နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ရှိ ဆေးရုံများကို တိုက်ခိုက်ခြင်းအား ကာကွယ်ရန် စစ်ကြောရေးဗီဒီယိုကို အစ္စရေးစစ်တပ် ထုတ်ပြန်

ဇန်နဝါရီလ (၉) ရက်။

ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများကို ပြင်းထန်စွာ တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် အစ္စရေးစစ်တပ်သည် ယခုသီတင်းပတ်အတွင်း ဟားမတ်စ်၏ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို စစ်ရေးလှုပ်ရှားမှုအတွက် အကာအကွယ်အဖြစ် အသုံးပြုသည်ဟု တည်းဖြတ်ထားသည့် စစ်ကြောရေး ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

ဂါဇာမြောက်ပိုင်းရှိ ကာမဲလ် အက်ဒဝမ် (Kamal Adwan) ဆေးရုံမှ ဝန်ထမ်းတစ်ဦးဟု ယူဆရသည့် အမျိုးသားတစ်ဦးက ၎င်းသည် ၂၀၂၁ ခုနှစ်တွင် ဟားမတ်စ်အဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ၎င်းအဖွဲ့အစည်း၏မဟာမိတ်ဖြစ်သည့် ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ်များသည် ဆေးရုံများတွင် အခြေစိုက်ထားခြင်းမှာ “ သူတို့အနေနှင့် အဲဒီနေရာကို အစ္စရေးစစ်တပ်က ပစ်မှတ်ထားမှာ မဟုတ်ဘူးလို့ သူတို့ယုံကြည်တာကြောင့်” ဖြစ်ကြောင်း‌ပြောကြားခဲ့သည်။

အစ္စရေး ထိန်းသိမ်းရေးစခန်းတွင် စကားပြောနေစဉ် ထိုသူသည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ဖိနှိပ်ခြိမ်းခြောက်မှုအောက်တွင် ရှိနေပုံပေါ်သည်။ အရပ်သားများနှင့် စစ်သားများကို အကာအကွယ်ပေးသည့် စစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဥ်းများ သတ်မှတ်ပေးသည့် ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်သုံ့ပန်းများ၏ ရုပ်ပုံများကို “လူထုသိချင်စိတ်” ဖြစ်လာစေရန် မဖော်ပြသင့်ဟု ဆိုထားသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက ဗီဒီယိုရိုက်ထားသည့် စစ်ဆေးမေးမြန်းမှုများနှင့် သက်ဆိုင်သည့် “ စစ်သုံ့ပန်း POW” များသည် ဆန္ဒအလျောက် အများပြည်သူသို့ ထုတ်ပြန်ပေးရန် သို့မဟုတ် ရုပ်ပုံများကို မှတ်တမ်းတင်ရာတွင် လိုလားစွာ ပါဝင်သော်လည်း အများပြည်သူအား ထုတ်ဖော်ပြခြင်းသည် ဥပဒေနှင့်မညီပါ” ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် “ သူတို့ အန္တရာယ်ကင်းစွာနေနိုင်ရေးမှာ မိမိရန်သူ၏အာဏာအောက်တွင် လုံးလုံးလျားလျား မူတည်နေသောကြောင့်ဖြစ်သည်” ဟုဆိုသည်။

အစ္စရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော ဂါဇာဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၃၀ ကျော်ထဲမှ အချို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည့် အစ္စရေးသမားတော်များဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ (PHRI) က ထိန်းသိမ်းခံ ထားရသူများသည် မကြာခဏ ညှဉ်းပန်း နှိပ်စက်ခြင်းခံရကြောင်း‌ပြောကြားခဲ့သော်လည်း အစ္စရေးအစိုးရက ငြင်းဆိုထားသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဂါဇာရှိဆေးရုံများကို လက်နက်ကိုင်ဒရုန်းများနှင့် မြေပြင်စီးနင်းမှုများဖြင့် အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဟားမတ်စ်သည် အဆောက်အအုံများကို “ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှု” စင်တာများအဖြစ် အသုံးပြုသည်ဟု စွပ်စွဲထားသည်။

အဆိုပါ စီးနင်းမှုတွင် ထိန်းသိမ်းခံထားရသော ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးရုံများတွင် တွေ့ရှိရသည့် လက်နက်ငယ် ဓာတ်ပုံများ၊ ဆေးရုံအနီးတစ်ဝိုက်တွင် လှုပ်ရှားနေသည့် စစ်သွေးကြွများ၏ ဗီဒီယိုများကို တပ်မတော်က ပုံမှန်ထုတ်ပြန်လေ့ ရှိသော်လည်း ဆေးရုံဝင်းအတွင်း ကွပ်ကဲမှုစင်တာတစ်ခုနှင့် ပတ်သက်သည့် ခိုင်လုံသော သက်သေ အထောက်အထား မပြနိုင်သေးပေ။

ပြီးခဲ့သည့်လက အစ္စရေး၏ စီးနင်းမှုအပြီးတွင် ဂါဇာမြောက်ပိုင်း၏ နောက်ဆုံး ဝန်ဆောင်မှုပေးနေသော ဆေးရုံဖြစ်သည့် ကာမဲလ် အက်ဒဝမ် (Kamal Adwan) သည် ကုသပေးနေမှုမှ ရပ်စဲခံခဲ့ရသည်။ “ဟားမတ်စ်နှင့် အစ္စလမ္မစ်ဂျီဟတ် အကြမ်းဖက်သမား ၂၄၀” ကို ဖမ်းမိခဲ့သည်ဟု အစ္စရေး စစ်တပ်က အခိုင်အမာဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် အစ္စရေးအာဏာပိုင်များက “ဟားမတ်စ် အကြမ်းဖက်သမားများကို စီမံခန့်ခွဲနေသူ” ဟု သံသယရှိနေသည့် ဆေးရုံအကြီးအကဲ ဒေါက်တာ ဟူဆမ် အဘူ ဆာဖီရာ (Hussam Abu Safiya) လည်းပါသည်၊ အစ္စရေးအာဏာပိုင်များက အထောက်အထား မပြနိုင်ဘဲ စွပ်စွဲထားသည်။

ဒေါက်တာ အဘူ ဆာဖီရာသည် အောက်တိုဘာလကုန်တွင် ခေတ္တထိန်းသိမ်းခံခဲ့ရသော်လည်း နာရီများစွာကြာပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ ယခုအခါ သူသည် အစ္စရေး ထိန်းသိမ်းရေးစခန်းတွင် ကျန်ရှိနေပြီး ရှေ့နေတစ်ဦးက သူထံဝင်ရောက်တွေ့ဆုံခွင့်ကို ငြင်းပယ်ခံရကြောင်း PHRI ၏ ပြောကြားချက်အရ သိရသည်။ ၎င်း၏မိခင်သည် ယခုသီတင်းပတ်အတွင်း နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း ၎င်း၏မိသားစုက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

“အစ္စရေးဟာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ရာနဲ့ချီကို ဖမ်းဆီးထားပါတယ်” ဟု PHRI ၏ အကြီးအကဲ ဂိုင်းရှလီ့ဗ် (Guy Shalev) က ပြီးခဲ့သည့်လက အယ်ဂျာဇီယာ(Al Jazeera) သတင်းဌာန သို့ ပြောကြားခဲ့သည်။ “သူတို့က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၃၀ ကို ချုပ်နှောင်ထားဆဲပါ။ အဲဒီအထဲက အယောက် ၃၀ လောက်ကို ကျနော်တို့ သွားကြည့်ခဲ့တယ်။ ထို့ပြင် ၎င်းတို့သည် (ညှဉ်းပန်းနှိပ်စက်မှု) အကြောင်းကို သက်သေခံထွက်ဆိုကြပြီး ၎င်းတို့လိုအပ်သော အစားအစာနှင့် အာဟာရတို့ကို မရရှိကြဟု ပြောဆိုထားသည်။ “ သူတို့လိုအပ်တဲ့ အဝတ်အစားတွေ၊ အိပ်ဖို့ မွေ့ယာတွေ မရဘူး။ ထောင်စောင့်တွေက သူတို့ကို တိုက်ရိုက်အကြမ်းဖက်မှုတွေရှိတယ်။ ဒါက အစ္စရေး အကျဉ်းချစခန်းတွေမှာ အကျဉ်းသားတွေရဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ အတွေ့အကြုံပါပဲ။”

အစ္စရေး အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဆရာဝန်များသည် ၎င်းတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ CNN သည် စိုးရိမ်စရာအကျဉ်းချခံထားရသော အခြေအနေများနှင့် ပတ်သက်၍ ယခင်က သတင်းပေးပို့ခဲ့သည်။

အစ္စရေးစစ်တပ်သည် ၎င်းတို့၏အချုပ်ခန်းအတွင်း ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်များအား ယခင်က ငြင်းဆိုထားသော်လည်း မည်သည့်အကျဉ်းသားမဆို အယူခံတင်ပိုင်ခွင့်ရှိသည်။ “IDF သည် အကျဉ်းကျခံနေရသော အကျဉ်းသားများအပေါ် သင့်လျော်သောအပြုအမူကို ပြုမူကြောင်းအာမခံပါသည်။ IDF စစ်သားတွေရဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်မှန်သမျှကို စစ်ဆေးပြီး လျော်ကန်စွာ အရေးယူမှာပါ” ဟု ပြောဆိုထားသည်။

ဟားမတ်စ်က ဆေးရုံများကို “ အမိန့်နှင့်ထိန်းချုပ်မှု” စင်တာများအဖြစ် အသုံးပြုနေသည်ဆိုသည့်အစ္စရေး၏ ပြောဆိုချက်နှင့် ပတ်သက်၍ အစ္စရေး၏ အကဲဖြတ်ချက်ကို သဘောတူကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ဂါဇာစီးတီး၏ အယ်ရှီဖာ (Al-Shifa) ဆေးရုံအောက်တွင် ဗုံးခိုကျင်းတစ်ခုရှိနေသည်ဟု အစ္စရေး၏ အပြင်းထန်ဆုံး စွပ်စွဲမှုသည် စစ်ပွဲအတွင်း အစောပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ IDF သည် CNN သတင်းဌာနကို အစောင့်အကြပ်အောက်ရှိ ဆေးရုံသို့ ခေါ်ဆောင်သွားသောအခါ သတင်းသမားများကို ဆေးရုံရှိအယိုင်လဲနေသောတိုင်များနှင့် အပျက်အစီးပုံကြီးကို သာပြသထားသော်လည်း ကွပ်ကဲမှုထိန်းချုပ်ရေးဌာနရှိကြောင်း သက်သေပြနိုင်ခြင်း မရှိခဲ့ပေ။

ကာမဲလ် အက်ဒဝမ်ဆေးရုံ ဝန်ထမ်းတစ်ဦးအား စစ်ဆေးမေးမြန်းသည့် ဗီဒီယိုဖိုင်ကို အစ္စရေး အစိုးရက ထုတ်ပြန်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်၊ ရှင်းဘက်(Shin Bet) ဟုလူသိများသော အစ္စရေးပြည်တွင်း လုံခြုံရေး အေဂျင်စီသည် ဆေးရုံ ဒါရိုက်တာ အာမက် အယ် ကာ‌လော့ (Ahmed Al-Kahlot) အားစစ်ဆေးမေးမြန်းနေမှု ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ “ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင်တွေက စစ်ပွဲရဲ့အစောပိုင်းကာလတွေမှာ အဲဒီနေရာကို ပစ်မှတ်ထားမှာမဟုတ်ဘူးလို့ ယူဆပြီး ဆေးရုံကိုအသုံးပြုခဲ့တယ်” ဟု သူက ပြောခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသော ဒေါက်တာ အယ်ကာ‌လော့သည် အစ္စရေးတွင် ထိန်းသိမ်းခံထားနေရဆဲဖြစ်သည်။

စစ်ပွဲအစောပိုင်းတွင် အစ္စရေးစစ်တပ်သည် အယ်ရှီဖာ(Al-Shifa) ဆေးရုံတွင် ဟားမတ်စ်များ ရောက်ရှိနေကြောင်း ပြသသည့် ဗီဒီယိုများကို ထုတ်ပြန်ခဲ့ပြီး ဓားစာခံများကို ဆေးရုံမှ တစ်ဆင့် ခေါ်ဆောင်လာသည့် လုံခြုံရေးကင်မရာမှတ်တမ်းများကို ပြသခဲ့သည်။ CNN သည် ဗီဒီယိုများ၏ အကြောင်းအရာကို သီးခြား အတည်မပြုနိုင်ပါ။

IDF သည် ဂျာနယ်လစ်များအား ဆေးရုံများတွင် တွေ့ရှိသည်ဟု ယူဆရသည့် လက်နက်ငယ် များကို သိုဝှက်ထားသော ဗီဒီယိုများကို မကြာခဏ ထုတ်ပြန်လေ့ရှိသော်လည်း CNN ၏ ခွဲခြမ်းစိတ်ဖြာချက်များအရ အဆိုပါ လက်နက်အချို့ကို သတင်းထောက်များ လာရောက်ခြင်း မပြုမီ သို့မဟုတ် ထိုနေရာသို့ ရွှေ့ပြောင်းထားသည် သို့မဟုတ် ထားရှိထားကြောင်း သိရသည်။

သတင်းရင်းမြစ်။ CNN

ဓာတ်ပုံ။

ဒီဇင်ဘာ ၆ ရက်တွင် ဂါဇာမြောက်ပိုင်းရှိ ကာမဲလ် အက်ဒဝမ်ဆေးရုံတွင် ပါလက်စတိုင်းများ ဆေးကုသမှု ခံယူနေစဉ်။ AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 15 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 32 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင်
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 24 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 47 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ ဖမ်းဆီးခဲ့သည်” ဟု ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ နာဂက်စ် ဖောင်ဒေးရှင်း က
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 43 Views
BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ ကိုလ်စနီကိုဗာ(Maria Kolesnikova) အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးခဲ့သည်။ နိုဘယ်လ်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 40 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားက စွမ်းအင်ကွန်ရက်ကို တိုက်ခိုက်ပြီးနောက် ယူကရိန်းတွင် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 28 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် တစ်ညတာလုံး ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းရှိ အိမ်ထောင်စု တစ်သန်းကျော် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း အရာရှိများက ပြောကြားခဲ့ပြီး၊ ရုရှားက စွမ်းအင်နှင့် စက်မှုလုပ်ငန်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း ဆုတ်ခွာပြီးနောက် ဒွန်ဘတ်စ်ဒေသ အချို့နေရာများတွင် “လွတ်လပ်သော စီးပွားရေးဇုန်” ဖန်တီးရန် အမေရိကန်က အဆိုပြု ဇီလန်စကီး ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 43 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးက ကြာသပတေးနေ့တွင် ပြောကြားသည်မှာ၊ ယူကရိန်း သည် ရုရှား နှင့် ညှိနှိုင်းထားသော ငြိမ်းချမ်းရေးအရ ဆုတ်ခွာပေးရမည့် အရှေ့ဘက် ဒွန်ဘတ်စ်ဒေသ၏