နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

Hamas-Israel Conflict

Hamas-Israel Conflict

ဂါဇာမှာရှိတဲ့ဆေးရုံတွေ ထက်ဝက်ခန့် ပိတ်ထားရပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်း ၄၉၁ ဦး သေဆုံး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ဂါဇာ။

ဟားမတ်စ်နဲ့ အစ္စရေးစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေတဲ့ ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံ ၁၆ ရုံကို ရာမာလာတွင် အခြေစိုက်တဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ လောင်စာဆီပြတ်လပ်နေတဲ့အတွက် ဆေးရုံတွေကို ပိတ်ထားရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ ဆေးရုံပေါင်း ၃၅ ခု ရှိပြီး ထက်ဝက်ခန့်က ပိတ်ထားရပါတယ်။ ဂါဇာရှိ ကင်ဆာကုသရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်တဲ့ တူရကီ-ပါလက်စတိုင်း ချစ်ကြည်ရေးဆေးရုံလည်း ပါဝင်ပါတယ်။

ဆေးရုံတင်ထားရတဲ့ ကင်ဆာ လူနာ ၇၀ ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ကျန်းမာရေးဝန်ကြီး Kaila က သတိပေးထားပါတယ်။ စစ်ရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ “ ဆိုးရွားတဲ့ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုပတ်ဝန်းကျင်” နဲ့ ထိတွေ့ခဲ့ရတဲ့အတွက် တခြားကင်ဆာလူနာ ၂၀၀၀ ခန့်ဟာလည်း အသက်ရှင်နိုင်ဖို့ အလွန်အန္တရာယ်ကြီးပါတယ်။

အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံ ပျက်စီးခဲ့ပြီး တတိယထပ်ကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ဆေးရုံမှ အမှုဆောင်အရာရှိတစ်ဦးက CNN ကို ပြောကြားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် အောက်ဆီဂျင်နဲ့ ရေတွေ ပြတ်တောက်ခဲ့ရပါတယ်။

အစ္စရေးစစ်တပ်က CNN ကို ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာတွင် ၎င်းတို့ဟာ ဆေးရုံကို တိုက်ခိုက်ခြင်းမဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပေမယ့် နောက်ထပ်ရှင်းပြချက် မထုတ်ပြန်ခဲ့တော့ပါဘူး။

ပါလက်စတိုင်းအာဏာပိုင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဂါဇာရဲ့ အကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာသည် လောင်စာဆီ ကုန်သွားတဲ့အတွက် ၂၄ နာရီအတွင်း လည်ပတ်မှု ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ ဆေးရုံအနီးရှိ ဧရိယာကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ခံခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ စစ်ရေးပဋိပက္ခတွေအတွင်း အနည်းဆုံး ဆေးဘက်ဆိုင်ရာဝန်ထမ်း ၄၉၁ ဦး သေဆုံးပြီး ၃၇၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်းထုတ်ပြန်ထားပါတယ်။

တာဝန်ဝတ္တရားထမ်းဆောင်နေစဉ် အနည်းဆုံး လူ ၁၆ ဦး အသက်ဆုံးရှုံးခဲ့ပြီး အခြား ၃၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မှု အရေအတွက်မှာ ၈၂ ခု ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လ ၇ ရက်နေ့မှစ၍ လူနာတင်ယာဉ် ၂၈ စီး ပျက်စီးခဲ့ပြီး ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၃၆ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

WHO ရဲ့ အဆိုအရ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်တို့တွင် ဆေးဘက်ဆိုင်ရာဌာနတွေကို တိုက်ခိုက်မှု ၁၁၈ ကြိမ် ရှိခဲ့ပါတယ်။ ဆေးဝန်ထမ်း ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်

WHO အစီရင်ခံစာအပေါ် မှတ်ချက်ပေးရန် အစ္စရေးစစ်တပ်အား CNN က မေးမြန်းခဲ့ပေမယ့် ပြီးခဲ့တဲ့လ ၃၀ ရက်နေ့အထိ တုံ့ပြန်မှု မရရှိခဲ့ပါ။

အစ္စရေးစစ်တပ်ကတော့ ဟားမတ်စ်တွေကို ချေမှုန်းရန် ကြိုးပမ်းရာမှာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာမျိုး မရှိကြောင်း ယခုအချိန်အထိ ပြောဆိုထားပါတယ်။

Source: CNN, Japan

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်ပေါင်း ၁၀၀ စစ်ပွဲအထိမ်းအမှတ်နေ့တွင် ဟားမတ်စ်များကို ခြေမှုန်းရန် ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ဟု နေတန်ယာဟု ပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 64 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်။ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား စစ်ပွဲ ရက် ၁၀၀ ပြည့်လာချိန်တွင် ဟားမတ်စ်များကို
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အကြီးတန်းခေါင်းဆောင်တစ်ဦးသေဆုံးသွားခဲ့ပြီလို့ ဟားမက်စ်အတည်ပြု

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 92 Views
လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်တောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အကြီးတန်းခေါင်းဆောင်အချို့ သေဆုံးခဲ့တယ်လို့ ဂါဇာအခြေစိုက် ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်း ပဋိပက္ခတွေ
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာထဲက တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူပြီး စစ်ရေးအရှိန်ကို အစ္စရေးလျှော့ချ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 81 Views
အစ္စရေးအနေနဲ့ ဂါဇာထဲက တင့်ကားတွေကို ပြန်ခေါ်ပြီး နည်းဗျူဟာတွေကို ပြောင်းလဲကာ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာထားပေမယ့် ပါလက်စတိုင်းနယ်မြေအတွင်းက အခြားဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှ လူပေါင်း 2
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စိတ်မနှံ့တဲ့ ပါလက်စတိုင်းလူငယ်ကို ပစ်ခတ်မှုအပေါ် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 103 Views
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်။ အနောက်ဘက်ကမ်းက ဟီဘရွန်မြို့အနီး ပါလက်စတိုင်းစိတ်ဝေဒနာရှင်လူငယ်တစ်ဦးကို အစ္စရေးစစ်သားတွေ ပစ်ခတ်ခဲ့တဲ့ဗီဒီယိုထွက်ပေါ်လာပြီးတဲ့နောက် အဲဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အစ္စရေးကာကွယ်ရေးယူနစ် (IDF) က ပြောပါတယ်။ တာရတ်အဘူအေဘက်လို့ ခေါ်တဲ့ ပါလက်စတိုင်းလူငယ်ကို အစ္စရေးစစ်သား
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် အယ်လ်ရှီဖာဆေးရုံ အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံး

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 64 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ဂါဇာ။ ဂါဇာကမ်းမြှောင်ရှိ အကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာဆေးရုံကို အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကာတာရှိ
Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ တည်ရှိမှုကို အစ္စရေးက လက်မခံနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးပြော၊ ပါလက်စတိုင်းများအနေနှင့် ဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်ရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 61 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။ ထင်ရှားသော လွှတ်တော်အမတ်များသည် ဂါဇန်လူဦးရေကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် အကြံပြုပြီးနောက် အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် ဆမိုတစ် (Bezalel Smotrich) က ဂါဇာတွင် သီးခြားလွတ်လပ်သော
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ချီကာဂိုရှိ ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 95 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ ချီကာဂို။ အနောက်အလယ်ပိုင်းမှ ရာနှင့်ချီသော ဂျူးအမေရိကန်များနှင့် မဟာမိတ်များသည် ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့ တည်ရှိရာ ချီကာဂိုမြို့လယ်တွင် ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်က အဆောက်အအုံတစ်ခုတွင်
Hamas-Israel Conflict စစ်ရေးသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ပြီး ဆေးရုံလေးရုံကို ဝိုင်းရံပိတ်ဆို့ထား

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 94 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ လွန်ခဲ့သည့် နာရီပိုင်းအတွင်းတွင် အစ္စရေးစစ်တပ်သည် ဂါဇာမြို့တော်ရှိ ဆေးရုံသုံးရုံနှင့် မြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံတို့ကို ဝိုင်းရံထားသည်။ ပူးတွဲပါ ဗီဒီယိုသည် နိုဝင်ဘာလ (၉) ရက်နေ့ညပိုင်းတွင် အစ္စရေးစစ်တပ်က