နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

သမ္မတ ဇလန်းစကီးက “ ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားနှစ်ယောက်” ဓာတ်ပုံတွေကို ထုတ်ပြန်

ဇန်နဝါရီလ (၁၁) ရက်။

ဇန်နဝါရီလ (၁၁) ရက်နေ့က ယူကရိန်းသမ္မတ ဇလန်းစကီးက “ ကျွန်တော်တို့ရဲ့ စစ်သားတွေက မြောက်ကိုရီးယားစစ်သားနှစ်ဦးကို အရှင်ဖမ်းမိပြီ” ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။

အဲ့ဒီမြောက်ကိုရီးရားစစ်သားတွေကို Kursk ဒေသမှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြောက်ကိုရီးယားစစ်သားလို့ ယူဆရတဲ့ ဒဏ်ရာရ အာရှအမျိုးသားနှစ်ဦးရဲ့ ဓာတ်ပုံတွေအပြင် ရုရှားဘာသာနဲ့ ရေးသားထားတဲ့ “ စစ်ဘက်ဆိုင်ရာ သက်သေခံကတ်” ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အခြားစစ်သုံ့ပန်းတွေလိုပဲ မြောက်ကိုရီးယား စစ်သားနှစ်ဦးကို လိုအပ်တဲ့ ဆေးကုသမှုကို ခံယူဖို့ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ပြောင်းရွှေ့ထားတယ်လို့ သူက ပြောပါတယ်။

“သတင်းထောက်တွေကို သတင်းယူခွင့်ပြုဖို့ လုံခြုံရေးအေဂျင်စီတွေကို ညွှန်ကြားထားတယ်” လို့လည်း သူက ပြောပါတယ်။

သမ္မတ ဇလန်းစကီးက ရုရှားနှင့် မြောက်ကိုရီးယား စစ်သားတွေဟာ စစ်ပွဲမှာ မြောက်ကိုရီးယားရဲ့ ပါဝင်ပတ်သက်မှု အထောက်အထားတွေကို ဖျောက်ဖျက်ဖို့ ဒဏ်ရာရသွားတဲ့ မြောက်ကိုရီးယားစစ်သားတွေကို ကွပ်မျက်ခဲ့ပြီး သူတို့ကို အကျဉ်းသားအဖြစ် ဖမ်းဆီးရန်မှာ မလွယ်ကူကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းက နယ်စပ်ဖြတ်ကျော်ထိုးစစ်တွေ ဆက်လက်ပြုလုပ်နေတာကြောင့် ရုရှားနိုင်ငံအနောက်ပိုင်း Kursk နယ်မြေမှာ မြောက်ကိုရီးယားစစ်သားတွေ ပါဝင်တိုက်ခိုက်နေပေမယ့် သမ္မတ ဇလန်းစကီးက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြောက်ကိုရီးယားစစ်သားတွေအကြောင်း တရားဝင်ထုတ်ဖော်ပြောကြားမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဓာတ်ပုံ။

မြောက်ကိုရီးယားစစ်သားလို့ ယူဆရတဲ့ ဒဏ်ရာရ စစ်သားနှစ်ဦး (ဓာတ်ပုံကို သမ္မတ သမ္မတ ဇလန်းစကီး၏ ဆိုရှယ်မီဒီယာမှ ရယူထားပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 27 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်