နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်ဖို့ နေတန်ယာဟုကို ဂျိုးဘိုင်ဒန်နဲ့ ကာမာလာဟားရစ်ဖိအားပေး

+++++++++++++++++++

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို ကြာသပတေးနေ့က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး 9 လကြာဖြစ်ပွါးနေခဲ့တဲ့ ဂါဇာစစ်ပွဲကို အပစ်အခတ်ရပ်စဲဖို့ ဖိအားပေးပြောဆိုခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက “ ဆက်ပြီးဆွေးနွေးရမယ့်အချက်တွေရှိနေပါသေးတယ်”လို့ တရားဝင်သတင်းထုတ်ပြန်ပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ အစ္စရေး၊ ဟားမက်စ် နှစ်ဖွဲ့စလုံး အပစ်အခတ်ရပ်စဲပေးဖို့နဲ့ အောက်တိုဘာလ 7 ရက်နေ့က တိုက်ခိုက်မှုမှာ ဟားမက်စ်တွေဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံတွေ လွတ်မြောက်ရေးအတွက် သဘောတူညီချက်ရရှိဖို့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

“ အမေရိကန်တွေအနေနဲ့ ဓါးစာခံတွေအားလုံးကို အိမ်ပြန်ရောက်စေချင်ပါတယ်။ ဒါကြောင့်လည်း အခု အဆိုပြုချက်က အရေးကြီးပါတယ်။ အားလုံးသဘောတူညီဖို့လည်း နီးစပ်နေပါပြီ။ အရင်ကထက်ပိုနီးစပ်နေပြီလို့လည်း ယုံကြည်ပါတယ်” လို့ ဂျွန်ကာဘီက ပြောသွားခဲ့တာပါ။

အခုတွေ့ဆုံမှုဟာ ဟားမက်စ်တွေရဲ့တိုက်ခိုက်မှုအပြီးမှာ အစ္စရေးကို ဂျိုးဘိုင်ဒန်ကို သွားရောက်ပြီး နေတန်ယာဟုကို ပွေ့ဖက်ကာ အမေရိကန်က ထောက်ခံသွားမယ်လို့ ကတိပြုခဲ့တဲ့နောက်ပိုင်း  ပထမဆုံးအကြိမ် မျက်နာချင်းဆိုင် တွေ့ဆုံမှုဖြစ်ပါတယ်။ တွေ့ဆုံချိန်မှာတော့ နေတန်ယာဟုက အစ္စရေးရဲ့လုံခြုံရေးအတွက် အမြဲတမ်း မားမား မတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် လူပေါင်း 39000 ကျော်အသက်သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ ထိုးစစ်ကြောင့် အမေရိကန်နဲ့ အစ္စရေးခေါင်းဆောင်နှစ်ဦးရဲ့ဆက်ဆံရေးဟာ လအတန်ကြာ တင်းမာမှုတွေရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဂါဇာပဋိပက္ခကြောင့် ဒီမိုကရက်တစ်ပါတီဝင်တွေကြားမှာ အက်ကြောင်းတွေဖြစ်ပေါ်ခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေဟာ ဗုဒ္ဓဟူးနေ့က ကွန်ဂရက်မှာ နေတန်ယာဟု မိန့်ခွန်းပြောဆိုတာကို သပိတ်မှောက်ခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ရာရှီဒါတီလိုင်က နေတန်ယာဟုကို စစ်ရာဇဝတ်ကောင်လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ကွန်ဂရက်ထဲထိုင်နေခဲ့တာပါ။

အမေရိကန်ဟာ အစ္စရေးအတွက် အဓိက လက်နက်တင်ပို့ပေးသူဖြစ်ပေမယ့် သမ္မတဂျိုးဘိုင်ဒန်ဟာ အခုနှစ်အစပိုင်းက စပြီး  ဂါဇာစစ်ပွဲအတွက် မသင့်တော်ဘူးလို့ ယူဆရတဲ့ လက်နက်ခဲယမ်းတွေကို သတိကြီးကြီးထားပြီး ပို့ဆောင်ပေးခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ အမေရိကန်သမ္မတလောင်း ကာမာလာဟားရစ်နဲ့ ထပ်မံတွေ့ဆုံခဲ့ရာမှာ ကာမာလာဟားရစ်က အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လေသံမာမာတုံ့ပြန်ပြောဆိုခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့လည်း သောကြာနေ့မှာ ထပ်မံသွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 34 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ