နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘတ် ၂ သန်း လိမ်လည်မှုဖြင့် ထိုင်းနာမည်ကြီး အမျိုးသမီးစားဖိုမှူးကို ထိုင်းရဲ ဖမ်းဆီး

အောက်တိုဘာလ (၉) ရက်။

ထိုင်းနာမည်ကြီးခေါက်ဆွဲဆိုင်ပိုင်ရှင် နာမည်ကြီး အမျိုးသမီး စားဖိုမှူးတစ်ဦးသည် ဘတ်ငွေ ၂ သန်းခန့်တန်ဖိုးရှိသည့် ရွှေနှင့် စိန်လက်ဝတ်ရတနာတွေကို လိမ်လည်ရောင်းချမှုနှင့် အဖမ်းခံခဲ့ရပါသည်။

သံသယရှိသူသည် အသက် ၅၄ နှစ်အရွယ် ယုဝါဒီ ချိုင်းစီရီပန်နစ်ချ် (Yuwadee Chaisiripanich ) ဖြစ်ပြီး သူမကို စားဖိုမှူး အွိုင်း (Chef Aoi) ဟုလည်း လူသိများသည်။

ပရာဝက် (Prawet) ခရိုင် စရင်နာကရင် (Srinakarin) လမ်းမပေါ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အစားအသောက် ရောင်းချနေစဉ် ဘန်ကောက်တွင် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သူမ ဖမ်းဆီးခံရမှုသည်မှာ ဘန်ဘွန် (Bang Bon) ဘူတာရှိ ဆိုက်ဘာမှုခင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ တိုင်ကြားသူ၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အလိမ်ခံရသူသည် စားဖိုမှူး အွိုင်း ၏ ပရိတ်သတ်တစ်ဦးဖြစ်ကြောင်း အခိုင်အမာဆိုကာ စားသောက်ဆိုင်တစ်ခုအတွက် ၎င်း၏ဖရန်ချိုက်ကိုယ်စားလှယ် (franchise) ဝယ်ယူခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် သူမအား ဆက်သွယ်ခဲ့သည်။ အချိန်အတော်ကြာ စကားပြောပြီးနောက် ရင်းနှီးလာသည်ဟု တိုင်ကြားသူက ပြောသည်။

ကျူးလွန်ခံရသူသည် ဖရန်ချိုက်လုပ်ငန်းအတွက် ငွေရှာရန်အတွက် ဘတ်ငွေ ၂ သန်းခန့် တန်ဖိုးရှိ သူတို့ပိုင်ရွှေနှင့် စိန်လက်ဝတ်ရတနာများနှင့် အဆောင်လက်ဖွဲ့များကို ရောင်းချရန် လိုအပ်ကြောင်း စားဖိုမှူး အွိုင်း ကို ပြောကြားခဲ့သည်ဟု ဆိုသည်။

စားဖိုမှူး အွိုင်းက အရောင်းပွဲစားလုပ်ဖို့ ကမ်းလှမ်းခဲ့သည်။ တရားခံ စားဖိုမှူး အွိုင်းသည် ထိုင်းနိုင်ငံတွင် ထိပ်တန်းစားဖိုမှူးနှင့် Iron Chef တွင် ပါဝင်ခဲ့သည့် နာမည်ကြီးစားဖိုမှူးတစ်ဦးဖြစ်သောကြောင့် သူမအား ယုံကြည်ခဲ့သည်။

လအတော်ကြာပြီးနောက်တွင် အလိမ်ခံရသူသည် စားဖိုမှူးသည် ၎င်း၏ကိုယ်ပိုင် စားသောက် ကုန်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် အဆိုပါ အဖိုးတန်ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း ရဲများက တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ စားဖိုမှူး အွိုင်းသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်။ လက်ဝတ်ရတနာတွေကို တီဗီထုတ်လုပ်သူထံ ရောင်းချခဲ့သော်လည်း ငွေမရရှိသေးဘူးဟု ထွက်ဆိုခဲ့သည်။ သူမ၏ အိတ်ကပ်ထဲက ဘတ်ငွေ ၅၀၀,၀၀၀ ကို တရားလိုထံ ကနဦး စိုက်ထုတ်ပေးခဲ့တယ်ဟု သူမက ဆိုပါသည်။

ဖရန်ချိုက်လုပ်ငန်းပိုင်ရှင်ဟောင်းတစ်ဦးနှင့် အငြင်းပွားမှုနှင့်ပတ်သက်၍ “ Hone Krasae” ဆိုသည့် တင်ဆက်‌ထုတ်လွှင့်ပြသခဲ့သော တီဗီပြသချက်တစ်ခုကြောင့် ဆိုရှယ်မီဒီယာတွင် အများအာရုံစိုက်ခြင်းခံရပြီးနောက် သူမ၏လုပ်ငန်းသည် ငွေကြေးအရ ထိခိုက်ခဲ့ရပြီး ဒုက္ခရောက်နေသောကြောင့် နစ်နာသူအား ပေးဆောင်ရန် ငွေမရှိခဲ့ပေ။

စားဖိုမှူးအွိုင်းက သူမသည် ထွက်ပြေးရန် ရည်ရွယ်ချက်မရှိကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့ပြီး တိုင်ကြားသူအား ပေးဆောင်ရန် ငွေရှာရန် ကြိုးစားနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Source: Bangkok Post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ဝါရှင်တန်ပြည်နယ်ဖဒရယ်တရာရုံးက ထရန့်၏ ဖက်ဒရယ်ထောက်ပံ့ကြေး ယာယီဆိုင်းငံ့ရန် ကြိုးပမ်းမှုကို အတည်မပြုမီ မိနစ်ပိုင်းအတွင်း ယာယီပိတ်ပင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 1 Views
ဇန်နဝါရီလ (၂၉) ရက်။ ဖက်ဒရယ်ထောက်ပံ့ငွေများ၊ ချေးငွေများနှင့် အခြားဘဏ္ဍာရေးအကူအညီများကို ဆိုင်းငံ့ထားရန် ထရန့်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အသစ်ကို ဗဟိုတရားသူကြီးတစ်ဦးဖြစ်သည့် လော်ရင်အာလီခန်းက ယာယီပိတ်ဆို့ထားသည်။
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာကျော်အဆိုတော် မက်ဒေါနားက တိုင်းပြည်ကို ဖြိုဖျက်နေတယ်လို့ ထရန့်အစိုးရအဖွဲ့ကို ဝေဖန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 2 Views
++++++++++++++++++++++++++++++++++++ ဇန်နဝါရီလ (၂၉) ရက်။ လိင်ပြောင်းထားသူများကို စစ်တပ်တွင် တာဝန်ထမ်းဆောင်ခွင့်မှပိတ်ပင်ရန်နှင့် လူငယ်များအတွက် ကျားမရေးရာစောင့်ရှောက်မှုအတွက် ဖက်ဒရယ်ရန်ပုံငွေကို ပိတ်ပင်ခြင်းအပါအဝင် လိင်ပြောင်းထားသူများကို
နိုင်ငံတကာသတင်း အမေရိကန်

သူ့အား စွဲချက်တင်ခဲ့သည့် တရားရေးဌာန (DOJ) မှ ဝန်ထမ်းများကို ထရန့်လက်စားခြေဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 7 Views
ဇန်နဝါရီလ (၂၉) ရက်။ တရားရေးဌာန (DOJ) မှ ဝန်ထမ်းများကို ထုတ်ပယ်မှုသည် အနာဂတ် စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် ရည်ရွယ်ထားကြောင်း အရာရှိဟောင်းများက ပြောကြားခဲ့သည်။ တဖက်သတ် ဘက်လိုက်မှုပြုသည်ဟုပြောပြီး တရားရေးဌာနကို ဖယ်ရှားပစ်မည်ဟု ထရမ့်က ကတိပြုခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သည် စက်မှုလုပ်ငန်းများအပေါ် ထရန့် ၏အခွန်စည်းကြပ်ရန်ချိမ်းခြောက်မှုမှ အကူအညီပေးနိုင်ဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 1 Views
ဇန်နဝါရီလ (၂၉) ရက်။ ထိုင်ဝမ်အစိုးရသည် ဆီမီးကွန်ဒတ်တာများအပေါ် အခွန်စည်းကြပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်မှုအပေါ် ၎င်း၏ ပြည်တွင်း စက်မှုလုပ်ငန်းကို ကူညီရန် ကြည့်ရှုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ချိုဂျွန်းတိုင် (Cho Jung-tai) က ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်နိုင်ငံက အလိုရှိနေသည့် ထိုင်းနိုင်ငံက ဖမ်းဆီးထားသည့် လောင်းကစားသူဌေးကြီးကို ညှင်းပန်းနှိပ်စက်သည်ဟု စွပ်စွဲမှုကို ထိုင်းအစိုးရ ငြင်းဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 1 Views
ဇန်နဝါရီလ (၂၈) ရက်။ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခံထားရသည့် အရှေ့တောင်အာရှတွင် တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် လောင်းကစားသူဌေးကြီးတစ်ဦးအားထိုင်းနိုင်ငံတွင် ဖမ်းဆီးချုပ် နှောင်ခံထားရစဥ် ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု စွပ်စွဲချက်ကို ထိုင်းနိုင်ငံမှ ငြင်းဆိုထားကြောင်း ထိုင်းနိုင်ငံတရားရေးဝန်ကြီးက အင်္ဂါနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်ကုမ္ပဏီ DeepSeek က တန်ဖိုးနည်း AI မော်ဒယ်လ်ကို ထုတ်ပြန်ကြေညာပြီးနောက် အမေရိကန်စတော့ဈေးကွက် ထိုးကျသွား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 8 Views
ဇန်နဝါရီလ (၂၈) ရက်။ အမေရိကန်စတော့ရှယ်ယာစျေးနှုန်းများသည် ဇန်နဝါရီလ (၂၇) ရက် အင်္ဂါနေ့တွင် ကျဆင်းသွားပြီး ဉာဏ်ရည်တု (AI) တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီကြီး Nvidia သည် စျေးကွက်အရင်းအနှီးမှ ဒေါ်လာ ၆၀၀ ဘီလီယံနီးပါး ဆုံးရှုံးသွားခဲ့သည်။ တရုတ်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

၈၀ ခုနှစ် စစ်မြေပြင်နည်းပရိယာယ်သာ နားလည်သော မြောက်ကိုရီးယားစစ်သားများက ယူကရိန်း- ရုရှားစစ်ပွဲတွင် ပါဝင်နေခြင်း၊

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 52 Views
ဇန်နဝါရီလ (၂၈) ရက်။ ဖမ်းမိခံရခြင်းထက် မေးစေ့အောက်တွင် လက်ပစ်ဗုံးကိုထား၍ ဖောက်ခွဲပစ်ခြင်း၊ တိုက်ခိုက်ရေး ဒရုန်းများကို ဆွဲဆောင်ရန် မိမိစစ်သားချင်းကို တည်ကြက်အဖြစ် အသုံးပြုခြင်း၊ ခြေလျင်တိုက်ခိုက်ခြင်းကို ပိုမိုမြန်ဆန်စေရန် ကိုယ်ထည်သံချပ်ကာပြားများနှင့် ခမောက်များကို ဖယ်ရှားခြင်း။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအပေါ်
နိုင်ငံတကာသတင်း အာရှ

ရူဘီယိုအား အပြောအဆို ဆင်ခြင်ရန် မသိမသာ တရုတ် သတိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 13 Views
ဇန်နဝါရီလ (၂၇) ရက်။ တရုတ်နိုင်ငံ၏ ဝါရင့်နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်၏ နိုင်ငံခြားရေးဝန်ကြီးသစ်အား အပြောအဆို ဆင်ခြင်ရန် မသိမသာ သတိပေးလိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် မာကိုရူဘီယိုအား သမ္မတ‌ဒေါ်နယ်ထရန့်၏ ထိပ်တန်းသံတမန်အဖြစ် မခန့်အပ်မီ လေးရက်အလိုတွင် ၎င်းတို့၏ ပထမဆုံး ဖုန်းဖြင့်