Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးစစ်တွင်းကက်ဘိနက်ဝန်ကြီး၏သားဖြစ်သူ ဂါဇာတွင် ကျဆုံး။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ဂါဇာ။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဂါဇာကမ်းမြောင်ဒေသတွင် စစ်အတွင်းကက်ဘိနက်ဝန်ကြီး ဂါဒီ အီဆင်ကုတ် (Gadi Eisenkot) ၏သား အသက် ၂၅ နှစ်အရွယ် ဂဲလ်အီဆင်ကုတ် (Gal Eisenkot) သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကြေညာခဲ့သည်။

IDF ၏အဆိုအရ ဂဲလ်သည် Herzliya မှ တပ်ကြပ်ကြီးဖြစ်ပြီး 699 တပ်ရင်းနှင့်အတူ တိုက်ခိုက်ရေးစစ်သားတစ်ဦးဖြစ်သည်။

၎င်း၏ဖခင် ဂါဒီသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နှစ် ၄၀ ကြာ စစ်မှုထမ်းခဲ့သည်။

အောက်တိုဘာလ (၇) ရက်နေ့ တိုက်ခိုက်မှုအပြီးတွင် ၎င်းသည် သီးခြားဌာနတစ်ခု၏ တာဝန်ခံမဟုတ်သော ၀န်ကြီးအဖြစ် စစ်အစိုးရအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ၎င်း၏နိုင်ငံရေးပါတီသည် ကာကွယ်ရေးဝန်ကြီးဟောင်း Gantz ဦးဆောင်သော အမျိုးသားညွန့်ပေါင်းအဖွဲ့ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အစ္စရေးပါလီမန်တွင် ရွေးချယ်ခံခဲ့ရသည်။

အောက်တိုဘာ (၇) ရက်ကတည်းက ယခုအထိ ဂါဇာကမ်းမြောင်ဒေသမှာ IDF တပ်ဖွဲ့ဝင် ၈၈ ဦး ကျဆုံးခဲ့ပါသည်။

အစ္စရေးဝန်ကြီးချုပ် နေတင်ယာဟုက X (ယခင် Twitter) တွင် ဝမ်းနည်းကြောင်း အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။

“ အစိုးရနဲ့ အစ္စရေးပြည်သူတွေဟာ မင်းရဲ့ဆုံးရှုံးမှုကို အတူတကွ ဝမ်းနည်းပူဆွေးနေကြတယ်။ ငါတို့ရဲ့သူရဲကောင်းတွေ သေဆုံးမှုဟာ အချည်းနှီး မဟုတ်ဘူး။ ငါတို့အနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်။”

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ဂါဒီ အီဆင်ကုတ်နှင့် သူ၏သား ဂဲလ်အီဆင်ကုတ် (Gal Eisenkot) / CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေး-အီရန် ပဋိပက္ခနှင့်ပတ်သက်၍ တရုတ်ခေါင်းဆောင်က ပထမအကြိမ် မှတ်ချက်ပေးရာတွင် ပေကျင်းသည် အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 2 Views
ဇွန်လ (၁၇) ရက်။ အစ္စရေးက အီရန်အပေါ် စစ်ရေးအရ အရေးယူမှုကြောင့် ဖြစ်ပေါ်လာသော အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ရုတ်တရက် မြင့်တက်လာခြင်းအတွက်
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

ဇွန်လ ၁၇ ရက် နောက်ဆုံးရရှိသတင်းများ

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 3 Views
ပြင်းထန်အရှိန်မြင့်လာသော ပဋိပက္ခများ- အစ္စရေးနှင့် အီရန်တို့သည် နှစ်ဖက် အပြိုင်အဆိုင် ပြင်းထန်စွာလက်နက်ကြီးများနှင့်တိုက်ခိုက်နေမှုသည် ပဋိပက္ခ ၏ပဉ္စမမြောက်နေ့သို့ ဝင်ရောက်လာခဲ့သည် စစ်ခေါင်းဆောင်များကို ပစ်မှတ်ထားခြင်း
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်းက ဟားမတ်စ် တိုက်ခိုက်မှုကြောင့် အကူအညီပေးရေးလုပ်သား အများအပြား သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 3 Views
ဇွန်လ (၁၈) ရက်။ ဂါဇာတွင် ဗုဒ္ဓဟူးနေ့ညက ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရပြီးနောက် အကူအညီပေးရေး လုပ်သားအများအပြား သေဆုံးခဲ့ကြောင်း အမေရိကန် ကျောထောက်နောက်ခံပြု လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က ဟားမတ်စ်အား တိုက်ခိုက်မှု လုပ်ဆောင် နေ သည်ဟု
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်-အစ္စရေး ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်မှုကို တားဆီးရန် ရီပတ်ဘလီကန်အမတ်က အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 11 Views
ဇွန်လ (၁၇) ရက်။ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်သောမတ်စ် မက်ဆီ (Thomas Massie) က အီရန်နှင့် အစ္စရေးတို့ကြား ပြင်းထန်သော ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်မှုကို တားမြစ်ရန် ရီပတ်ဘလီကန် ဦးဆောင်သော အောက်လွှတ်တော်တွင် တွန်းအားပေး
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း အီရန်အသံလွှင့်ဌာနကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး အတည်ပြု

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 16 Views
ဇွန်လ (၁၇) ရက်။ အီရန်အစိုးရပိုင် ရုပ်မြင်သံကြားဌာန IRINN ၏ စတူဒီယိုများကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF) က ၁၆ ရက်တွင် ကြေညာခဲ့သည်။ IRINN သည် အစိုးရပိုင် အီရန်အသံလွှင့်ကော်ပိုရေးရှင်း (IRIB)
ဂျပန် နိုင်ငံတကာသတင်း မြန်မာသတင်း

ဂျပန်ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံရသော ဒေသများသို့ ချက်ချင်းနေနိုင်သော လုံးချင်းအိမ်များ လှူဒါန်းရန် စီစဉ်နေကြောင်း သိရသည်။

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 33 Views
ဇွန်လ (၁၇) ရက်။ ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Lifull ArchiTech Co.,Ltd သည် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် လူသေဆုံးမှုများနှင့် ဆိုးရွားစွာ
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတာ (Minnesota) ပြည်နယ်တွင် ဒီမိုကရက်တစ် ပြည်နယ်လွှတ်တော်အမတ်တစ်ဦးနှင့် သူမ၏ခင်ပွန်းကို သတ်ဖြတ်မှုသံသယဖြင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 14 Views
ဇွန်လ (၁၆) ရက်။ မင်နီဆိုတာ ဒီမိုကရက်တစ်ပါတီမှ မဲလ်လီစာ ဟော့မန် (Melissa Hortman) နှင့် သူမ၏ခင်ပွန်း မာ့ခ် (Mark) တို့ သေဆုံးပြီးနောက် တနင်္ဂနွေညတွင် ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်
နိုင်ငံတကာသတင်း အစ္စရေး အီရန်

အီရန်-အစ္စရေးစစ်ပွဲ အခြေအနေများ

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 51 Views
ဇွန်လ (၁၆) ရက်။ အစ္စရေးက အီရန်၏ South Pars ဓာတ်ငွေ့တွင်းကို မဆင်မခြင် တိုက်ခိုက်မှုကို ပင်လယ်ကွေ့နိုင်ငံရှိတာဝန်ရှိသူက ဝေဖန်ခဲ့သည်။ ပင်လယ်ကွေ့နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ကာတာနှင့် အီရန်ပူးပေါင်းလုပ်ဆောင်သည့် ကမ္ဘာ့အကြီးဆုံး ရေနံစက်ရုံဖြစ်သည့် အီရန်၏ South