နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်သည် `ဖက်ဆစ်´ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီသူဖြစ်ကြောင်း လက်ထောက်ဖြစ်သူက ပြောကြား++++++++++++++++++++++++++++++++++

ဒေါ်နယ်ထရန့်သည် “ အာဏာရှင်နည်းလမ်းများကို နှစ်သက်သည်´ ဟုလည်းဆို

အောက်တိုဘာလ (၂၃) ရက်။

ဒေါ်နယ်ထရန့်အစိုးရအတွင်း အငြိမ်းစား ယူအက်စ် မရိန်းတပ်ဖွဲ့ အထွေထွေနှင့် ဝန်ထမ်းအကြီးအကဲ ဂျွန်ကယ်လီက ထရန့်သည် “ ဖက်ဆစ်ဝါဒ၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီသည်” ဟု ပြောကြားခဲ့သည်။ “ ဟစ်တလာလက်ထက်မှာ အမှုထမ်းခဲ့တဲ့ ဗိုလ်ချုပ်အမျိုးအစား´ ကို ရှာနေတယ်လို့လည်း သူက ပြောပါတယ်။ ဤအကြောင်းကို အောက်တိုဘာလ ၂၂ ရက်နေ့က အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

သမ္မတရွေးကောက်ပွဲကျင်းပရန် သီတင်းနှစ်ပတ်သာလိုတော့သည့်အချိန်၌ ရီပတ်ဘလစ်ကန်သမ္မတလောင်းထရန့်၏ လက်ထောက်ဟောင်းများသည် သမ္မတရာထူးအပေါ် ထရန့်၏ခံယူချက်နှင့် သူပြန်လည် အရွေးခံရပါက ထရန့်ကိုင်စွဲမည့်အာဏာနှင့်ပတ်သက်၍ အချင်းချင်းသတိပေးနေကြသည်။

ကယ်လီသည် ထရန့်၏ ဝန်ထမ်းအကြီးအကဲအဖြစ် ၂၀၁၇ မှ ၂၀၁၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်ဝါဒီများနှင့်ပတ်သက်သည့် ၎င်း၏မှတ်ချက်များအပြင် New York Times နှင့် အင်တာဗျူးတစ်ခုတွင် ထရန့်က “အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့နည်းလမ်းတွေကို သေချာပေါက် နှစ်သက်တယ်” ဟု ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာကို နာခံမှုရှိတဲ့ နာဇီဗိုလ်ချုပ်တွေလို ပြသဖို့ ထရန့်က အမေရိကန် စစ်ဘက်တွေကို အလိုရှိကြောင်း The Atlantic မဂ္ဂဇင်းက အတည်ပြုခဲ့ပါတယ်။

ထရန့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့က ယင်းအချက်သည် မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သည်။ မဲဆွယ်စည်းရုံးလှုံ့ဆော်ရေးအကြံပေး Alex Pfeiffer က “ ဒါဟာ လုံးဝလွဲမှားနေပြီး သမ္မတထရန့် တစ်ခါမှ မပြောခဲ့ဖူးပါဘူး။” ဟု ဆိုခဲ့သည်။

ဒါပေမယ့် ဒီမိုကရက်တွေဟာ ထရန့်က စွပ်စွဲထားတဲ့ ဒီမှတ်ချက်တွေကို မြန်မြန်ဆန်ဆန် အသုံးချခဲ့ကြပါတယ်။ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေ့ါဇ်သည် အောက်တိုဘာ ၂၂ ရက်ညတွင် ဝစ္စကွန်းဆင်းပြည်နယ်၌ မဲဆွယ်စည်းရုံးပွဲတစ်ခု၌ ဟစ်တလာနှင့်ပတ်သက်သော ထရန့်၏မှတ်ချက်များကို “ အလွန်စက်ဆုပ်ရွံရှာသည်” ဟု ဝေဖန်ခဲ့သည်။

ထရမ့်က ဟစ်တလာကို ချီးကျူးကြောင်း ကယ်လီက နယူးယောက်တိုင်း(မ)စ်ကို ပြောခဲ့သည်။ “ ဟစ်တလာက ကောင်းတာတွေ လုပ်ခဲ့တယ်” ဟု တစ်ကြိမ်ထက်မက ပြောခဲ့ဖူးသည်ဟု ပြောဆိုခဲ့သည်။

ဟစ်တလာ၏ ဗိုလ်ချုပ်များ၏ သစ္စာစောင့်သိမှုကို ချီးကျူးကြောင်း The Atlantic မဂ္ဂဇင်း၏ အစီရင်ခံစာနှင့် ပတ်သက်၍ မဂ္ဂဇင်း၏ အမှုဆောင် အယ်ဒီတာ ဂျက်ဖရီ ဂိုးလ်ဘာ့(ခ) (Jeffrey Goldberg) က ၎င်း၏ သမ္မတသက်တမ်း တစ်လျှောက်လုံး ဗိုလ်ချုပ်များကို မကျေနပ်ခဲ့ကြောင်း အင်္ဂါနေ့ညတွင် ပြောကြားခဲ့သည်။ စစ်ဗိုလ်ချုပ်များသည် သမ္မတထရန့်၏ စကားကို ခြွင်းချက်မရှိ နားမထောင်သလို မစဉ်းစားဘဲ အမိန့်ကို မလိုက်နာခဲ့ကြဟု ဆိုသည်။

ဗိုလ်ချုပ်များနှင့် အခြားအမေရိကန် စစ်ဘက်အရာရှိများသည် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတထံ ကျမ်းသစ္စာ ကျိန်ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို