နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ ဥရောပ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နိုင်ငံထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲသို့ သမီးနှင့်အတူ တက်ရောက်ခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ နိုင်ငံထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ (၉) ရက်နေ့မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြချီတက်ပွဲကို တက်ရောက်ခဲ့တာကို မြောက်ကိုရီးယားအစိုးရပိုင် ကိုရီးယားဗဟို သတင်းအေဂျင်စီ (Korean Central News Agency (KCNA)) က ဖော်ပြခဲ့တာပါ။


KCNA ရဲ့ အဆိုအရ အဲ့ဒီစစ်ရေးပြချီတက်ပွဲကို အရံတပ်ဖွဲ့များနှင့် စက်မှုအလုပ်သမားများက ကင်အီစွန်း (Kim Ii Sung) ရင်ပြင်ကို ချီတက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ကင်ဂျုံအွန်းကတော့ သူ့ရဲ့သမီးနှင့်အတူ စစ်ရေးပြချီတက်ပွဲသို့ တက်ရောက်ခဲ့ပါတယ်။


ဒါ့အပြင် ကင်ဂျုံအွန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူနှင့်အတူရှိနေတဲ့ သမီးဖြစ်သူမှာ ကင်ဂျိုအေ (Kim Joo-ae) ဖြစ်တယ်လို့ ယူဆရပါတယ်။
ဒုတိယဝန်ကြီးချုပ် Liu Guozhong ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားစစ်တီးဝိုင်းအဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့ပါတယ်။ မြို့တော် ပြုံယမ်း အခြေစိုက် သံတမန်များကိုလည်း ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။


KCNA ရဲ့ အဆိုအရ ရုရှားသမတ ပူတင်ရဲ့ သဝဏ်လွှာမှာ ရုရှားနဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေးဟာ “အမြဲတမ်း ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းနဲ့ အပြန်အလှန် လေးစားမှုတို့အပေါ် အခြေခံပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်” လို့ ဆိုခဲ့ပြီး “ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်ခြင်းနဲ့ ကဏ္ဍတိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ကြောင်းလည်း” ဖော်ပြခဲ့ပါတယ်။


ရှီရဲ့ သဝဏ်လွှာမှာတော့ “ တရုတ်နိုင်ငံဟာ မဟာဗျူဟာကြတဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေပြီး လုပ်ငန်းအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း နက်နက်ရှိုင်းရှိုင်း မြှင့်တင်ကာ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကို မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း” ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။


Source: CNN, Japan/Photo: KCNA/Reuters
နိုင်ငံထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲမှာ သမီးဖြစ်သူနှင့်အတူ တွေ့ရှိရသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 26 Views
ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန် +++++++++++ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ ရုရှားသမ္မတပူတင်နဲ့ ဖုန်းပြောဆို ဆွေးနွေးမှုတချို့လုပ်ခဲ့တယ်ဆိုတဲ့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း ကာကွယ်ရေးကို လွှမ်းမိုးနိုင်စေရန်အတွက် ရုရှားသည် အစုလိုက်အပြုံလိုက် မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခြင်းကို အရှိန်မြှင့်လိုက်သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 19 Views
နိုဝင်ဘာလ (၁၁) ရက်။ ကိ့ဗ်၊ ယူကရိန်း CNN — ရုရှားစစ်တပ်က ယူကရိန်းမြို့များကို တာဝေးပစ်ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို အဆက်မပြတ်
နိုင်ငံတကာသတင်း ဥရောပ

ထရန့်သမ္မတရာထူး မယူမီ ဗြိတိန်နှင့် ပြင်သစ်တို့ ပိုမိုနီးကပ်စွာ ဆက်သွယ်မှုများ ပြုလုပ်ထားရန် ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ (Keir Starmer) သည် ပါရီအပစ်အခတ်ရပ်စဲရေး အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 21 Views
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊ လန်ဒန်၊ CNN။ ကီရာစတာမာသည် ပြင်သစ်တွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ်ပွဲကို တနင်္လာနေ့တွင် တက်ရောက်ခဲ့သည့် ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ဒေါ်နယ်ထရန့်၏ သမ္မတသက်တမ်းမတိုင်မီ နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးသော
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

သမ္မတပူတင်က ထရန့်အနိုင်ရသည့်အတွက် ချီးကျူးဂုဏ်ပြုပြီး စကားပြောချင်တယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 23 Views
နိုဝင်ဘာလ (၈) ရက်။ ကြာသပတေးနေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏အနိုင်ရရှိမှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ရွေးကောက်ခံသမ္မတနှင့် စကားပြောဆိုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ “အမေရိကန်သမ္မတရာထူးအတွက် သူ (ဒေါ်နယ်ထရန့်) ကို ဒီနေရာကနေ ဂုဏ်ပြုစကား ပြောလိုပါတယ်။ အမေရိကန်ပြည်သူတွေ
နိုင်ငံတကာသတင်း ဥရောပ

စပိန်ဘုရင်ဖိလစ်ကို ရေဘေးဒဏ်ခံရသည့် ဒေသခံများက ကြက်ဥများနှင့်ပစ်ပေါက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 27 Views
နိုဝင်ဘာလ (၄) ရက်။ ရေလွှမ်းမိုးမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည့် ဗလင်စီယာဒေသကို စပိန်ဘုရင် ဖိလစ် (Felipe) နှင့် ဘုရင်မ လက်တီဇီယာ (Letizia) တို့ လာရောက်ကြည့်ရှုစဉ် ၎င်းတို့ကို ဒေသခံများက
နိုင်ငံတကာသတင်း ဥရောပ

စပိန်နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ လူသေအများဆုံး ရေဘေးကပ်ဆိုက်ခြင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 34 Views
နိုဝင်ဘာလ (၁) ရက်။ စပိန်နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် အင်္ဂါနေ့က ပြင်းထန်သည့် ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရပြီး တချို့နေရာများ၌ နာရီအနည်းငယ်အတွင်း မိုးရေ ၁၂ လက်မအထိ ရွာသွန်းခဲ့ပြီးနောက် ရုပ်အလောင်းအများအပြားကို တွေ့ရှိခဲ့ပါသည်။ ဗလင်စီယာမြို့မှ ဗီဒီယိုဖိုင်တွင် လမ်းများတစ်လျှောက် ရွှံ့ရောင်ရေများ
နိုင်ငံတကာသတင်း အာရှ ဥရောပ

ရှီက တရုတ်နဲ့ရုရှားတို့သည် အဓိကအိမ်နီးချင်းနိုင်ငံများနှင့် တနိုင်ငံနှင့်တနိုင်ငံ အဆင်ပြေစွာနေထိုင်ရန် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်းပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 54 Views
ကာဇန်၊ ရုရှား၊ အောက်တိုဘာလ ၂၂ ရက်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်က အင်္ဂါနေ့တွင် ပြောကြားခဲ့ရာတွင် တရုတ်နှင့် ရုရှားတို့ကဲ့သို့ နိုင်ငံများသည် ဘက်မလိုက်သော၊ ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်မလုပ်သော၊ မည်သည့်တတိယအုပ်စုကို ပစ်မှတ်မထားဘဲ အဓိက အိမ်နီးချင်းနိုင်ငံများနှင့် တနိုင်ငံနှင့်
နိုင်ငံတကာသတင်း အာရှ ဥရောပ

ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၅၀၀ စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီပြော။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 6.53K Views
အောက်တို ဘာလ (၁၉) ရက်။ မြောက်ကိုရီးယားသည် ရုရှားနိုင်ငံသို့ စစ်သား ၁,၅၀၀ စေလွှတ်လေ့ကျင့်ရန် စေလွှတ်လိုက်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက သောကြာနေ့တွင် ပြောကြားပြီး ယင်းလှုပ်ရှားမှုသည် မော်စကိုနှင့် ယူကရိန်းစစ်ပွဲတွင် ‌မြောက်ကိုရီးယား၏ စစ်ရေးပါဝင် ပတ်သက်မှု၏