နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်သည် DEI ကို တိုက်ဖျက်ရာတွင် ကူညီပေးနေပြီး သူ၏ SpaceX သည် အသားအရောင်ရှိသော အမျိုးသမီးတဦးကို ပထမဦးဆုံး လပေါ်သို့ စေလွှတ်ရန် ကြီးမားသော သဘောတူ စာချုပ်တစ်ခု ရှိသည်။

Elon Musk ၏ DOGE (အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာနအသစ်) သည် အစိုးရ အစီအစဉ်များကို ဖြတ်တောက်ရန် လုပ်ဆောင်နေသည်။

(ရှင်းလင်းချက်- DEI အဓိပ္ပါယ်- diversity (မတူကွဲပြားမှု)၊ equity (သာတူညီမျှမှု)၊ inclusion (ပေါင်းစည်းမှု) အဓိကလိင်ပြောင်းသူများနှင့် လိင်တူချစ်သူများကို ပစ်မှတ်ထားသည့် အစီအစဥ် ဖြစ်သည်)

အီလွန်မတ်၏ အစိုးရစွမ်းဆောင်ရည်ထိရောက်ရေး ဌာနအသစ်သည် အမှိုက်များကို ဖယ်ရှားပြီး မတူကွဲပြားမှုအစီအစဉ်များကို ဖြတ်တောက်ခြင်းဖြင့် အစိုးရအသုံးစရိတ်များကို လျှော့ချရန် လုပ်ဆောင်နေသောကြောင့် ၎င်း၏ SpaceX ကော်ပိုရေးရှင်းသည် လက်ရှိတွင် NASA ၏ ပထမဆုံး အသားအရောင်ရှိသူ အမျိုးသမီး (လူဖြူမဟုတ်သူ) ဆင်းသက်နိုင်ရန် ဒေါ်လာဘီလီယံပေါင်းများစွာရှိသော လုပ်ဆောင်ခွင့် ကန်ထရိုက်ကို ရရှိထားသည်။

၂၀၂၁ ခုနှစ်တွင် NASA သည် ၎င်း၏ Artemis အစီအစဉ်အရ လပေါ်တွင် ရေရှည် လူသားတို့ လေ့လာစူးစမ်းရေး အစီအစဥ်အတွက် အာကာသယာဉ်တည်ဆောက်ရန်အတွက် SpaceX အား ဒေါ်လာ ၂.၉ ဘီလီယံ ကန်ထရိုက်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။

Artemis ပရိုဂရမ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် လကိုစူးစမ်းလေ့လာရန် အာကာသယာဉ်မှူးများကို NASA က စေလွှတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း NASA မှ ၂၀၂၁ ခုနှစ် သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ အဲဒီ အာကာသယာဉ်မှူးတွေထဲက အနည်းဆုံးတစ်ယောက်ဟာ လပေါ်ရောက် ပထမဆုံး အမျိုးသမီးအဖြစ် သမိုင်းဝင် ဖြစ်ပါလိမ့်မယ်။ Artemis ပရိုဂရမ်ရဲ့ နောက်ထပ် ရည်မှန်းချက် တစ်ခုကတော့ လရဲ့ မျက်နှာပြင်ပေါ် ပထမဆုံး ဆင်းသက်တဲ့ အသားအရောင်ရှိတဲ့လူကို ဆင်းသက်စေဖို့ ပါ၀င်ပါတယ်။”

၂၀၂၃ ခုနှစ်တွင် NASA မှ Artemis လရှာဖွေရေးမစ်ရှင်အတွက် အာကာသယဥ်မှူးများအဖြစ် ရေတပ်ဗိုလ်ကြီး ဗစ်တာ ဂလိုဗာ (Victor Glover) နှင့် တစ်နှစ်တာအကောင်းဆုံး အင်ဂျင်နီယာ ဂုဏ်ပြုဆုရရှိသူ မြောက်ကယ်ရိုလိုင်းနားဇာတိ ခရစ်တီတနာ ကော့ခ်ျ (Christina Koch) ၊ အမျိုးသမီးတစ်ဦး၏ အရှည်ကြာဆုံး အာကာသပျံသန်းမှုအတွက် စံချိန်တင်ထားသူ နှင့် အာကာသရုံး အကြီးအကဲဟောင်း ရိဒ် ဝိုက်စ်မန် (Reid Wiseman) နှင့် ကနေဒါ အာကာသ ယာဉ်မှူးနှင့် တိုက်လေယဥ်မှူး ဂျယ်ရမီ ဟင်ဆန် (Jeremy Hansen )တို့ ပါဝင် ကြောင်း ကြေညာခဲ့သည်။

“ ဒီအဖွဲ့မှာ အမျိုးသမီးတစ်ဦးနဲ့ လူမည်းအာကာသယာဉ်မှူးတစ်ယောက်ပါဝင်ရမယ် ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ရုံးဟာ ဘယ်လိုရုံးမျိုးလဲဆိုတာသိစေဖို့ပေါ့ ဒါဟာ ကျွန်တော့်အတွက် အရေးကြီးပါတယ်” ဟု ဂလိုဗာက ABC သတင်း၏ လင်ဆေးဒေးဗစ် (Linsey Davis) ကို ဖေဖော်ဝါရီ လ ၂၀၂၄ ခုနှစ်မှာ ပြောကြားခဲ့ပါသည်။

DOGE ၏ အကြီးအကဲအဖြစ် မတ်စ်သည် သမ္မတ ‌ဒေါ်နယ်ထရန့်၏ အစိုးရအရွယ်အစားကို လျှော့ချရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖက်ဒရယ်အေဂျင်စီများနှင့် ပရိုဂရမ်များကို ဓားဖြင့် လှီးဖြတ်နေသကဲ့သို့ ချုံ့နေသည်။ သူသည် ဒေါ်လာတစ်ဘီလီယံ တန်ဖိုးရှိ ဖက်ဒရယ် DEI ပရိုဂရမ်များကို ဖြတ်တောက်ခဲ့ကြောင်း၊ DOGE သည် ပိုစတာများနှင့် ဆိုင်းဘုတ်များအပါအဝင် DEI နှင့်ပတ်သက်သည့်ဆိုင်းဘုတ်ကြီးများမှ အေဂျင်စီများအား DEI နှင့်ပတ်သက်သည့် မည်သည့်အရာကိုမဆို ဖယ်ရှားရန် ညွှန်ကြားထားပြီး၊ ဖက်ဒရယ်အစိုးရမှ DEI အစပြုမှုများကို ဖယ်ရှားရန် ထရန့် ၏ သမတ အမိန့်ကို လိုက်နာကြောင်း သေချာစေရန် ရေချိုးခန်းဆိုင်းဘုတ်များမှအစ DEI အစအနများကင်းရှင်းစေရန် စစ်ဆေးခဲ့သည်။

NASA ကိုယ်စားလှယ်များနှင့် SpaceX မှ ကိုယ်စားလှယ်များသည် ABC News မှ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပေ။

SpaceX နှင့် ပူးပေါင်းဆောင်ရွက်ကြောင်း၂၀၂၁ ခုနှစ် ကြေညာချက်မှ စတင်၍ NASA သည် လဆင်းသက်ခြင်းမစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မတ်စ်၏ အာကာသကုမ္ပဏီအတွက် နောက်ထပ်စာချုပ်များကို ထုတ်ပြန်ကြေညာခဲ့သည်။ ဖက်ဒရယ်အသုံးစရိတ်ဒေတာအရ ယခုအချိန်အထိ၊ SpaceX သည် ဒေါ်လာ ၂.၈ ဘီလီယံ ပေးဆောင်မှုများ ရရှိထားပြီး စုစုပေါင်း ချီးမြှင့်မှုသည် ဒေါ်လာ ၄.၄ ဘီလီယံအထိ ရှိလာနိုင်သည်။

SpaceX သည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ဖက်ဒရယ်ကန်ထရိုက်များတွင် ကန်ဒေါ်လာ ၁၈ ဘီလီယံကျော်ရရှိခဲ့ပြီး NASA သည် ယင်းတို့အနက်မှ ဒေါ်လာ ၁၃ ဘီလီယံ အထိရရှိ ကြောင်း ဖက်ဒရယ်အသုံးစရိတ်အချက်အလက်များက ဖော်ပြသည်။

“ SpaceX က NASA ကို ကျဆုံးစေမှာမဟုတ်ဘူး!ဟု “ မတ်စ်က ၂၀၂၂ ခုနှစ်တွင် NASA စီမံခန့်ခွဲသူ ဘေးလ်နယ်ဆန် (Bill Nelson) မှ ကုမ္ပဏီအတွက်နောက်ထပ် ဒေါ်လာ ၁.၁၅ ဘီလီယံ စာချုပ်ကိုကြေညာခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် တွစ်တာတွင် ရေးသားခဲ့သည်။

ပါဝင်ပေါင်းစည်းမှုအစီအစဥ်ရှေ့ပြေးလေ့လာချက် (“ Inclusion Plan Pilot Study” ) အပါအဝင် ပါဝင်ပေါင်းစည်းမှုအစီအစဥ်များ(“ Inclusion Plans” )အတွက် လိုအပ်ချက်များကို ဖယ်ရှားခြင်းနှင့် “ NASA ၏ DEIA ပရိုဂရမ်များကို ရည်ညွှန်းချက်များကို ဖယ်ရှားခြင်း” အပါအဝင် အချို့သော ပရိုဂရမ်အစိတ်အပိုင်းများကို ပြင်ဆင်ခြင်းဖြင့် DEI ပရိုဂရမ်များကို အဆုံးသတ်ရန် ရည်ရွယ်သည့် ထရန့်၏ သမတအမိန့်ကို လိုက်နာရန် ပြီးခဲ့သည့်လတွင် NASA မှ ပြောကြားခဲ့ပါသည်။ ထရန့် ၏ DEI အမိန့်ကို နာဆာ၏ လိုက်နာမှုသည် ၎င်း၏ကန်ထရိုက်တာတစ်ဦးစီထံ တိုးချဲ့မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Artemis ပရိုဂရမ်ကို ၎င်း၏ပထမဆုံးအုပ်ချုပ်မှုကာလအတွင်း ထရန့်၏ညွှန်ကြားချက်အရ ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် Apollo 17 မစ်ရှင်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူသားများအား လပေါ်သို့ ပို့ဆောင်ရန် ရည်ရွယ်ချက်ဖြစ်ပြီး အင်္ဂါဂြိုဟ်သို့သွားရန် ချဲ့ထွင်ထားသည့် ရေရှည်ရည်မှန်းချက်တစ်ခုဖြစ်သည်။

သတင်းရင်းမြစ်။ ABC News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 30 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ