နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟားခါးလမ်းခွဲ CNA ဂိတ်က ဂိတ်ဖြတ်တဲ့ တော်လှန်ရေးအင်အားစုတွေကို သတ်ပစ်မယ်ဆိုပြီး CNA တပ်ဖွဲ့ဝင်တွေ ခြိမ်းခြောက်နေဟုဆို

ဇွန်လ (၂၅) ရက်။

ချင်းပြည်နယ်၊ နရိန်ကနေ ဟားခါးမြို့နဲ့ မကွေးဘက်ကို သွားတဲ့လမ်းပေါ်မှာရှိတဲ့ဟားခါးလမ်းခွဲ ချင်းအမျိုးသားတပ်မတော် (CNA) ဂိတ်က CNA တပ်ဖွဲ့ဝင်တွေ သောက်စားမူးယဇ်နေပြီး ဂိတ်ကိုဖြတ်သမျှ တော်လှန်ရေးအင်အားစုတွေကို သေနတ်မောင်းတင်ပြီး ခြိမ်းခြောက်နေတယ်လို့ အဲ့ဒီဂိတ်ကို ဖြတ်သန်းနေရတဲ့ မကွေးနဲ့ စစ်ကိုင်းက တော်လှန်ရေးအင်အားစုတွေကို သေနတ်ကို မောင်းတင်ပြီး အသင့်အနေအထားနဲ့ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

အဲ့ဒီဂိတ်မှာ သေနတ် (၁၀) လက်လောက် ကိုင်ထားပြီး ဂိတ်စောင့်နေတဲ့ CNA တပ်ဖွဲ့ဝင်တွေဟာ အရက်ပုလင်းကို ဂိတ်မှာ ထောင်ထားပြီး မကွေးနဲ့ စစ်ကိုင်းက တော်လှန်ရေးအင်အားစုတွေ ဖြတ်တဲ့အခါ ပေးမဖြတ်ဘဲ သေနတ်မောင်းတင်ပြီး မင်းတို့ ယောကာကွယ်ရေးတပ် YDF ကလား YDF ကဆိုရင် သတ်ပစ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ သိရပါတယ်။

ဂိတ်ဖြတ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမှာ လက်နက်မပါဘဲ ဖြတ်တာဖြစ်ပေမယ့် တပ်ဖွဲ့ဝင်တွေကိုလည်း ထိုင်ခိုင်းထားပြီး တယ်လီဖုန်းတွေနဲ့ လက်ပတ်နာရီတွေကိုလည်း သိမ်းသွားတယ်လို့ ပြောပါတယ်။ အဲ့ဒီအဖွဲ့ဝင်က ထောက်ခံချက်နဲ့လာတာဖြစ်တဲ့အတွက် သတ်ချင်လည်းသတ်လိုက် မသတ်ခင် မင်းတို့ရဲ့ စစ်ဦးစီးချုပ်ကိုလည်း ဖုန်းဆက်မေးကြည့်အုံးလို့ ပြောတဲ့အခါမှ တာဝန်ရှိသူနဲ့ ပြောဆိုခဲ့ရပြီး ပြန်လွှတ်ပေးလိုက်တာလို့ ပြောပါတယ်။

ဂန့်ဂေါက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုက ထောက်ခံချက်နဲ့ တိုက်ပွဲအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ သယ်လာတကိုလည်း ပေးမသွားဘဲ လက်နက်ခဲယမ်းတွေကိုလည်း ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မြိုင်ပကဖ သယ်ယူလာတဲ့ ဒရုန်းတွေကိုလည်း သိမ်းယူထားပြီး ခေါင်းဆောင်တွေ ကိုယ်တိုင်လာယူမှ ပြန်ပေးမယ်ဆိုပြီး သိမ်းထားတယ်လို့ သိရပါတယ်။

ဇွန်လ (၂၄) ရက်နေ့ကလည်း မတူပီဘက်က ထွက်ပြေးလာတဲ့ CDM ဝန်ထမ်းတယောက်ကိုလည်း မျက်နှာအဝတ်စီးပြီး အရက်မူးနေတဲ့ CNA တပ်ဖွဲ့ဝင်တွေက ရိုက်နှက်နှိပ်စက်နေတာ သွေးထွက်သံယိုဖြစ်တာကို မျက်မြင်တွေ့ခဲ့ရတဲ့သူတစ်ဦးက ပြောပါတယ်။

လက်နက်မပါတဲ့ တော်လှန်ရေးအင်အားစုတွေအပြင် ဂိတ်ဖြတ်တဲ့ အရပ်သားပြည်သူတွေကိုလည်း နည်းအမျိုးမျိုးနဲ့ အာဏာပြ ဖိနှိပ်နေတယ်လို့ ခရီးသွားဒေသခံတွေကလည်း ပြောပါတယ်။ CNA လူကြီးပိုင်းတွေ အောက်ခြေမှာ မူးရူးရမ်းကားနေတဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေကို စစ်ဆေးကြည့်ရှုပြီး ထိန်းကျောင်းပေးစေလိုတယ်လို့ ဂိတ်ဖြတ်လာတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်သားပြည်သူတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အသိပညာအားနည်းတာကြောင့် စစ်ကိုင်းတိုင်းမှာ ဆူပူတာတွေ ပေါများတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်ကိုင်းတိုင်းမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟုမ္မလင်းမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 14 Views
မြေပြင်မှာတော့ ဧရိယာအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ကရင်နီပြည် ဖားဆောင်းမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံကနေ ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင် ညွှန်ကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံထဲကနေ အပြီးအပိုင် ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံ‌ခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် သူ့ရဲ့ ကတိကဝတ်တွေနဲ့ တာဝန်တွေကို လိုက်နာဆောင်ရွက်တာမရှိဘူးလို့ ဆိုပါတယ်။ တီမောသမ္မတဟာ မြန်မာစစ်တပ်အပေါ်
မြန်မာသတင်း

ထောင်ထဲဆန္ဒပြတဲ့ဖြစ်စဉ်တွေမှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်တာကာလထဲ ကြီးမားတဲ့ ထောင်ထဲဆန္ဒပြလှုပ်ရှားမှု (၁၈)ခုထက်မနည်း ရှိခဲ့တယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ‌ဖြစ်စဉ်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး
မြန်မာသတင်း

“မိုင်းကြေးနဲ့ ပညာရေးပဲခူးတိုင်း နုဂျီ သစ်ထုတ်ဖို့အရေးLPDF တွေကိုမောင်းထုတ်တယ်လေး””

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 30 Views
အထက်ပါခေါင်းစဥ်နဲ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၄) ကြိမ်အဖြစ် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာပြည်တွင်းမှာဘာတွေဖြစ်နေတယ် ဘယ်လိုမြင်ကြတယ်ဆိုတာကိုဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ဝက်လက်မြို့နယ်ထဲက လုပ်ကြံသတ်ဖြတ်မှုတွေနဲ့တန့်ဆည်မြို့နယ်က ပကဖတွေက မိုင်းထောင်ကြေးကို မပေးတဲ့ထန်းပင်ဆိပ်ရွာက ကလေးတွေကို ကျောင်းတက်ခွင့် မပေးတာတွေ နဲ့အတူ ပဲခူးတိုင်း ပီဒီအဖ် စစ်ဌာနနယ်မြေမှာဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို
မြန်မာသတင်း

နာဗာလ်နီသည် သူထောင်ထဲမှာပဲ သေရလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ကိုယ်တိုင်ရေး အမှတ်တရစာအုပ်တွင် ဖော်ပြထားသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
BBC- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် ရုရှား၏ ဆယ်စုနှစ်တစ်ခုစာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ သည် သူအကျဉ်းထောင်ထဲတွင်ပင် သေဆုံးလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း သူ၏ ကိုယ်တိုင် ရေး အမှတ်တရစာအုပ်တွင်
မြန်မာသတင်း

ပုတီးကုန်းမြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်း မိုင်းဆွဲပစ်ခတ်ခံရပြီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၆)နာရီအချိန်က ပြည်ခရိုင် ပုတီးကုန်းမြို့ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို မိုင်းဆွဲပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို PDF ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)ကွပ်ကဲမှုနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ် (၂)ဦး MDY-PDF ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးက အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၄၁၇)က အပတ်စဉ် (၁၇)ဆင်း ပြည်သူ့စစ်