါင်းပေါ်ကို ဒုံးကျည်တွေ ကျရောက်ခဲ့တယ်” ဟု Rafa Conde နှင့် “ Man of War” ပေါ့ကတ်တွင် ဟက်ဂ်ဆက်က ပြောကြားခဲ့သည်။ “ သူဟာဘယ်လိုဟာကို ဆိုလိုမှန်း သူတို့သိတယ်။ ကင်ဂျုံအွန် (Kim Jong Un) နဲ့က အလုပ်မဖြစ်ပေမဲ့ ထရန့် က ဘာကို ဆိုလိုမှန်း သူသိတယ်။ မီးနဲ့ ဒေါသဆိုတာ တကယ့်အရာပဲ။ မသေချာမရေရာမှုက တကယ်ကိုဖြစ်နေတာပါ။ အကြမ်းဖက် ခြိမ်းခြောက်မှုက အမှန်ဖြစ်တယ် ၊ အဲဒါတွေအားလုံးက သူတို့က နည်းလမ်းတွေနဲ့ ပိတ်ဆို့နိုင်တယ်လို့ ယူဆတဲ့ ကမ္ဘာလုံးဆိုင်ရာ ဝါဒီတွေအောက်မှာ ရှိနေတယ်။”

ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း သူက ပြတ်ပြတ်သားသား ဝေဖန်လိုက်ပြီး ကုလသမဂ္ဂသည် ဟာသပြဇာတ်တခုသာြဖစ်ပြီး တိကျပြတ်သားသည့် လုပ်ဆောင်မှုဖြင့် ရေရှည် ပဋိပက္ခကို အဆုံးသတ်ရန် စစ်ရေးပေါ်လစီကို ရည်ရွယ်ချမှတ်ရန် ပညာပေးနေခြင်းသည်လည်း “ကြီးမားသည့်သရော်ချက်” သာြဖစ်သည်ဟုဆိုခဲ့သည်။

ကလေးလက်အိတ်နဲ့ ဒါမှမဟုတ် ခွဲစိတ်လက်အိတ်နဲ့ စမ်းကြည့်တာနဲ့ ရန်သူကို ဖယ်ရှားဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး၊ တကယ်တော့ ရန်သူတွေကို ရှုံးနိမ့်သွားအောင် သူတို့ကို သုတ်သင်ရှင်းလင်းပစ်ပြီးမှ တစ်ဖက်မှာ ငြိမ်းချမ်းရေးကို ဖန်တီးဖို့ပါပဲ။” ဟု သူက ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 36 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 45 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်