နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

Hamas-Israel Conflict

Hamas-Israel Conflict

ပါလက်စတိုင်းရုပ်မြင်သံကြားဌာနသတင်းထောက် တိုက်ရိုက်သတင်းပေးပို့ပြီးနောက် နာရီဝက်အကြာတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ဂါဇာ။

ဂါဇာကမ်းမြောင်တောင်ပိုင်းမှာ အောက်တိုဘာလ (၂) ရက်နေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းအာဏာပိုင် ရုပ်မြင်သံကြား သတင်းထောက်တစ်ဦးနဲ့ သူ့ရဲ့မိသားစုဝင် ၁၁ ဦးတို့ သေဆုံးခဲ့တယ်လို့ ရုပ်မြင်သံကြားဌာနက အတည်ပြု ပြောဆိုလိုက်ပါတယ်။

ပါလက်စတိုင်းရုပ်မြင်သံကြားဌာနရဲ့ အဆိုအရ ဝင်ဘာလ (၂) ရက်နေ့ညမှာ သတင်းထောက် မိုဟာမက်အာဘူခါတက်ဘ် (Mohammad Abu Khattab) ဟာ ဂါဇာကမ်းမြှောင်ရှိ Nasser ဆေးရုံရှေ့ အခင်းဖြစ်ပွားရာနေရာမှ တိုက်ရိုက်သတင်းပေးပို့ပြီးနောက် နေအိမ်ကို ပြန်ခဲ့ပြီး မိနစ်သုံးဆယ်အတွင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ WAFA သတင်းဌာနကလည်း သတင်းထောက်နဲ့အတူ သူ့ရဲ့မိသားစုတွေလည်း သေဆုံးမှုသွားကြောင်း ဖော်ပြခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် မှတ်ချက်မပေးသေးပါဘူး။

သတင်းထောက်ခါတက်ဘ် သေဆုံးမှုက ရုပ်မြင်သံကြားဌာနကို တုန်လှုပ်စေခဲ့ပါတယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် Salman Al Bashir ကလည်း တိုက်ရိုက်ထုတ်လွှင့်မှုမှာ ငိုကြွေးမျက်ရည်ကျခဲ့ပါတယ်။

“ ငါတို့ဝတ်တာဆင်ထားတာ တကယ်တော့ ဆောင်ပုဒ်တစ်ခုပဲ။ သတင်းသမားတွေကို အကာအကွယ်မပေးနိုင်ပါဘူး” ဟု Salman Al Bashir က တုန်ခါတဲ့အသံနဲ့ ပြောခဲ့ပါတယ်။

ဂါဇာရှိ ပါလက်စတိုင်းများဟာ ရက်သတ္တပတ်များအတွင်း အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို မခံနိုင်တော့ကြောင်း Bashir က ပြောပြခဲ့ပါတယ်။ “ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် မိုဟာမက်အာဘူခါတက်ဘ်က လွန်ခဲ့တဲ့ မိနစ် 30 လောက်က ဒီမှာရပ်နေခဲ့ပါတယ်။ အခု သူဟာ ကျွန်တော်တို့ကို ထားခဲ့ပြီး သူ့ဇနီး၊ သူ့အစ်ကိုနဲ့ တခြားမိသားစုဝင်တွေ အများကြီးသေဆုံးခဲ့ရတဲ့ ဆေးရုံမှာ ရှိနေပါတယ်။”

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၉,၀၂၅ ဦး သေဆုံးပြီး ၂၂,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမေရိကန် NGO ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ၏ အဆိုအရ အောက်တိုဘာလမှစပြီး အနည်းဆုံး သတင်းထောက် ၃၃ ဦး သေဆုံးခဲ့ပြီး ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး အရှိန်အဟုန်နဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူထဲမှာ ပါလက်စတိုင်း ၂၈ ဦး၊ အစ္စရေး ၄ ဦး၊ လက်ဘနွန် ၁ ဦး ဖြစ်ကြောင်း သိရပါတယ်။

ဓာတ်ပုံ။ Palestine TV

ပုံ (၁) ပါလက်စတိုင်း ရုပ်မြင်သံကြား သတင်းထောက် မိုဟာမက် အဘူ ခါတက်ဘ်သည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ၎င်း၏ မိသားစုနှင့်အတူ နိုဝင်ဘာလ (၂) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

ပုံ (၂) သတင်းထောက် Salman al-Bashir သည် ၎င်း၏လုပ်ဖော်ကိုင်ဖက်သေဆုံးပြီးနောက် တိုက်ရိုက်ရုပ်သံလွှင့်ရာတွင် “ PRESS” ဟူသော စာလုံးပါသော ဦးထုပ်နှင့် ကျည်ကာအင်္ကျီကို ချွတ်လိုက်ရာ စတူဒီယိုရှိ တင်ဆက်သူသည် မျက်ရည်များကျလာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်ပေါင်း ၁၀၀ စစ်ပွဲအထိမ်းအမှတ်နေ့တွင် ဟားမတ်စ်များကို ခြေမှုန်းရန် ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ဟု နေတန်ယာဟု ပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 64 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်။ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား စစ်ပွဲ ရက် ၁၀၀ ပြည့်လာချိန်တွင် ဟားမတ်စ်များကို
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အကြီးတန်းခေါင်းဆောင်တစ်ဦးသေဆုံးသွားခဲ့ပြီလို့ ဟားမက်စ်အတည်ပြု

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 92 Views
လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်တောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အကြီးတန်းခေါင်းဆောင်အချို့ သေဆုံးခဲ့တယ်လို့ ဂါဇာအခြေစိုက် ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်း ပဋိပက္ခတွေ
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာထဲက တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူပြီး စစ်ရေးအရှိန်ကို အစ္စရေးလျှော့ချ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 81 Views
အစ္စရေးအနေနဲ့ ဂါဇာထဲက တင့်ကားတွေကို ပြန်ခေါ်ပြီး နည်းဗျူဟာတွေကို ပြောင်းလဲကာ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာထားပေမယ့် ပါလက်စတိုင်းနယ်မြေအတွင်းက အခြားဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှ လူပေါင်း 2
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စိတ်မနှံ့တဲ့ ပါလက်စတိုင်းလူငယ်ကို ပစ်ခတ်မှုအပေါ် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 103 Views
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်။ အနောက်ဘက်ကမ်းက ဟီဘရွန်မြို့အနီး ပါလက်စတိုင်းစိတ်ဝေဒနာရှင်လူငယ်တစ်ဦးကို အစ္စရေးစစ်သားတွေ ပစ်ခတ်ခဲ့တဲ့ဗီဒီယိုထွက်ပေါ်လာပြီးတဲ့နောက် အဲဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အစ္စရေးကာကွယ်ရေးယူနစ် (IDF) က ပြောပါတယ်။ တာရတ်အဘူအေဘက်လို့ ခေါ်တဲ့ ပါလက်စတိုင်းလူငယ်ကို အစ္စရေးစစ်သား
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် အယ်လ်ရှီဖာဆေးရုံ အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံး

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 64 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ဂါဇာ။ ဂါဇာကမ်းမြှောင်ရှိ အကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာဆေးရုံကို အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကာတာရှိ
Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ တည်ရှိမှုကို အစ္စရေးက လက်မခံနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးပြော၊ ပါလက်စတိုင်းများအနေနှင့် ဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်ရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 61 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။ ထင်ရှားသော လွှတ်တော်အမတ်များသည် ဂါဇန်လူဦးရေကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် အကြံပြုပြီးနောက် အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် ဆမိုတစ် (Bezalel Smotrich) က ဂါဇာတွင် သီးခြားလွတ်လပ်သော
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ချီကာဂိုရှိ ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 95 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ ချီကာဂို။ အနောက်အလယ်ပိုင်းမှ ရာနှင့်ချီသော ဂျူးအမေရိကန်များနှင့် မဟာမိတ်များသည် ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့ တည်ရှိရာ ချီကာဂိုမြို့လယ်တွင် ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်က အဆောက်အအုံတစ်ခုတွင်
Hamas-Israel Conflict စစ်ရေးသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ပြီး ဆေးရုံလေးရုံကို ဝိုင်းရံပိတ်ဆို့ထား

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 94 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ လွန်ခဲ့သည့် နာရီပိုင်းအတွင်းတွင် အစ္စရေးစစ်တပ်သည် ဂါဇာမြို့တော်ရှိ ဆေးရုံသုံးရုံနှင့် မြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံတို့ကို ဝိုင်းရံထားသည်။ ပူးတွဲပါ ဗီဒီယိုသည် နိုဝင်ဘာလ (၉) ရက်နေ့ညပိုင်းတွင် အစ္စရေးစစ်တပ်က