နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

လက်တင်အမေရိက

လက်တင်အမေရိက အတွေးအမြင်ကဏ္ဍ ဥရောပ

အစ္စရေး-ပါလက်စတိုင်း စစ်ပွဲနဲ့ပတ်သက်ပြီး ပူတင်က ဘာတွေပြောပါသလဲ။

ပူတင်က ပဋိပက္ခတွေ ချဲ့ထွင်ရာမှာ အရပ်သား အသေအပျောက် နည်းပါးအောင် ဒါမှမဟုတ် သုညအထိ လျှော့ချဖို့ တောင်းဆိုထားပါတယ်။


ရုရှသမ္မတ ဗလာဒီမာပူတင်က အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား တိုက်ပွဲတွေမှာ နှစ်ဖက်စလုံးမှ အရပ်သားများ ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် ဒါမှမဟုတ် လျှော့ချဖို့ ဗုဒ္ဓဟူးနေ့က တိုက်တွန်းခဲ့ပါတယ်လို့ CNN ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ကာလရှည်ကြာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး မော်စကိုက ပြောကြားရာမှာ ပူတင်က နှစ်နိုင်ငံ ဖြေရှင်းချက် မရှိခြင်းဟာ လက်ရှိ အကြမ်းဖက်မှုကို ပေါက်ကွဲစေခဲ့တယ်လို့ ဆိုပါတယ်။

ပူတင်က “ကျနော်တို့သိတဲ့အတိုင်း အစ္စရေးဟာ အစ္စရေးနိုင်ငံကို ဖန်တီးခဲ့ပေမယ့် ပါလက်စတိုင်းကတော့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ဘယ်တုန်းကမှ မဖန်တီးနိုင်ခဲ့ဘူး၊ မဖြစ်ခဲ့ဘူး” လို့ ဆိုပါတယ်။

ရုရှားသမ္မတပူတင်က တိုးပွားလာတဲ့ အကြမ်းဖက်မှုတွေအပေါ် သူ့ရဲ့စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး အရပ်သား သေဆုံးမှု အနည်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“နှစ်ဘက်စလုံးရဲ့ ခါးသီးမှုက အရမ်းကြီးတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါပေမယ့် နှစ်ဖက်စလုံးရဲ့ ခါးသီးမှုအဆင့်က ဘယ်လိုပဲဖြစ်ဖြစ် အရပ်သားပြည်သူတွေရော၊ အမျိုးသမီး၊ ကလေးတွေနဲ့ သက်ကြီး ရွယ်အိုတွေကြား ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဒါမှမဟုတ် လျော့ပါးသွားအောင် ကြိုးပမ်းဖို့ လိုအပ်ပါတယ်။” လို့ ပူတင်က ပြောပါတယ်။

“ယောက်ျားတွေ အချင်းချင်း စစ်တိုက်ရန် ဆုံးဖြတ်ရင် သူတို့ အချင်းချင်း တိုက်ကြပါစေ။ ကလေးတွေနဲ့ အမျိုးသမီးတွေကို ဘေးဖယ် ထားလိုက်ပါ” လို့ သူက ဆက်လက်ပြောပါတယ်။

ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲကို ဆက်လက်လုပ်ဆောင်နေပြီး အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးနေချိန်မှာ ပူတင်ရဲ့ မှတ်ချက် ထွက်ပေါ်လာပါတယ်။
ရုရှားနိုင်ငံကို တရားဝင်လာရောက်လည်ပတ်နေတဲ့ အီရတ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mohammed al-Sudani နဲ့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ “ ရုရှားစွမ်းအင် ရက်သတ္တပတ်” နိုင်ငံတကာ ဖိုရမ် မျက်နှာစုံညီ အစည်းအဝေးမှာ ပူတင်က ပြောဆိုခဲ့တာပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 110 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 139 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 138 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 249 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 152 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 137 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

မြန်မာနိုင်ငံကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force နှင့် သုံးသပ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 251 Views
Grace ရေးသားသည်။ ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း လမ်းဘေးကို ကြည့်လိုက်တိုင်း အမြဲတမ်း စဉ်းစားမိတဲ့အချက်တခုရှိတယ်။ အဲ့ဒီလမ်းဘေးတလျှောက်မှာ လူတွေက တဲအိမ်လေးတွေနဲ့နေကြရတယ်။ အိမ်လို့သာပြောတာ