နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တိုင်းပြည်မှ ထွက်ပြေးသွားပြီဖြစ်၍ စစ်တပ်က အာဏာလွှဲယူကာ ကြားဖြတ်အစိုးရဖွဲ့မည်ဟုဆို

သြဂုတ်လ (၅) ရက်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တိုင်းပြည်မှ ထွက်ပြေးသွားပြီဖြစ်၍ စစ်တပ်က အာဏာလွှဲယူကာ ကြားဖြတ်အစိုးရ ဖွဲ့မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲက သြဂုတ် ၅ ရက်တွင် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။

ဟာဆီနာသည် နိုင်ငံတစ်ဝန်းဖြစ်ပွားနေသော ဆန့်ကျင်ဆန္ဒပြမှုများကို ထိန်းချုပ်ရန် ဇူလိုင်လအစောပိုင်းကတည်းက ကြိုးပမ်းခဲ့သော်လည်း သြဂုတ် ၄ ရက်က လူ ၁၀၀ နီးပါး သေဆုံးခဲ့သည့် ဆူပူဆန္ဒပြမှု ဖြစ်ပွားအပြီး တစ်ရက်အကြာတွင် နိုင်ငံထဲမှရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားသည်ဟု နိုင်ငံတကာမီဒီယာများတွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဝါကာအူဇ်ဇာမန်က ဝန်ကြီးချုပ် ဟာဆီနာ ရာထူးမှနုတ်ထွက်သွားကြောင်း အတည်ပြုခဲ့ပြီး စစ်တပ်က ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တိုင်းပြည်အတွက် ထိခိုက်ဆုံးရှုံးမှုတွေ အများကြီး ဖြစ်ခဲ့ပြီး စီးပွားရေးလည်း ထိခိုက်ခဲ့တယ်။ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရလို့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အချိန်တန်ပြီ” ဟု ဝါကာက ဆိုသည်။

သြဂုတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ၎င်းင်း၏အိမ်တော်မှ စွန့်ခွာထွက်ပြေးသွားပြီးနောက် ဝမ်းသာအားရဖြစ်နေသည့် ဆန္ဒပြသူများသည် ၎င်းင်း၏အိမ်တော်ထဲသို့ စီးနင်းဝင်ရောက်ခဲ့သည်။

သြဂုတ် ၅ ရက် နံနက်ပိုင်းက ပျော်ရွှင်နေပုံရသည့် ဆန္ဒပြလူအုပ်ကြီးသည် အလံများဝှေ့ယမ်းခဲ့ပြီး အချို့ကမူ ဒါကာမြို့ရှိ လမ်း မပေါ်တွင်ရပ်ထားသည့် တင့်ကားတစ်စီးပေါ်သို့တက်ကာ ကခုန်ခဲ့သည်။ ထို့နောက် ရာနှင့်ချီသည့် ဆန္ဒပြသူများသည် ဟာဆီနာ၏ အိမ်တော်ထဲသို့ စီးနင်းဝင်ရောက်ခဲ့သည်။

(FILES) Bangladesh’s Prime Minister Sheikh Hasina speaks during an interview at a hotel in New York, on September 22, 2022. – Thousands of Bangladeshi protesters stormed the palace of Prime Minister Sheikh Hasina in Dhaka on August 5, 2024, with a source telling AFP she had fled mass demonstrations
demanding she quit. (Photo by Ed JONES / AFP)
A Bangladesh army personnel stands guard during a curfew following clashes between police and Anti-Discrimination Student Movement activists amid anti-government protests in Shahbag area of Dhaka on August 5, 2024. – Bangladeshi security forces patrolled the capital on August 5, as protesters demanding Prime Minister Sheikh Hasina’s resignation said they would take to Dhaka’s streets again following the deadliest day of unrest since demonstrations erupted last month. (Photo by Munir UZ ZAMAN / AFP)
Bangladesh army personnel stand guard during a curfew following clashes between police and Anti-Discrimination Student Movement activists amid anti-government protests in the Shahbag area of Dhaka on August 5, 2024. – Bangladeshi security forces patrolled the capital on August 5, as protesters demanding Prime Minister Sheikh Hasina’s resignation said they would take to Dhaka’s streets again following the deadliest day of unrest since demonstrations erupted last month. (Photo by Munir UZ ZAMAN / AFP)
Police use tear gas to disperse student protestors in Bogura on August 4, 2024. (Photo by AFP)
Police use tear gas to disperse student protestors in Bogura on August 4, 2024. (Photo by AFP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 38 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို