နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်ပေါင်း ၁၀၀ စစ်ပွဲအထိမ်းအမှတ်နေ့တွင် ဟားမတ်စ်များကို ခြေမှုန်းရန် ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ဟု နေတန်ယာဟု ပြော

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်။

အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား စစ်ပွဲ ရက် ၁၀၀ ပြည့်လာချိန်တွင် ဟားမတ်စ်များကို ခြေမှုန်းခြင်းမှ ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့သည်။ အစ္စရေးသည် ၎င်း၏ ထိုးစစ်ပြုလုပ်နေမှုကို ရပ်တန့်ရန် လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲခံထားရသည့် နိုင်ငံတကာတရားရုံး (ICJ) ညျွန်ကြားချက်ကို လိုက်နာမည် မဟုတ်ကြောင်း နေတန်ယာဟုက ဆိုခဲ့သည်။ အီရန်နှင့် အရှေ့အလယ်ပိုင်းရှိ အီရန်၏ မဟာမိတ်အဖွဲ့များကို ရည်ညွှန်းပြီး စနေနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက “ ဟေ့ဂ် ရှိ နိုင်ငံတကာတရားရုံး (ICJ) သာမကဘဲ၊ မကောင်းဆိုးဝါး ဝင်ရိုးတန်းနိုင်ငံများနှင့် အခြားမည်သူမဆို ကျွန်ုပ်တို့ကို မည်သူကမျှတားဆီးနိုင်မည်မဟုတ်” ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင် တောင်အာဖရိကမှ တရားရုံးသို့ တင်လာသော လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး နေတန်ယာဟုက ပြောကြားရာတွင် “အရေခြုံ တိုက်ခိုက်မှုတစ်ခု” ဖြစ်ကာ ဂျူးလူမျိုးများအပေါ် နောက်ထပ် မီးလောင်တိုက်သွင်းမှု ထပ်မံကျူးလွန်ရန် ကြံစည်သူများ၏ ညွှန်ကြားမှုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ “ ဒါဟာ နိုင်ငံတွေရဲ့ သမိုင်းမှာ အကျင့်စာရိတ္တ နိမ့်ကျတဲ့ အချက်ပါပဲ” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ ဂါဇာရှိ ဟားမတ်စ်ဥမင်လိုဏ်ခေါင်းများတွင် အဒေါ့ဖ်ဟစ်တလာ၏ “ Mein Kampf” စာတမ်း မိတ္တူများ အပါအဝင် ဂျူးဆန့်ကျင်ရေး ပစ္စည်းအများအပြားကို တွေ့ရှိခဲ့ရသည်ဟု ဝန်ကြီးချုပ်က အခိုင်အမာပြောဆိုခဲ့သည်။ ထို့အပြင် နေတန်ယာဟုက “ဂါဇာရှိအိမ်တစ်အိမ်တွင် ကလေး၏တက်ဘလက်တစ်လုံးတွင် ဟစ်တလာ၏ရုပ်ပုံကို Screensaver အဖြစ် အသုံးပြုထားသည်ကို ၎င်းတို့တွေ့ရှိခဲ့ကြောင်းဆိုသည်။

နေတန်ယာဟုက ဂျူးလူမျိုး ဆန့်ကျင်ရေးဝါဒသည် တူညီစွာရှိနေသော်လည်း ဂျူးလူမျိုးများသည် မတူကွဲပြားကြသော်လည်း ဆန့်ကျင်သူမှန်သမျှကို အဆုံးတိုင်အောင် တိုက်ခိုက်သွားမည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ ‘ကျွန်ုပ်တို့ အဲဒါကို အဆုံးသတ်ဖို့လိုတယ်’ -ဟု သတင်းစာရှင်းလင်းပွဲအတွင်း နေတန်ယာဟုက အစ္စရေးသည် အီဂျစ်နှင့် ဂါဇာကြား နယ်နိမိတ်အဖြစ် တည်ရှိသော ၁၄ ကီလိုမီတာအကွာရှိ ဖီလာဒဲဖီစင်္ကြန်ကို မပိတ်နိုင်ပါက စစ်ပွဲကို အဆုံးမသတ်နိုင်ဟု အလေးပေးပြောကြားခဲ့သည်။ ယင်းသို့လုပ်ဆောင်ခြင်းသည် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အပြည့်အဝထိန်းချုပ်နိုင်ခွင့်ရရှိမည်ဖြစ်သည်။

အီဂျစ်နှင့် နယ်နိမိတ်ကို အစ္စရေးမှ လက်လှမ်းမမီအောင် ထားရှိခွင့်ပြုခြင်းသည် ၎င်းတို့၏စစ်ပွဲတွင် အနိုင်ရရှိထားမှုများကို အခက်အခဲဖြစ်စေသည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

“ ဟားမတ်စ်တွေကို ငါတို့ခြေမှုန်းပစ်မယ်၊ ဂါဇာကို စစ်မဲ့ဒေသဖြစ်စေမယ်၊ စစ်လက်နက်ပစ္စည်းတွေနဲ့ တခြားသေစေနိုင်လောက်တဲ့ လက်နက်တွေက ဒီတောင်ဘက်အဖွင့်က ဝင်ရောက်လာမှုတွေ ဆက်ရှိနေမှာဖြစ်လို့ ပိတ်ပစ်ဖို့ လိုအပ်ပါတယ်” ဟု နေတန်ယာဟုက ရှင်းပြသည်။ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာမက်အဘူဇအစ် (Ahmed Abu Zeid) က အီဂျစ်သည် ၎င်း၏နယ်နိမိတ်များကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း စနေနေ့က အီဂျစ်ရုပ်မြင်သံကြားလိုင်း ဆာဒါအယ်ဘလတ် (Sada Al-Balad) နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

“ အီဂျစ်သည် ၎င်း၏နယ်နိမိတ်များကို အပြည့်အဝထိန်းချုပ်ထားပြီး အဆိုပါကိစ္စရပ်များသည် ပတ်သက်သည့်နိုင်ငံများအကြားတွင် တရားဥပဒေနှင့် လုံခြုံရေးသဘောတူညီချက်များအတိုင်း လိုက်နာနိုင်သောကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုတိုင်းကို ယေဘုယျအားဖြင့် စိစစ်ရမည်ဖြစ်သည်” ဟု Abu Zeid က ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်