နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

Pager များ ပေါက်ကွဲမှုတွင် အစ္စရေးတာဝန်ရှိကြောင်း လက်ဘနွန်အစိုးရဆို

စက်တင်ဘာလ (၁၈) ရက်။

မနေ့က စက်တင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော Pager များ တပြိုင်တည်း ပေါက်ကွဲမှုတွင် အစ္စရေးတို့ တာဝန်ရှိကြောင်း လက်ဘနွန်အစိုးရက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် သက်၍ “လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားတဲ့ အစ္စရေးရဲ့ ရာဇဝတ်ကျူးကျော်မှုကို အစိုးရအဖွဲ့က တညီတညွတ်တည်း ရှုတ်ချပါတယ်” ဟု လည်း ယင်းဖြစ်ရပ်အပြီး ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် လက်ဘနွန်ဝန်ကြီးချုပ် Najib Mikatiက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၇ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းခန့်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့အနီးတဝိုက်တွင် Pager များ ပေါက်ကွဲမှုကြောင့် တစ်နာရီအတွင်း အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် လူ ၈ ဦးထက်မနည်း‌ သေဆုံးခဲ့ပြီး လူပေါင်း ၂၈၀၀ ခန့် ဒဏ်ရာရခဲ့သည်။ သေဆုံးသူ ၈ ဦးထဲတွင် ဟစ်ဇဘိုလာ ၂ ဦးသာပါကြောင်း သိရှိရသည်။

လက်ဘနွန်အစိုးရသည် အစ္စရေးတို့၏ လုပ်ရပ်များအတွက် တာဝန်ယူရေးအတွက် အစ္စရေးကို တောင်းဆိုရန် ကုလသမဂ္ဂနှင့် နိုင်ငံအများအပြားကို ဆက်သွယ်ထားကြောင်းကိုလည်း လက်ဘနွန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အစ္စရေးကမူ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပေးသေးချေ။

အမေရိကန်သတင်းစာများက အစ္စရေးမော့ဆက်အဖွဲ့အစည်း၏ လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဟစ်ဇဘိုလာအဖွဲ့ဝင်များသည် လက်ကိုင်ဖုန်းများအစား အချင်းချင်းဆက်သွယ်ရာတွင် အစ္စရေးဘက်က ဖြတ်တောက်နားထောင်ခြင်း မပြုနိုင်သည့် Pager များကို အသုံးပြုကြသည်။ ၎င်းသည် အသေးစား ဆက်သွယ်ရေးပစ္စည်းငယ်တစ်ခုဖြစ်ပြီး စာတိုမက်ဆေ့ချ်များ ပို့ရာတွင် အသုံးပြုကြသည်။ ယင်း Pager များကို ဟစ်ဇဘိုလာမှ အရေအတွက် ၅၀၀၀ ခန့်တင်သွင်းခဲ့ရာ လက်ဘနွန်ဆိပ်ကမ်းမချမီ တနေရာတွင် အစ္စရေးက ဘက်ထရီနားတွင် ယမ်းနှင့် အဝေးထိန်းဖောက်ခွဲကိရိယာများကို ထည့်သွင်းပေးလိုက်သည်ဟု အမေရိကန်သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

စုံစမ်းစစ်ဆေးမှုများအရ ပေါက်ကွဲမှုဖြစ်သော Pager များသည် တိုင်ဝမ်နိုင်ငံ အခြေစိုက် Gold Apollo ကုမ္ပဏီမှ ပြုလုပ်သည့် Pager များ ဖြစ်ကြပြီး၊ မကြာသေးမီ လများအတွင်း ဟစ်ဇဘိုလာတို့အတွက် ဝယ်ယူတင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။ သို့ရာတွင် တိုင်ဝမ်ကုမ္ပဏီသည် ၎င်းတို့ထံမှ လိုင်စင်ယူထားသည့် အခြားကုမ္ပဏီမှ ထုတ်လုပ်ထားသည့်ပစ္စည်းများ ဖြစ်ကြောင်း ပြောဆိုထားသည်။

၎င်း Pager ကို ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့ အခြေစိုက် BAC ကုမ္ပဏီက ထုတ်လုပ်ထားသည်ဟု သိရှိရပါသည်။

Mandatory Credit: Photo by RITCHIE B TONGO/EPA-EFE/REX/Shutterstock (14726049b) People wait outside the office of the Taiwanese company ‘Gold Apollo’ in New Taipei City, Taiwan, 18 September 2024. Taiwanese company Gold Apollo denied on 18 September that they were the manufacturers of the beeper devices used in the Lebanon explosion, which left at least eight people dead and injured thousands, according to the Lebanese Health minister. Taiwan’s Gold Apollo denies manufacturing pagers used in Lebanon blast
TOPSHOT – Relatives mourn Fatima Abdallah, a 10-year-old girl killed after hundreds of paging devices exploded in a deadly wave across Lebanon, during her funeral in the village of Saraain in the Bekaa valley on September 18, 2024. Hundreds of pagers used by Hezbollah members exploded across Lebanon on September 17, killing at least nine people and wounding around 2,800 in blasts the Iran-backed militant group blamed on Israel. (Photo by AFP) (Photo by -/AFP via Getty Images)
BEIRUT, LEBANON – SEPTEMBER 17: Lebanese people arrive at Red Cross building in Beirut to donate blood following call of Lebanon’s Health Ministry as pager explosions left at least 9 people including a child dead and 2800 others injured across Lebanon on September 17, 2024. (Photo by Houssam Shbaro/Anadolu via Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 48 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 54 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 41 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့