နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ရူဘီယိုအား အပြောအဆို ဆင်ခြင်ရန် မသိမသာ တရုတ် သတိပေး

ဇန်နဝါရီလ (၂၇) ရက်။

တရုတ်နိုင်ငံ၏ ဝါရင့်နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်၏ နိုင်ငံခြားရေးဝန်ကြီးသစ်အား အပြောအဆို ဆင်ခြင်ရန် မသိမသာ သတိပေးလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် မာကိုရူဘီယိုအား သမ္မတ‌ဒေါ်နယ်ထရန့်၏ ထိပ်တန်းသံတမန်အဖြစ် မခန့်အပ်မီ လေးရက်အလိုတွင် ၎င်းတို့၏ ပထမဆုံး ဖုန်းဖြင့် စကားပြောဆိုမှုကို သောကြာနေ့က ပြုလုပ်ခဲ့သည်။

“ကျွန်တော်အနေနဲ့ ခင်ဗျားဆင်ဆင်ခြင်ခြင်လုပ်ဆောင်မယ်လို့ မျှော်လင့်တယ်” ဟု ဝမ်ယီက ရူဘီယိုအား ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ထိုပြောကြားချက် အသုံးအနှုန်းသည် ဆရာမ သို့မဟုတ် သူဌေးက ကျောင်းသား သို့မဟုတ် ဝန်ထမ်းအား ၎င်းတို့၏ အပြုအမူအတွက် တာဝန်ယူရန် သတိပေးလေ့ရှိသည့် တရုတ်စကားစုကို အသုံးပြုခဲ့သည်။

အဆိုပါ စကားအတိုလေးသည် တရုတ်အပေါ် ရူဘီယို၏ အမေရိကန် အထက်လွှတ်တော်အမတ် ဖြစ်စဥ်အချိန်က တရုတ်၏လူ့အခွင့်အရေး မှတ်တမ်းကို ထုတ်ဖော်‌ပြောကြားဝေဖန်မှုနှင့် ပတ်သက်ပုံရပြီး၂၀၂၀ ခုနှစ်တွင် တရုတ်အစိုးရက ရူဘီယိုကို ဒဏ်ခတ်ပိတ်ဆို့မှု နှစ်ကြိမ် ချမှတ်မှုကို ဖြစ်စေခဲ့သည်။

၎င်းကို ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ယခင်က နိုင်ငံခြားရေးဌာနသည် “မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ပါ” နှင့် “နှိုင်းနှိုင်းချင့်ချင့်‌ပြောဆိုခြင်း သို့မဟုတ် လုပ်သင့်တယ်” ဆိုတာထက် “ခင်ဗျား ဆင်ဆင်ခြင်ခြင် လုပ်သင့်တယ်” ဟူ၍ အသုံးပြုခဲ့သည်။

မရေရာသောစကားစုသည် မျှော်လင့်ချက်တစ်ခုကို ဖော်ပြရန်အတွက် ဖုံးကွယ်ထားသော သတိပေးချက်ကို ပေးစွမ်းနိုင်ပြီး တချိန်တည်းမှာပင် လာမည့်သံတမန်ဆက်ဆံရေးအတွက် လိုအပ်သော ယဉ်ကျေးပျူငှာမှုကိုလည်း ထိန်းသိမ်းထားနိုင်သည်ဟု တရုတ်တွေးခေါ် ပညာရှင်အုပ်စုမှ တစ်ဦးဖြစ်သည့် တရုတ်ဗဟိုပြုစင်တာနှင့် ဂလိုဘယ်လိုက်ဇေးရှင်းမှ သုတေသနဖော်ဖြစ်သူ ဇီချန်းဝမ် (Zichen Wang) က ပြောကြားခဲ့သည်။

“စိတ်ရှုပ်စရာဖြစ်ပုံရတဲ့အရာက တရုတ်ရိုးရာဉာဏ်ပညာနဲ့ ဂန္ထဝင်အပြောအဆို အလေ့အကျင့်ကနေ ပေါက်ဖွားလာတဲ့ ရည်ရွယ်ချက်တစ်ခုပါပဲ” ဟု ပရင်စတန်တက္ကသိုလ်တွင် လက်ရှိအသက်မွေးဝမ်းကြောင်းဆိုင်ရာ မဟာတန်းပရိုဂရမ်တစ်ခု၌ လုပ်ဆောင်နေသော ဝမ်က ပြောကြားခဲ့သည်။

ရူဘီယိုသည် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်၏စကားကို နားလည်ရန် မူရင်းတရုတ်ကို ရည်ညွှန်းခြင်း၏ အရေးကြီးပုံကို ကိုးကားဖော်ပြခဲ့သည်။
“အင်္ဂလိပ်ဘာသာပြန်တာ မမှန်တဲ့အတွက် သူတို့ထုတ်ထားတဲ့ အင်္ဂလိပ်ဘာသာပြန်တွေကို မဖတ်ပါနဲ့” ဟု ၎င်းက ဆိုသည်။

ဖုန်းခေါ်ဆိုမှုတွင် အမေရိကန်၏ ထုတ်ပြန်ချက်တွင် အဆိုပါ စကားလုံးကို ဖော်ပြထားခြင်း မရှိပေ။ ထရန့်အုပ်ချုပ်ရေးသည် တရုတ်နှင့် ဆက်ဆံရေးတွင် အမေရိကန်၏ အကျိုးစီးပွားကို မြှင့်တင်မည်ဖြစ်ကြောင်း ရူဘီယိုက ဝမ်ယီအား ပြောကြားခဲ့ပြီး “ ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အကြပ်ကိုင်သော လုပ်ရပ်များအပေါ် အမေရိကန်၏ အလေးအနက် စိုးရိမ်မှု” ကို ဖော်ပြခဲ့သည်။

ဝမ်သည် ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေချိန်တွင် တရုတ်က ရူဘီယိုအား ဇူလိုင်နှင့်သြဂုတ်လတို့တွင် ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ရှင်ကျန်းဒေသရှိ ဝီဂါ (Uyghur) လူနည်းစုများကို တရုတ်အစိုးရအရာရှိများက ဖိနှိပ်ခြင်းနှင့် ဟောင်ကောင်တွင် လူ့အခွင့်အ‌ရေးချိုးဖောက်မှုတို့ကို ရူဘီယိုက ဝေဖန်ခဲ့ပြီး တရုတ်အစိုးရအပေါ် အမေရိကန်က ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ခြင်းအပေါ် မိမိပြည်တွင်းရေးကို ပြင်ပမှ ဝင်ရောက်စွက်ဖက်သည်ဟု ယူဆချက်ဖြင့် တရုတ်က တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်သည်။

ပိတ်ဆို့အရေးယူမှုများတွင် တရုတ်နိုင်ငံသို့ ခရီးသွားလာမှု ပိတ်ပင်ခြင်း ပါဝင်သည်။ တရုတ်အစိုးရသည် ရူဘီယိုအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထိတွေ့ဆက်ဆံမည်ဟု ညွှန်ပြနေသော်လည်း ဆွေးနွေးပွဲအတွက် ၎င်းနိုင်ငံသို့ လာရောက်ခွင့် ရှိ၊ မရှိ အတိအလင်း ပြောကြားထားခြင်း မရှိပေ။

သတင်းရင်းမြစ်။ AP 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 26 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 34 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 31 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် နှင့် ဆမ်အော့တ်မန်းတို့၏ တရားရင်ဆိုင်မှု ပထမနေ့မှ အချက်အလက်များ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 35 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့သတင်းကိုဘာသာပြန်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်မြို့ —ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန် တရားရုံးခန်းအတွင်း ChatGPT ထုတ်လုပ်သည့် OpenAI ၏ ခေါင်းဆောင်များဖြစ်ကြသော ဆမ်အော့တ်မန်း (Sam Altman) နှင့်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

မော်စကိုရှိ လူသူကင်းမဲ့နေသော ဈေးဝယ်စင်တာတစ်ခုက ရုရှား၏ စီးပွားရေး အကျပ် အတည်းကို လှစ်ဟဖော်ပြနေခြင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် မော်စကိုမြို့ ဆင်ခြေဖုံးရှိ ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာတစ်ခု၏ အတွင်းခန်းမထဲတွင် မြူးကြွသော ပေါ့ပ်တေးဂီတသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သို့သော်ဈေးဝယ်သူ များ ဖြင့် စည်ကားသိုက်မြိုက်နေစေရန်