နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

တရုတ်

တရုတ် ဗဟိုဘဏ်

တရုတ်နိုင်ငံ ICBC ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်၊ ရန်ကုန်။

တရုတ်နိုင်ငံ၊ The Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ် (Cross-border Interbank Payment System -CIPS) တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ICBC ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။

ICBC ရန်ကုန်ဘဏ်ခွဲက မြန်မာနိုင်ငံမှာ ပထမဦးဆုံး CIPS System ရဲ့ တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် ဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ CBM NET System ကို ချိတ်ဆက်တဲ့အတွက် ပြည်တွင်းဘဏ်တွေအနေနဲ့ CIPS System နဲ့ ဆက်သွယ်ပြီး နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှုစနစ် လုပ်ငန်းစဉ်မှာ Indirect Participant များအနေနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” လို့ စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ ါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

ထိုသို့ နိုင်ငံတကာငွေပေးချေမှုများ ဆောင်ရွက်ရာတွင် SWIFT အပြင် အခြားသော ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ပိုမိုလွယ်ကူမြန်ဆန်ချောမွေ့စေမည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်းကိုလည်း ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်က “ ICBC ရန်ကုန်ဘဏ်ခွဲ အနေနဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ဖို့အတွက် တရုတ်ယွမ်ငွေကို အသုံးပြုပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ စာရင်းရှင်းလင်းခြင်းလုပ်ငန်း ပိုမိုတိုးတက်လာအောင် ဆောင်ရွက်တာနဲ့ပတ်သက်ပြီး အထူးအသိအမှတ်ပြုပါတယ်။ ICBC ရန်ကုန်ဘဏ်ခွဲအနေနဲ့ဆက်လက်ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလုပ်ငန်း အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အသစ်အသစ်သော ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြခဲ့ပါသည်။

ICBC ရန်ကုန်ဘဏ်ခွဲသည် မြန်မာနိုင်ငံတွင် ဘက်စုံ တရုတ်ယွမ်ငွေကြေး ဝန်ဆောင်မှုပေးသော ပထမဆုံးနိုင်ငံခြားစီးပွားရေးဘဏ်ဖြစ်ပြီး တရုတ်နှင့် မြန်မာ လုပ်ငန်းရှင်များအတွက် ယွမ်ငွေအကောင့်ဖွင့်ခြင်း၊ အပ်ငွေလက်ခံခြင်း၊ ကုန်သွယ်မှုလုပ်ငန်းငွေပေးချေခြင်း၊ ငွေကြေးလုပ်ငန်း၊ နိုင်ငံခြားငွေလဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

Source/Photo: ဆင်ဟွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာသတင်း အရှေ့တောင်အာရှ

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကင်းလှည့်ရေယာဥ် (၆) စီး ထောက်ပံ့

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 104 Views
++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ကူညီထောက်ပံ့တဲ့အနေနဲ့ ကင်းလှည့်ရေယာဥ် (၆) စီးကို ဇွန် ၁၁
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

Tiktok ကို အမေရိကန်ထံ ရောင်းချမှာမဟုတ်

  • 2024 ခုနှစ်၊ ဧပြီလ 27 ရက်
  • 124 Views
Tiktok ကို အမေရိကန်ထံ ရောင်းချမှာမဟုတ် ++++++++++++ အမေရိကန်ဥပဒေပြုအမတ်တွေဟာ Tiktok နဲ့ ပတ်သက်ပြီး အပြီးတိုင်ပြတ်ပြတ်သားသားလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ တရုတ်နည်းပညာကုမ္ပဏီ
1027 Operations စစ်ရေးသတင်း တရုတ် ပြည်တွင်းသတင်း

ညီနောင်(၃)ဖွဲ့သိမ်းပိုက်ခဲ့တဲ့ ဟိုပန်နဲ့ ပန်လုံဒေသကို UWSA ထံလွှဲပြောင်း

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 132 Views
ဇန်နဝါရီလ(၁၁)ရက်။ ဟိုပန်နဲ့ ပန်လုံဒေသနှစ်ခုကို “ ၀” ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)က လွှဲပြောင်းလက်ခံတဲ့ အခမ်းအနားတစ်ရပ် ဟိုပန်မြို့တော်ခန်းမမှာ မနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဒေသနှစ်ခုကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ဇန်နဝါရီလ (၅)ရက်နေ့က တိုက်ခိုက်သိမ်းယူလိုက်ပြီးတဲ့နောက်မှာတော့ UWSA ထံ လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့
စစ်ရေးသတင်း တရုတ် မြန်မာသတင်း

နိုင်ငံရေးရည်မှန်းချက်ကို နိုင်ငံရေးအရတောင်းဆိုရမှာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 121 Views
ဇန်နဝါရီလ (၁၀) ရက်။ နိုင်ငံရေးရည်မှန်းချက်တွေကို နိုင်ငံရေးအရ တောင်းဆိုရမယ့်အရာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ထုတ် သတင်းစာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အရင်ကထဲက နိုင်ငံရေးရည်မှန်းချက်ထဲမှာ ပြည်ထောင်စုစနစ်နဲ့ ဖက်ဒရယ်စနစ်နဲ့ သွားဖို့အတွက် ရည်မှန်းထားပြီးဖြစ်ပါတယ်။ ဒီဟာတွေက
တရုတ် နိုင်ငံတကာသတင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေး ရုန်းကန်လှုပ်ရှားနေရတယ်လို့ သမ္မတရှီကျင့်ဖျင်ဝန်ခံပြောဆို

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 122 Views
တရုတ်နိုင်ငံရဲ့ စီးပွါးရေးလုပ်ငန်းတွေ ရုန်းကန်လှုပ်ရှားနေရပြီး နိုင်ငံသားတွေအနေနဲ့ အလုပ်အကိုင်ရှာဖွေရာမှာလည်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ သမ္မတရှီကျင့်ဖျင်က ဇန်နဝါရီလ 1 ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ သမ္မတရှီကျင့်ဖျင်အနေနဲ့ 2013 ခုနှစ်က စတင်ပြောကြားခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုင်းပြည်ရဲ့ စီးပွါးရေးကျဆင်းနေတာကို
တရုတ် မြန်မာ့နိုင်ငံရေး

တရုတ်အနေနဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းတာကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို ဂရုပြုဖို့ အဖွဲ့အစည်းပေါင်း (၂၅၅) ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 136 Views
ဒီဇင်ဘာလ (၁၈)ရက်။ တရုတ်နိုင်ငံတာဝန်ရှိသူတွေအနေနဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းတာကို ဆန့်ကျင်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ အသံနဲ့ သဘောထားဆန္ဒကို အလေးထား၊ ဂရုပြုဖို့ မြန်မာလူထုအခြေပြုနဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း (၂၅၅)ဖွဲ့က ဒီဇင်ဘာလ (၁၇)ရက်နေ့ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ် အမေရိကန်

ရှီကျင့်ဖျင်နဲ့ အဂျိုးဘိုင်ဒန်တို့ သဘောတူညီခဲ့တဲ့ အချက် (၅) ချက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 150 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။ အမေရိကန်နိုင်ငံကို တရုတ်သမ္မတ ရှီကျင့်ဖျင် အလည်ပတ်ရောက်ရှိလာပြီးတဲ့နောက် အမေရိကန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ တင်းမာနေတဲ့ အမေရိကန် – တရုတ်ဆက်ဆံရေးကို ပြေလျော့ကျစေမယ့် ခရီးစဉ်လို့
1027 Operations စစ်ရေးသတင်း တရုတ်

လောက်ကိုင်မြို့ကို ဝင်ရောက်သိမ်းပိုက်ဖို့ စီစဉ်နေပြီလို့ MNDAA ကြေညာချက် ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 149 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။ ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က လောက်ကိုင်မြို့အနီးက စစ်ကောင်စီစခန်းတွေကို သိမ်းယူထားနိုင်ခဲ့ပြီးနောက် လောက်ကိုင်မြို့ကို ဝင်ရောက်သိမ်းယူဖို့အတွက် ပြင်ဆင်နေပြီလို့ ဒီကနေ့ နိုဝင်ဘာ (၁၄) ရက်နေ့မှာ