နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟားခါးလမ်းခွဲ CNA ဂိတ်က ဂိတ်ဖြတ်တဲ့ တော်လှန်ရေးအင်အားစုတွေကို သတ်ပစ်မယ်ဆိုပြီး CNA တပ်ဖွဲ့ဝင်တွေ ခြိမ်းခြောက်နေဟုဆို

ဇွန်လ (၂၅) ရက်။

ချင်းပြည်နယ်၊ နရိန်ကနေ ဟားခါးမြို့နဲ့ မကွေးဘက်ကို သွားတဲ့လမ်းပေါ်မှာရှိတဲ့ဟားခါးလမ်းခွဲ ချင်းအမျိုးသားတပ်မတော် (CNA) ဂိတ်က CNA တပ်ဖွဲ့ဝင်တွေ သောက်စားမူးယဇ်နေပြီး ဂိတ်ကိုဖြတ်သမျှ တော်လှန်ရေးအင်အားစုတွေကို သေနတ်မောင်းတင်ပြီး ခြိမ်းခြောက်နေတယ်လို့ အဲ့ဒီဂိတ်ကို ဖြတ်သန်းနေရတဲ့ မကွေးနဲ့ စစ်ကိုင်းက တော်လှန်ရေးအင်အားစုတွေကို သေနတ်ကို မောင်းတင်ပြီး အသင့်အနေအထားနဲ့ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

အဲ့ဒီဂိတ်မှာ သေနတ် (၁၀) လက်လောက် ကိုင်ထားပြီး ဂိတ်စောင့်နေတဲ့ CNA တပ်ဖွဲ့ဝင်တွေဟာ အရက်ပုလင်းကို ဂိတ်မှာ ထောင်ထားပြီး မကွေးနဲ့ စစ်ကိုင်းက တော်လှန်ရေးအင်အားစုတွေ ဖြတ်တဲ့အခါ ပေးမဖြတ်ဘဲ သေနတ်မောင်းတင်ပြီး မင်းတို့ ယောကာကွယ်ရေးတပ် YDF ကလား YDF ကဆိုရင် သတ်ပစ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ သိရပါတယ်။

ဂိတ်ဖြတ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမှာ လက်နက်မပါဘဲ ဖြတ်တာဖြစ်ပေမယ့် တပ်ဖွဲ့ဝင်တွေကိုလည်း ထိုင်ခိုင်းထားပြီး တယ်လီဖုန်းတွေနဲ့ လက်ပတ်နာရီတွေကိုလည်း သိမ်းသွားတယ်လို့ ပြောပါတယ်။ အဲ့ဒီအဖွဲ့ဝင်က ထောက်ခံချက်နဲ့လာတာဖြစ်တဲ့အတွက် သတ်ချင်လည်းသတ်လိုက် မသတ်ခင် မင်းတို့ရဲ့ စစ်ဦးစီးချုပ်ကိုလည်း ဖုန်းဆက်မေးကြည့်အုံးလို့ ပြောတဲ့အခါမှ တာဝန်ရှိသူနဲ့ ပြောဆိုခဲ့ရပြီး ပြန်လွှတ်ပေးလိုက်တာလို့ ပြောပါတယ်။

ဂန့်ဂေါက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုက ထောက်ခံချက်နဲ့ တိုက်ပွဲအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ သယ်လာတကိုလည်း ပေးမသွားဘဲ လက်နက်ခဲယမ်းတွေကိုလည်း ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မြိုင်ပကဖ သယ်ယူလာတဲ့ ဒရုန်းတွေကိုလည်း သိမ်းယူထားပြီး ခေါင်းဆောင်တွေ ကိုယ်တိုင်လာယူမှ ပြန်ပေးမယ်ဆိုပြီး သိမ်းထားတယ်လို့ သိရပါတယ်။

ဇွန်လ (၂၄) ရက်နေ့ကလည်း မတူပီဘက်က ထွက်ပြေးလာတဲ့ CDM ဝန်ထမ်းတယောက်ကိုလည်း မျက်နှာအဝတ်စီးပြီး အရက်မူးနေတဲ့ CNA တပ်ဖွဲ့ဝင်တွေက ရိုက်နှက်နှိပ်စက်နေတာ သွေးထွက်သံယိုဖြစ်တာကို မျက်မြင်တွေ့ခဲ့ရတဲ့သူတစ်ဦးက ပြောပါတယ်။

လက်နက်မပါတဲ့ တော်လှန်ရေးအင်အားစုတွေအပြင် ဂိတ်ဖြတ်တဲ့ အရပ်သားပြည်သူတွေကိုလည်း နည်းအမျိုးမျိုးနဲ့ အာဏာပြ ဖိနှိပ်နေတယ်လို့ ခရီးသွားဒေသခံတွေကလည်း ပြောပါတယ်။ CNA လူကြီးပိုင်းတွေ အောက်ခြေမှာ မူးရူးရမ်းကားနေတဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေကို စစ်ဆေးကြည့်ရှုပြီး ထိန်းကျောင်းပေးစေလိုတယ်လို့ ဂိတ်ဖြတ်လာတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်သားပြည်သူတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးကို AA ရောက်ရှိလာဟုဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 6 Views
အောက်တိုဘာလ (၂၄) ရက်။ ရခိုင်ပြည်၊ အမ်းမြိုနယ်မှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာအနီးကို အာရက္ခတပ်တော် (AA) ရောက်ရှိလာပြီလို့
မြန်မာသတင်း

ဘုတလင်နယ် စိုင်ပြင်လေးရွာထဲက စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ဘုတလင်နယ် စိုင်ပြင်လေးရွာထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Monywa
မြန်မာသတင်း

PDF ဂိတ်ကို လမ်းမှားဝင်လာပြီး အဖမ်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်က လင်မယားကို KNLA ထံအပ်နှံ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 10 Views
အောက်တိုဘာလ (၂၄)ရက်။ သိမ်ဇရပ်မြို့နယ်မှာ PDF စစ်ဆေးရေးဂိတ်ကို လမ်းမှားဝင်လာပြီး ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူနဲ့ ဇနီးတို့ကို KNLA ထံ အပ်နှံခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးကို
မြန်မာသတင်း

ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အင်အား စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
အောက်တိုဘာလ (၂၄)ရက်။ ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တွေက စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ‌ပြောဆိုထားချက်တွေအရ သိရပါတယ်။ စစ်ကောင်စီနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်တို့က
မြန်မာသတင်း

ဝေါမြို့ X-Ray စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်လာသူကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က ည (၆)နာရီ (၅၀)မိနစ်အချိန်က ဝေါမြို့၊ ဗျူဟာလမ်းဆုံအနီးရှိ X-Ray စက် စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်လာသူကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ X-Ray စက် စစ်ဆေးရေးဂိတ်မှာ
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ နိုင်ငံရေးအကျဉ်းသူတွေ အရေးပြားရောဂါခံစားနေကြရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ထဲက ရေပြတ်လပ်တာတွေ ဖြစ်ပေါ်နေပြီး နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ထဲ အခုလ ပထမအပတ်ကစပြီး ချိုးရေမလုံလောက်တာနဲ့ အသုံးပြုနေတဲ့ ရေကန် သန့်ရှင်းတာမရှိဘဲ
မြန်မာသတင်း

ရွှေပြည်သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က ည (၈)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ (၂)ရပ်ကွက်နဲ့ (၂၁)ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည
မြန်မာသတင်း

ဒီပဲယင်းနယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ဖို့ စစ်လော်ဘီတွေက လှုံ့ဆော်နေ၊ 

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး အောက်တိုဘာလ (၂၄)ရက်။ စစ်ကိုင်းတိုင်းရှိ ဒီပဲယင်းနယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ သင်္ဃန်းဝတ် ဝါသဝအပါအဝင် စစ်တပ်လော်ဘီတွေက သူတို့ရဲ့ တယ်လီဂရန်ချန်နယ်တွေကနေတဆင့် လှုံ့ဆော်ရေးသားနေတယ်လို့ သိရပါတယ်။ “ ဒီပဲယင်းကို