နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သူ့ကို ဝေဖန်တဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီကိုစစ်မက်မက်မောတဲ့သူအဖြစ် စွပ်စွဲပြီး သေနတ်နဲ့ ပစ်သတ်သင့်တယ်ဟု ထရန့်ပြောဆို

နိုဝင်ဘာလ (၂) ရက်။

အမေရိကန် ရီပတ်ဘလီကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူ့ကို ဝေဖန်သည့် ရီပတ်ဘလီကန် လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီကို “ စစ်မက်မက်မောသူအဖြစ် စွပ်စွဲပြီး သူ့ကို ပစ်သတ်သင့်တယ်” ဟု ပြောဆိုခဲ့ပါသည်။

အောက်တိုဘာ ၃၁ ရက်တွင်၊ အရီဇိုးနားပြည်နယ်၊ Glendale ရှိ မဲဆွယ်ပွဲတစ်ခုတွင် Fox News အစီအစဉ်တင်ဆက်သူ တပ်ကာ ကာလ်စွန် (Tucker Carlson) နှင့် စင်မြင့်ပေါ်၌ ထရန့် ပေါ်ထွန်းလာသောအခါ၊ ချိန်နီအကြောင်းကို ထရန့်က “ သူမဟာ စစ်ပွဲကို နှစ်သက်တဲ့ သိမ်းငှက်စစ်သွေးကြွပဲ” သူမကို ဟိုမှာ ရိုင်ဖယ်သေနတ်ကိုင်ပြီး ရပ်ခိုင်းထား ပြီးရင် သေနတ်ကိုးလက်နဲ့ ချိန်ပစ်သင့်တယ်။” “သူ့မျက်နှာကို သေနတ်နဲ့ ချိန်လိုက်တဲ့အခါ ဘယ်လိုခံစားရလဲ ကြည့်ရအောင်” ဟု ဆိုခဲ့ပါသည်။

ချိန်နီသည် တစ်ချိန်က အောက်လွှတ်တော်တွင် နံပါတ် ၃ ရီပတ်ဘလီကန်အမတ်ဖြစ်ခဲ့သည်။ ထရန့်သည် ချိန်နီအား ကဲ့ရဲ့ရှုံ့ချပြီး သူမအား “ အမိုက်စားကြီး” “ မိုက်မဲသောလူသား” နှင့် “ လူမိုက်” ဟုခေါ်ဆိုခဲ့သည်။

ချိန်နီကို သေနတ်နဲ့ချိန်ပြီး ထိန်းသိမ်းသင့်တယ်လို့ ထရန့်ရဲ့ မှတ်ချက်တွေက နိုင်ငံရေးပြိုင်ဘက်တွေအပေါ် သူ့ရဲ့ ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုမှုတွေမှာ ပိုမိုပြင်းထန်လာနေတာကို ပြသနေပါတယ်။ ရက်ပိုင်းသာ လိုတော့သည့် သမ္မတ ရွေးကောက်ပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း အသိအမှတ်ပြုခြင်း မရှိသေးသော ထရန့်သည် လူထု၏ ယုံကြည်မှုကို ပျက်ပြားစေရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က သူသည် “ အတွင်းရန်သူ” ဟု ဖော်ပြထားသည့် ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များကို စစ်ရေးအရ အရေးယူမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

ချိန်နီသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်များကို လွှမ်းမိုးရန် ထရန့်၏ကြိုးပမ်းမှုနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်၊ အမေရိကန်လွှတ်တော်တိုက်ခိုက်မှုတွင် သူပါဝင်ပတ်သက်မှုအပေါ် ရီပတ်ဘလီကန်၏ အပြောင်မြောက်ဆုံး ဝေဖန်သူ ဖြစ်နိုင်သည်။ လွှတ်တော်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးသည့် အောက်လွှတ်တော် အထူးကော်မတီတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီးနောက် ၎င်းသည် ၂၀၂၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝိုင်အိုမင်ပြည်နယ်၌ ထရန့်ကျောထောက်နောက်ခံပြုထားသည့် လွှတ်တော်အမတ်ကို ရှုံးခဲ့သည်။

ညနေပိုင်းတွင် ချိန်နီသည် ထရန့်၏ မှတ်ချက်ကို တုံ့ပြန်ခဲ့သည်။

“ လွတ်လပ်တဲ့နိုင်ငံတွေကို အာဏာရှင်တွေက ဘယ်လို ဖျက်ဆီးတယ်ဆိုတာကို ပြသနေတာဖြစ်တယ်။” သူတို့ကို ဆန့်ကျင်ပြောကြားတဲ့သူမှန်သမျှကို အသေသတ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ရဲ့ လွတ်လပ်မှုကို အာဏာရှင်ဖြစ်လိုတဲ့သူက ဒီလို လက်စားချေချင်တဲ့၊ ကောက်ကျစ်တဲ့၊ ရန်လိုတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့၊ တည်ငြိမ်မှုမရှိတဲ့လူတစ်ဦးထံကို အပ်နှင်းလို့ မရနိုင်ပါ။ ဟု X တွင်ရေးသားခဲ့သည်။

ချိန်နီသည် မကြာသေးမီက ဒီမိုကရက်တစ်သမ္မတလောင်း ဒုတိယသမ္မတ ဟဲရစ်နှင့် မဲဆွယ်စည်းရုံးရာတွင် ရီပတ်ဘလစ်ကန်များက ဟဲရစ်အား ထောက်ခံရန်နှင့် ဒီမိုကရေစီကို ခြိမ်းခြောက်နေသော ကိုယ်စားလှယ်လောင်းများကို ပယ်ချရန် ပါတီတွင်းသဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားရန် တိုက်တွန်းခဲ့သည်။

ထရန့်၏မှတ်ချက်စကားပြီးနောက် ချိန်နီနှင့် သူမစကားပြောခဲ့ကြောင်း သတင်းထောက်များနှင့်အင်တာဗျူးတွင် ဟဲရစ်က သူမ သိရှိကြောင်းပြောခဲ့ပြီး ထိုကဲ့သို့သော စကားလုံးကို အသုံးပြုသူတစ်ဦးသည် “ သမ္မတဖြစ်ရန်အရည်အချင်းမပြည့်မီကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်သည်” ကို ထောက်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 22 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို