နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အမေရိကန်ခရီးစဉ်မတိုင်မီ နေတန်ယာဟုကို အတိုက်အခံများထိုးနှက်

အမေရိကန်ခရီးစဉ်မတိုင်မီ နေတန်ယာဟုကို အတိုက်အခံများထိုးနှက်

+++++++++++++++++++++++

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ ဇူလိုင်လ 17 ရက်နေ့မှာ ဥပဒေပြုလွှတ်တော်က အတိုက်အခံ အမတ်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ နေတန်ယာဟုဟာ ဟားမက်စ်တွေနဲ့ဖြစ်ပွါးနေတဲ့ စစ်ပွဲအတွက် စီမံခန့်ခွဲခြင်းနဲ့ ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို လွှတ်ပေးရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေကို အကြိမ်ကြိမ်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း နေတန်ယာဟုက မိမိတို့ရဲ့ ရည်မှန်းချက်တွေမပြီးမြောက်ခင်မှာ နိုင်ငံတကာဖိအားတွေကို ကျောခိုင်းပြီးခုခံသွားမယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အောက်တိုဘာလ 7 ရက်နေ့က ဟားမက်စ်တွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် အစ္စရေး အရပ်သား 1200 ကျော် သေဆုံးခဲ့ရပြီး 250 ကျော် ဓါးစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ကိစ္စမှာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအနေနဲ့ လုံခြုံရေးပျက်ကွက်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အစ္စရေးဟာ အဲ့ဒီလို ကျူးကျော်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ပါလက်စတိုင်းအရပ်သား 38000 ကျော် အသက်သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ အစ္စရေးအရပ်သား 100 ကျော်ကို ဟားမက်စ်တွေက ဓါးစာခံအဖြစ်ဆက်လက်ဖမ်းဆီးထားတာကြောင့် အစ္စရေးစစ်တပ်ဟာ ဂါဇာထဲမှာ အပြင်းအထန်တိုက်ခိုက် ရှာဖွေမှုတွေပြုလုပ်နေတာပါ။

ဒါပေမယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်နဲ့ အီဂျစ်၊ ကာတာနိုင်ငံတွေရဲ့ ကြားဝင်ဖြန်ဖြေပေးမှုတွေကြောင့် ဂါဇာထဲက စစ်ပွဲတွေ အဆုံးသတ်ပြီး ဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာနိုင်ဖွယ်ရှိနေပါတယ်။ အစ္စရေးနိုင်ငံထဲက ဆန္ဒပြပွဲတွေမှာတော့ ဓားစာခံတွေအမြန်ဆုံး အိမ်ပြန်ရောက်ရေးနဲ့ ဝန်ကြီးချုပ်နေတန်ယာဟု ရာထူးက နုတ်ထွက်ရေးကို တောင်းဆိုနေကြတာတွေလည်း ရှိပါတယ်။

နေတန်ယာဟုဟာ လာမယ့် သီတင်းပတ်အတွင်း ဝါရှင်တန်ကို သွားရောက်လည်ပတ်ပြီး အမေရိကန်လွှတ်တော်အတွင်း မိန့်ခွန်းပြောမယ့် အစီအစဉ်မတိုင်ခင်မှာပဲ ဗုဒ္ဓဟူးနေ့က အစ္စရေးပါလီမန်အတွင်း အခြေအတင်တွေဖြစ်ခဲ့ရတာပါ။ လွှတ်တော်ထဲမှာ အတိုက်အခံခေါင်းဆောင် ယိုင်ရာလာပစ်က ဓါးစာခံသဘောတူညီချက်ကို လက်ခံကြောင်း ကြေညာမှာလားဆိုတာကို မေးမြန်းခဲ့ရာကနေ အခြေအတင်စဖြစ်ခဲ့တာပါ။

အဲဒီလို မကြေညာဘူးဆိုရင်တော့ ဝါရှင်တန်ကို မသွားဘဲ ကာတာနဲ့ ကိုင်ရိုမှာပဲ အကြေအလည်ဆွေးနွေးဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ လာပစ်က “ ဓါးစာခံတွေ လိုဏ်ခေါင်းတွေထဲ အသက်ရှုကြပ်သေဆုံးနေရချိန်မှာ အဲယားကွန်းအခန်းထဲ မိန့်ခွန်းသွားမပြောပါနဲ့”လို့ ပြင်းပြင်းထန်ထန်ဝေဖန်ထိုးနှက်ခဲ့တာဖြစ်ပါတယ်။

နေတန်ယာဟုဟာ ဝါရှင်တန်မှာ ဂါဇာအတွင်း အစ္စရေးရဲ့ စစ်ရေးတိုက်ခိုက်မှုကို ကာကွယ်ပြီး ဟားမက်စ်တွေကို ရှုတ်ချခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 33 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ