နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်ကာကွယ်ရေးဝန်ကြီးလောင်း ဟက်ဆက်ကို အာဆီယံအကြောင်းမေးရာ မဖြေနိုင်သဖြင့် အိမ်စာလုပ်ဖို့ ပြောဆိုခံရ

ဇန်နဝါရီ (၁၆) ရက်၊

ထရမ့်အစိုးရအသစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ပီဟက်ဆက် (Pete Hegseth) ကို အတည်ပြုပေးနိုင်ဖို့ ဆီးနိတ်မှာ အင်္ဂါနေ့က ကြားနာမှု ပြလုပ်ခဲ့ပါတယ်။

အဲဒီကြားနာမှုမှာ ဒီမိုကရက်တစ် ဆီးနိတ်အမတ် တမ်မီဒတ်ဝေါ့တ်က “အာဆီယံမှာ အနည်းဆုံးနိုင်ငံတစ်ခုရဲ့ အရေးပါပုံနဲ့ အဲဒီနိုင်ငံတွေထဲက အနည်းဆုံးတစ်ခုနဲ့ ငါတို့မှာ ဘယ်လို သဘောတူညီချက်မျိုး ရှိတယ်ဆိုတာ ပြောပြပါ “ ဆိုတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့ပါတယ်။

ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးလောင်း ဟက်ဆက်က အာဆီယံနိုင်ငံတွေအကြောင်းကို မဖြေနိုင်ခဲ့ပါဘူး။ သူ့အဖြေက “ အဲ့ဒီနိုင်ငံတွေမှာ နိုင်ငံအရေအတွက် အတိအကျကို မပြောနိုင်ပါဘူး” “ အမေရိကန်မှာ “ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတေးလျ မဟာမိတ်တွေရှိပါတယ်” လို့ ဖြေဆိုခဲ့ပါတယ်။

အဲ့ဒီမှာ ဒီမိုကရက်အမတ် တမ်မီဒတ်ဝေါ့က သူ့ကို တားလိုက်ပြီး သူပြောခဲ့တဲ့ ဒီသုံးနိုင်ငံထဲက တစ်ခုမှ အာဆီယံရဲ့ အစိတ်အပိုင်း မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ အဲ့ဒီနောက် ဒီလိုညှိနှိုင်းမှုမျိုးအတွက် ရှင်မပြင်ဆင်ခင် အိမ်စာလုပ်ပါ” လို့ အကြံပြုခဲ့ပါတယ်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် တမ်မီဒတ်ဝေါ့က ဟက်ဆက်ဟာ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေမှာ ပါဝင်မယ့် ကာကွယ်ရေး အတွင်းဝန်ရာထူးအတွက် အရည်အချင်းမပြည့်မီကြောင်း ပြောကြားခဲ့ပါတယ်။

ဒီဗီဒီယိုဟာလည်း X တွင် ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုမှု 2.8 သန်းကျော် ရရှိခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံမှာ အိမ်ထောင်ပြုမှု စံချိန်တင် ကျဆင်းခဲ့ပြီး ကွာရှင်းမှုက မြင့်တက်လာခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၀) ရက်။ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံမှာ လူဦးရေကျဆင်းမှုကို ရပ်တန့်တားဆီးဖို့ လူငယ်တွေကို အိမ်ထောင်ပြုပြီး ကလေးမွေးကြဖို့ အစိုးရရဲ့ကြိုးပမ်းအားထုတ်မှုတွေ ရှိနေပေမဲ့ တရုတ်နိုင်ငံမှာ
နိုင်ငံတကာသတင်း ဥရောပ

ထရန့်ရဲ့ ဥရောပသမဂ္ဂအပေါ်အခွန်စည်းကြပ်မည့်အပေါ် ပြင်သစ်သမတမက်ခရွန်က ဘယ်လိုတုံ့ပြန်မလဲ။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 2 Views
ထရန့်ရဲ့ ဥရောပသမဂ္ဂအပေါ်အခွန်စည်းကြပ်မည့်အပေါ် ပြင်သစ်သမတမက်ခရွန်က ဘယ်လိုတုံ့ပြန်မလဲ။ ကျွန်တော်တို့မှာ ယူကရိန်းရဲ့ပြဿနာတွေရှိပြီး အရှေ့အလယ်ပိုင်းမှာလည်း ပြဿနာတွေ ရှိနေပါတယ်။ အမေရိကန်နဲ့ တရုတ်အကြားမှာလဲ ပြိုင်ဆိုင်မှုတွေရှိနေပြီး
နိုင်ငံတကာသတင်း အာရှ

မိုဒီ၏ပါတီသည် ၂၇ နှစ်အတွင်း အိန္ဒိယမြို့တော်တွင် ပထမဆုံးအကြိမ်အနိုင်ရပြီး အာဏာပြန်ရလာသည်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၉) ရက်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေလီမြို့တော်၌ စနေနေ့က ရွေးကောက်ပွဲတွင် ၎င်း၏အထင်ရှားဆုံး ဝေဖန်ရေးသမားများထဲမှတစ်ဦးကို ယမန်နှစ်က ရှုံးနိမ့်ခဲ့သော်လည်း ယခုအခါ အနိုင်ရယူနိုင်ခဲ့သည်။ မိုဒီ၏ ဘာရာတီရာ
နိုင်ငံတကာသတင်း အမေရိကန်

Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဓာတ်ပုံကြောင့် ဝေဖန်မှု အငြင်းပွားမှုများ ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၇) ရက်။ အသစ်ထွက်လာတဲ့ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံး စားပွဲခုံမှာ စွန့်ဦးတီထွင်သူ အီလွန်မတ်က ထိုင်နေတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ သမ္မတထရန့် အသစ်ဖွဲ့စည်းထားတဲ့ အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန (DOGE)
မြန်မာသတင်း အာရှ

မြန်မာမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၉)ရက်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးက ထပ်မံတောင်းဆိုခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၄)ရက်နေ့ ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်သည် DEI ကို တိုက်ဖျက်ရာတွင် ကူညီပေးနေပြီး သူ၏ SpaceX သည် အသားအရောင်ရှိသော အမျိုးသမီးတဦးကို ပထမဦးဆုံး လပေါ်သို့ စေလွှတ်ရန် ကြီးမားသော သဘောတူ စာချုပ်တစ်ခု ရှိသည်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 7 Views
Elon Musk ၏ DOGE (အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာနအသစ်) သည် အစိုးရ အစီအစဉ်များကို ဖြတ်တောက်ရန် လုပ်ဆောင်နေသည်။ (ရှင်းလင်းချက်- DEI အဓိပ္ပါယ်- diversity (မတူကွဲပြားမှု)၊ equity (သာတူညီမျှမှု)၊ inclusion (ပေါင်းစည်းမှု) အဓိကလိင်ပြောင်းသူများနှင့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး ဓားစာခံ သုံးဦးကို လွှတ်ပေးမည်ဟု ဟားမတ်စ်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၈) ရက်။ အစ္စရေး ဓားစာခံသုံးဦးကို ယနေ့ လွှတ်ပေးမည်ဟု ဟားမတ်စ် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အယ်လ်ကဆမ် တပ်မဟာက ယမန်နေ့တွင် ပြောကြားခဲ့သည်။ အဘူအိုဘီဒါ (Abu Obeida) က တယ်လီဂရမ်တွင် အီလီရှာရာဘီ(Eli
နိုင်ငံတကာသတင်း အမေရိကန်

နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး ( “ Border czar” ) တွမ်ဟိုမန် (Tom Homan) က လိုအပ်ပါက မက္ကဆီကိုဂိုဏ်းများကို စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၇) ရက်။ “အကြမ်းဖက်မှုတွေ တိုးလာဖို့ ကျွန်တော် မျှော်လင့်ထားသလား၊ လုံးဝမှန်ပါတယ်” ဟု တွမ်ဟိုမန်က ပြောကြားခဲ့သည်။ မက္ကဆီကိုဂိုဏ်းများသည် တောင်ပိုင်းနယ်စပ်တွင် အမေရိကန်တပ်များကို ပစ်မှတ်ထားပါက အမေရိကန်စစ်တပ်ကို အသုံးပြုရန် သမ္မတ ‌ဒေါ်နယ်ထရန့်က တုံ့ဆိုင်းမည်မဟုတ်ကြောင်း