နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဖမ်းဆီးခံဓားစာခံများ လွတ်မြောက်ရေးအတွက် အစ္စရေးက ၂ လကြာ တိုက်ပွဲများ ခေတ္တရပ်ရန် အဆိုပြု

ဇန်နဝါရီလ (၂၃) ရက်။

ကျန်နေသေးသည့် ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရန် အစ္စရေးက ဟားမတ်စ်အဖွဲ့ကို သူတို့၏ တိုက်ခိုက်မှုများကို နှစ်လ ခေတ္တရပ်ထားဖို့ အဆိုပြုချက်အသစ်ကို အစ္စရေးက ပေးထားသည်ဟု အမေရိကန် သတင်းဝက်ဘ်ဆိုက်တစ်ခုက ပြောပါသည်။ အစ္စရေးအရာရှိများကို ကိုးကား၍ Axios သတင်းဌာနသည် ကာတာနှင့် အီဂျစ်နိုင်ငံတို့က ကြားဝင်ဖျန်ဖြေမှုမှတစ်ဆင့် ပြုလုပ်ခဲ့သည့် အဆိုပြုချက်ကို တနင်္လာနေ့တွင် တင်ပြခဲ့သည်ဟု ဖော်ပြထားပါသည်။

အဆိုပြုထားသည့် သဘောတူညီချက်တွင် ဟားမတ်စ်သည် ပထမအဆင့်တွင် စိုးရိမ်ရသည့် ကျန်းမာရေးအခြေအနေရှိနေသည့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဓားစာခံများကို လွှတ်ပေးမည်ဖြစ်သည်။ ထို့နောက် စစ်သားများအပါအဝင် အခြားသော ဓားစာခံများကို အဆင့်လိုက် လွှတ်ပေးမည်ဖြစ်သည်။ ကျန်ရှိသော ဓားစာခံများအားလုံး လွတ်မြောက်လာသည်အထိ တိုက်ပွဲများကို နှစ်လအထိ ရပ်ဆိုင်းထားမည်ဖြစ်သည်။ အဆိုပါ အဆိုပြုချက်ကို နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အစိုးရအဖွဲ့က လွန်ခဲ့သည့် ၁၀ ရက်က အတည်ပြုခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

သို့ရာတွင် စစ်ပွဲအဆုံးသတ်ရန် အစ္စရေးက သဘောတူမည်မဟုတ်ကြောင်းနှင့် အစ္စရေးအကျဉ်းထောင်များရှိ ထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသား ၆၀၀၀ အားလုံးကို လွှတ်ပေးရန် သဘောတူမည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးများသည် နှစ်လကြာရပ်နားပြီးနောက်တွင် တိုက်ခိုက်မှု အတိုင်းအတာနှင့် ပြင်းထန်မှုမှာ သိသိသာသာ လျော့ကျသွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ Axios သတင်းဌာနက ဓားစာခံလွတ်မြောက်ရေး သဘောတူညီချက်အတွက် အဆိုပြုချက်အသစ်၏ ကန့်သတ်ချက်များသည် “ယခင်ဟားမတ်စ်မှ ပယ်ချခဲ့သည့် အဆိုပြုချက်များနှင့် ခြားနားပြီး ရှေ့သို့ ပိုမိုတိုးတက်စေလိုသည့်အဆိုပြုချက်” ဖြစ်သည်ဟု Axios သတင်းဌာနက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အာရှ အိန္ဒိယ

ရုရှားရေနံကို ဆက်လက်ဝယ်ယူနေပါက အိန္ဒိယကုန်ပစ္စည်းများအပေါ် အခွန်တိုး ကောက်မည်ဟု ထရန့် ခြိမ်းခြောက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 12 Views
ရုရှားရေနံကို ဝယ်ယူနေဆဲဖြစ်သောကြောင့် အိန္ဒိယအပေါ် အခွန်တိုးကောက်မည်ဟု သမ္မတ ဒေါ်နယ် ထရန့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “အိန္ဒိယက ရုရှားရေနံအမြောက်အမြားကို ဝယ်ယူရုံတင်မကဘူး၊
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသအားလုံးကို ထိန်းချုပ်ရန် ရည်ရွယ်ထားကြောင်း နေတန်ယာဟုက လုံခြုံရေးဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 13 Views
CNN- ၂၀၂၅ခုနှစ်၊သြဂုတ်လ၊ ၈ရက် ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝ ပြန်လည်သိမ်းပိုက်ရေးကို ဆုံးဖြတ်ရန် လုံခြုံရေး ၀န်ကြီးအဖွဲ့မှ အစည်းအဝေး ပြုလုပ်နေစဉ်တွင် အစ္စရေးနိုင်ငံတစ်ဝှမ်းတွင်
China တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ထောင်နှင့်ချီသောလူများ ဖျားနာမှုများကြောင့် ဒရုန်းများ၊ ဒဏ်ကြေး ငွေများနှင့် ပိုက်ကွန်များဖြင့် ခြင်မှပေါက်သော ချီကွန်ဂန်းယာဗိုင်းရပ်စ်(chikungunya virus)ကို တိုက်ထုတ်နေရ။

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 15 Views
တရုတ်အာဏာပိုင်များသည် ပိုက်ကွန်များအသုံးပြုကာ ပိုးသတ်ဆေးဖြန်းခြင်းနှင့် လူထောင်ပေါင်းများစွာကို ကူးစက်စေသည့် ခြင်မှပေါက်ဖွားသော ချီကွန်ဂန်ယာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ဒရုန်းများကိုပင် အသုံးပြုလျက်ရှိသည်။ အာဏာပိုင်များသည် ဗုဒ္ဓဟူးနေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇,၀၀၀ ကျော်ရှိပြီး အများစုမှာ ဟောင်ကောင်မှ ကီလိုမီတာ ၁၇၀ (၁၀၅
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

‘လာမည့်ရက်များ’ အတွင်း ထရန့် နှင့် ပူတင် တို့တွေ့ဆုံရန် သဘောတူညီချက် ရရှိခဲ့ကြောင်း ကရင်မလင် ထိပ်တန်းလက်ထောက်ပြော။

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 16 Views
CNN-၂၀၂၅ခုနှစ်၊ သြဂုတ်လ၇ရက် ကရင်မလင် ထိပ်တန်းလက်ထောက် ယူရေ ဥရှကော့ဗ် (Yury Ushakov) က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် သည် လာမည့်ရက်ပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံရန် သဘောတူညီမှုရရှိခဲ့ပြီး ပါတီများသည်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

နေတန်ယာဟုက ဝိုင်းရံထားသော နယ်မြေအား အပြည့်အ၀ သိမ်းပိုက်ရန် စဉ်းစားနေချိန်တွင် အစ္စရေးစစ်တပ်အကြီးအကဲက ဂါဇာကို သိမ်းပိုက်ရန် ကိစ္စကိုသတိပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 19 Views
CNN- ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ရက် ဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု က ဝိုင်းရံထားသော နယ်မြေအား သိမ်းပိုက်ရန်အတွက် အမိန့်ထုတ်ရန် စဉ်းစားနေချိန်တွင် အစ္စရေး၏ စစ်ဦးစီးချုပ်က ဂါဇာကို အပြည့်အဝ သိမ်းယူရန် သတိပေးခဲ့ကြောင်းအစ္စရေး၏ရင်းမြစ်သုံးခုမှဆိုသည်။ အင်္ဂါနေ့ညနေပိုင်းတွင်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ပူတင်-ဝတ်ကော့ဖ် တွေ့ဆုံမှုသည် ‘အပြုသဘောဆောင်သည်’ ဟု ကရင်မလင် ကဆိုသည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 23 Views
CNN- ၂၀၂၅ခုနှစ် ၊ သြဂုတ်လ ၆ရက် ရုရှားနိုင်ငံအပေါ် ထရန့် အစိုးရက ပိတ်ဆို့အရေးယူမှု နောက်ဆုံးရက် နီးကပ်လာသည်နှင့်အမျှ အမေရိကန် အထူးသံတမန် စတိ့ဗ် ဝတ်ကော့ဖ် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဗုဒ္ဓဟူးနေ့တွင် “
နိုင်ငံတကာသတင်း အမေရိကန်

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့(Greg Abbott) သည် ပြည်နယ် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကော်မတီ ဥက္ကဋ္ဌအား ဖယ်ရှားရန် တရားစွဲခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 28 Views
NBC သတင်း ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၆ရက် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျင်းဝူ(Gene Wu) သည် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကြောင်းနှင့် ၎င်း၏ လွှတ်တော်တက်ရန် ပျက်ကွက်မှုသည် ရာထူးမှ စွန့်လွှတ်ခြင်းဖြစ်သည်ဟု တက္ကဆက်ပြည်နယ် တရားရုံးချုပ်သို့
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

ထရန့်ရဲ့ နျူကလီးယားပြင်ဆင်အမိန့်ပေးမှုအပေါ် ရုရှား တိတ်ဆိတ်နေ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 26 Views
ဆိုရှယ်မီဒီယာမှာ နျူကလီးယားနဲ့ ပတ်သက်သက်တဲ့ အစပြု တုံ့ပြန်မှုဟာ သမိုင်းမှာ  ပထမဆုံးအကြိမ် ဖြစ်နေမည်လော။ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်၏ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့မှု ကြောင့် ဒေါသထွက် သွားသည့် သမ္မတဒေါ်နယ်ထရန့်က နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်းကို ရုရှားနိုင်ငံနဲ့