နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်၏ပြောဆိုချက်အပေါ် “ အလွန်အန္တရာယ်များတယ်” ဟု ဇလန်းစကီးဆို

ဖေဖော်ဝါရီလ (၁၁) ရက်။

၂၄ နာရီအတွင်း ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်သည်ဟု ထရန့်၏ပြောဆိုချက်အပေါ် အလွန်အန္တရာယ်များတယ်’ဟု ဇလန်းစကီးက မှတ်ချက်ပြုခဲ့သည်။

အိမ်ဖြူတော်သို့ သမတအဖြစ် ပြန်ရောက်လာပါက ရုရှား-ယူကရိန်းစစ်ပွဲကို တစ်ရက်အတွင်း အဆုံးသတ်နိုင်မည်ဟု ဒေါ်နယ်ထရန့်၏ အကြံပြုချက်အပေါ် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇလန်းစကီးက ပထမဆုံးအကြိမ် လူသိရှင်ကြား ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခဲ့သည်။ သောကြာနေ့ကထုတ်လွှင့်သော ဗြိတိန် Channel Four News နှင့် မာ ဇလန်းစကီး၏ တွေ့ဆုံမေးမြန်းခန်းတွင် ရီပတ်ဘလီကန်ပါတီ သမတလောင်းအဖြစ် ရှေ့တန်းပြေးနေသူ၏ ဝါကြွားမှုကို “ အလွန်အန္တရာယ်များသော” အဖြစ် ဖော်ပြခဲ့သည်။ ထရန့်သည် စစ်ပြီးခေတ်အခြေအနေ မည်သို့မည်ပုံဖြစ်မည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။

ထရန့်၏ပြောဆိုမှုသည် ရွေးကောက်ပွဲ နီးကပ်လာမှုတွင် ပြောဆိုချက်သက်သက် သို့မဟုတ် “နိုင်ငံရေးအရ အသိပေးမှုသတင်းစကား” ဖြစ်နိုင်သည်ဟု ဇလန်းစကီးက ပြောဆိုခဲ့သည်။ သို့သော် သမ္မတအဖြစ် ရွေးကောက်ခံရပါက ထရန့်သည် ယူကရိန်း သို့မဟုတ် ၎င်း၏ပြည်သူများအတွက် အကျိုးမရှိသော ဆုံးဖြတ်ချက်များကို တစ်ဖက်သတ် ဆုံးဖြတ်နိုင်ပြီး ၎င်းတို့ကို မည်သို့ပင်ဖြစ်စေကာမူ ကြိုးပမ်းလုပ်ဆောင်နိုင်သည်ဟူသော အယူအဆမှာ “ကျွန်တော့ကို အလွန်စိတ်ဖိစီးစေပါတယ်” ဟု ပြောကြားခဲ့သည်။

နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ကြေညာချက်ထုတ်ရန် ထရန့်၏ သဘောထားမှာ ပြီးခဲ့သည့်နှစ် မေလတွင် ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး CNN ၏ ကိတ်တလန် ကောလင်း (Kaitlan Collins) နှင့် အင်တာဗျူးတွင် ထရန့်က “ ကျွန်တော်သာ သမ္မတဖြစ်ခဲ့ရင် ဒီစစ်ပွဲကို တစ်ရက်တည်းနဲ့ ၂၄ နာရီအတွင်း ပြေလည်အောင် ဖြေရှင်းနိုင်မှာပါ” ဟုဆိုခဲ့သည်။

ဘယ်လိုလုပ်မလဲလို့ မေးတော့ ထရန့်က ဇလန်းစကီး နဲ့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင် တို့ကို တွေ့ဆုံပြီး “သူတို့နှစ်ယောက်စလုံးမှာ အားနည်းချက်တွေရှိသလို နှစ်ယောက်လုံးမှာ အားသာချက်တွေလဲ ရှိပြီး စစ်ပွဲက ၂၄ နာရီအတွင်း ပြေလည်သွားမှာဖြစ်ပြီး စစ်ပွဲလည်း ပြီးသွားမှာပါ” ဟု ပြောကြားခဲ့သည်။ ယေဘုယျအားဖြင့် ဇလန်းစကီးသည် ထရန့်ကို ဝေဖန်ခြင်းမှ ဝေးဝေးနေခဲ့ပြီး ဒီမိုကရက်များနှင့် ထရန့်ကိုထောက်ခံသော ရီပတ်ပလီကင်များ ကွဲပြဲနေခြင်းမှ ယူကရိန်းအတွက် အမေရိကန် ရန်ပုံငွေများကို ပိတ်ပင်ခြင်းမခံရအောင် သတိထားနေခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက ဒါဗိုစ် (Davos) တွင် သတင်းထောက်တစ်ဦး၏ အလားတူမေးခွန်းကို ဖြေကြားရာတွင် ယူကရိန်း ခေါင်းဆောင်က ဖြစ်နိုင်သည့် အခြေအနေတခုတွင် ထရန့် က အမေရိကန်၏ ထောက်ပံ့မှုများအားလုံးကို ဖယ်ရှားပြီးနောက် ပူတင်က ယူကရိန်းကို ဖြတ်ကျော်သိမ်းပိုက်သွားပြီးနောက် နေတိုးအဖွဲ့ဝင်များကိုလည်း ကျူးကျော်ရန် စတင်ခြိမ်းခြောက်လာပါက ထရန့် က မည်သို့တုံ့ပြန်မည်ကို သိချင်ကြောင်း တုံ့ပြန်ခဲ့သည်။ လူအများက နိုဝင်ဘာလတွင် ထရန့်၏အောင်ပွဲကို ပူတင်က ကြိုဆိုရမည့်အရာဖြစ်ပြီး အနည်းဆုံးအားဖြင့် ယူကရိန်းတွင် ၎င်း၏ပိုင်နက်အမြတ်အစွန်းကို ဆုပ်ကိုင်ထားပြီး အောင်ပွဲကို ကြေညာရန် အခွင့်အရေးပေးမည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားသည်။

ဆန့်ကျင်ဘက်အားဖြင့် ဇလန်းစကီးက ခရိုင်းမီးယားအပါအဝင် ၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းကို သိမ်းပိုက်ထားသော ရုရှားတပ်ဖွဲ့များအားလုံးကို ဖယ်ရှားခြင်းမပြုလျှင် ငြိမ်းချမ်းရေးသဘောတူညီချက် မရနိုင်ဟု ဆက်လက်၍ပြောဆိုထားသည်။ နွေရာသီ တန်ပြန်ထိုးစစ် မအောင်မြင်မှုကြောင့် ယူကရိန်း၏ စေ့စပ်ညှိနှိုင်းနိုင်မှုသည် အနည်းဆုံး အချိန်တိုအတွင်း သိသိသာသာ အားနည်းသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဘိုင်ဒင်အစိုးရနှင့် နေတိုးမဟာမိတ်တို့က ယူကရိန်းအား ရုရှားနှင့် မည်သည့်သဘောတူညီချက်တွင်မျှ အတင်းအကျပ် ဖိအားပေးမည်မဟုတ်ကြောင်း “ယူကရိန်းနှင့်ပတ်သက်ပြီး ယူကရိန်းမရှိလျှင် မည်သည့်အရာမျှမရှိနိုင်” ဟူသော စကားစုဖြင့် နိဂုံးချုပ်ထားသည်။ ထရန့်အား ယူကရိန်းသို့ ဖိတ်ကြားရန် Channel Four News အင်တာဗျူးတွင် အခွင့်အရေးပေးခဲ့ပြီး ဇလန်းစကီးကလည်း မတွန့်ဆုတ်ခဲ့ပေ။ ကင်မရာကို လှည့်ကြည့်ရင်း “ဒေါ်နယ်ထရန့် ယူကရိန်း၊ ကိ့ဗ်ကို ဖိတ်ခေါ်ပါတယ်။ စစ်ပွဲကို ၂၄ နာရီအတွင်း ရပ်တန့်နိုင်ရင် လာဖို့ လုံလောက်တဲ့ အကြောင်းပြချက်ဖြစ်မယ် ထင်ပါတယ်” ဟု ဇလန်းစကီးက ထရန့်ကို ဖိတ်ကြားခဲ့သည်။

“ဒေါ်နယ်ထရန့်မှာ တကယ်ကိုကောင်းတဲ့ အကြံအစည်တစ်ခု၊ တကယ့်အကြံဉာဏ် တစ်ခုရှိနိုင်ပြီး ကျွန်တော့်ကို သူ မျှဝေနိုင်ပါတယ်” ဟု အင်တာဗျူးမေးမြန်းသူအား မျက်နှာချင်းဆိုင်ပြီး သူက ထပ်လောင်းပြောကြားခဲ့သည်။

Source/Photo: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို