နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ယီမင်စစ်ဆင်ရေးနှင့်ပတ်သက်သည့်အချက်အလက်များကို Signal မှတစ်ဆင့် ဇနီးနှင့် ညီအစ်ကိုများကိုပင် မျှဝေဟုဆို

ဧပြီလ (၂၁) ရက်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဟက်ဆက်သည် ယီမင်ရှိ ဟူသီသူပုန်အဖွဲ့အား တိုက်ခိုက်သည့် စစ်ဆင်ရေးအသေးစိတ်အချက်အလက်များကို ၎င်း၏ဇနီး၊ ရှေ့နေနှင့် ၎င်း၏ညီအစ်ကိုတို့ပါ၀င်သည့် Signal Group ချပ်တစ်ခုမှ မျှဝေခဲ့ကြောင်း သိရှိရသည်။ ယင်း Group ချတ်အကြောင်း သိရှိသည့် သတင်းရင်းမြစ်သုံးခုက CNN သို့ ပြောကြားခဲ့သည်။

ဟက်ဆက်နှင့်နီးစပ်သူများသည်ပင် သူ၏လုပ်ဆောင်ပုံနှင့်ပတ်သက်၍ စတင် သတိပေးဖော်ပြလာကြသည်။ ယင်းကဲ့သို့ ဖော်ပြလာသူများမှာ ဟက်ဆက်၏ ယခင်သတင်းထောက် ဂျွန်အူလီရော့ (John Ullyot) နှင့် အကြံပေး ဒန်ကော့ဝယ်လ် (Dan Caldwell) နှင့် ဒုညွှန်ကြားရေးမှူးချုပ် ဒါရင်ဆဲလ်နစ် (Darin Selnick) တို့ အပါအဝင် ဟက်ဆက်က မကြာသေးမီက ရာထူးမှဆိုင်းငံ့ထားသော အကြီးတန်းအရာရှိ သုံးဦးတို့ ပါဝင်ပါသည်။

“ ပြီးခဲ့တဲ့လက ကာကွယ်ရေးဌာနဟာ လုံးဝပရမ်းပတာ ဖြစ်နေပါတယ်” ဟု အူလီရော့က CNN မှ ရရှိသော ကြေညာချက်တွင် ပြောကြားခဲ့သည်။ “ အထူးလျှို့ဝှက်စစ်ဆင်ရေးအစီအစဉ်များ ပေါက်ကြားခြင်းမှသည် အစုလိုက်အပြုံလိုက် ရာထူးမှ ရပ်စဲခြင်းအထိ ဖြစ်ခဲ့ပြီး လုပ်ငန်းတွေ လုပ်လို့မရအောင် ဖြစ်ခဲ့ကာ ဤချို့ယွင်းမှုသည် ယခုအခါ သမ္မတအတွက် အဓိကအတားအဆီးတစ်ခု ဖြစ်လာခဲ့သည်” ဟု ဖော်ပြခဲ့သည်။

ဟက်ဆက်သည် ယခုဖော်ပြသည့် Signal Group ချတ်အပြင် ပြီးခဲ့သည့်လက အစိုးရအဖွဲ့ ဝန်ကြီးများနှင့်လည်း Signal တွင် စစ်ရေးဆိုင်ရာ စစ်ဆင်ရေးများအကြောင်း မျှဝေခြင်းအတွက် လက်ရှိတွင် ကာကွယ်ရေးဌာနမှ စုံစမ်းစစ်ဆေးခံနေရသည်။ ယင်း Signal Group ချတ်တွင် အမျိုးသားလုံခြုံရေးအကြံပေး ဝေ့ါဇ်က မှားယွင်းထည့်သွင်းခဲ့သည့် အမေရိကန် မဂ္ဂဇင်း The Atlantic မှ အယ်ဒီတာချုပ်က ဤ Signal Group ချတ်ကြောင်းအရာများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

သတင်းရင်းမြစ်များ၏အဆိုအရ ဟက်ဆက်သည် သူအား ကာကွယ်ရေးဝန်ကြီး ခန့်အပ်ရန် အတည်ပြုချက် ရရှိပြီးနောက်တွင်လည်း သူ၏ကိုယ်ပိုင်ဆဲလ်ဖုန်းမှ Signal ကို အသုံးပြုပြီး ဆက်လက်ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ ဒုတိယဖော်ပြသည့် Signal Group ချတ်တွင်လည်း ဟူသီသူပုန်များကို တိုက်ခိုက်သည့် အချက်အလက်များကိုလည်း မျှဝေခဲ့ကြောင်း သိရသည်။

ဟက်ဆက်၏ညီအစ်ကိုနှင့် ရှေ့နေသည်လည်း ကာကွယ်ရေးဌာနတွင် အလုပ်လုပ်နေသည်ဟု သိရှိရသည်။ ဇနီးဖြစ်သူ ဂျနီဖာသည် ဟက်ဆက် ကာကွယ်ရေးဝန်ကြီး စတင်တာဝန်ယူခဲ့စဉ်ကာလတွင် နိုင်ငံခြားခေါင်းဆောင်များနှင့် အစည်းအဝေးများ၌ ပုံမှန်တက်ရောက်ခဲ့သော်လည်း ပင်တဂွန်အတွက် အလုပ်လုပ်ကိုင်နေခြင်း မရှိပေ။ ၎င်းတို့အားလုံးတွင် လုံခြုံရေးအချက်အလက်များ (နိုင်ငံအလိုက် ခွဲခြားသတ်မှတ်ထားသော အချက်အလက်များကို ရယူရန် အခွင့်အာဏာ) ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြောက်ကိုရီးယား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှထုတ်ပယ်၊ ‘နွားလှည်းကို ဆွဲတဲ့ဆိတ်’ ဟုခိုင်း နှိုင်းပြစ်တင်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 19 Views
CNN- ဆိုးလ်မြို့ – AP မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် စက်ရုံအဆင့်မြှင့်တင်ရေး စီမံကိန်း တစ်ခု တွင် ပြဿနာများရှိခဲ့ခြင်းကြောင့် ဒုတိယဝန်ကြီးချုပ်တစ်ဦးကို
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 41 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပြီးနောက်၊ အစ္စရေးသည် အရှေ့ဂျေရုဆလင်ရှိ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 36 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 34 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ် ထားခဲ့သည့် နယ်မြေအကျယ်အဝန်းအများအပြားကို တိုက်ထုတ်သိမ်းပိုက် နိုင်ခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 39 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့