နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ဒေါ်နယ်ထရန့်ကြောင့် ယူကရိန်းစစ်ပွဲ အလျင်အမြန် ပြီးဆုံးလိမ့်မယ်လို့ ဇယ်လင်စကီးပြော

ဒေါ်နယ်ထရန့်ကြောင့် ယူကရိန်းစစ်ပွဲ အလျင်အမြန် ပြီးဆုံးလိမ့်မယ်လို့ ဇယ်လင်စကီးပြော

+++++++++++++++++++

ရုရှား-ယူကရိန်းစစ်ပွဲဟာ အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရန့်လက်ထက်မှာ အလျင်အမြန်အဆုံးသတ် နိုင်ဖွယ်ရှိတယ်လို့ ယူကရိန်းသမ္မတဇယ်လင်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ခံ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကာလတွေမှာ မည်သို့ မည်ပုံ ပြုလုပ်မယ်ဆိုတာ အတိအကျမပြောထားပေမယ့် သူသမ္မတဖြစ်တဲ့အခါ ယူကရိန်းစစ်ပွဲကို 24 နာရီအတွင်း အဆုံးသတ်ပြမယ်လို့ ကြုံးဝါးပြောဆိုထားတာပါ။

စနေနေ့က ထုတ်လွှင့်ခဲ့တဲ့ ယူကရိန်းရေဒီယိုအင်တာဗျူးမှာ သမ္မတဇယ်လင်စကီးက လာမယ့်နှစ်အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ သံခင်တမန်ခင်းနည်းလမ်းအပါအဝင် အားလုံးပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ပြန်လည်ရွေးကောက်ခံရပြီးနောက် ရုရှားနဲ့ဖြစ်ပွါးနေတဲ့ စစ်ပွဲဟာ အဆုံးအဖြတ်ကာလကို ရောက်ရှိလာခဲ့ပြီလို့လည်း ဇယ်လင်စကီးက မှတ်ချက်ပေးခဲ့ပါတယ်။

ဇန်နဝါရီလ 20 ရက်နေ့မှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ အမေရိကန်ဥပဒေက ဒေါ်နယ်ထရန့်နဲ့ သူ့ကို တွေ့ဆုံဖို့ တားမြစ်ထားတယ်လို့ဆိုပါတယ်။ “ အခု အိမ်ဖြူတော်မှာ ဦးဆောင်မယ့်အဖွဲ့ကြောင့် ယူကရိန်းစစ်ပွဲဟာ မြန်မြန်အဆုံးသတ်တော့မှာပါ”

ဒါပေမယ့်လည်း ရုရှားသမ္မတပူတင်က ငြိမ်းချမ်းရေးဆွေးနွေးချက်ကို စိတ်မဝင်စားဘူးပြောင်းနဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွါးနေမှသာ မော်စကိုအစိုးရအနေနဲ့ ဆွေးနွေးဖွယ်ရှိကြောင်း ဇယ်လင်စကီးက ထောက်ပြခဲ့ပါတယ်။

ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မော်စကိုသံအမတ်ကြီးကတော့ စစ်ပွဲဆုံးသတ်ရေးဆွေးနွေးမှုတွေစတင်ဖို့ ဒေါ်နယ်ထရန့်ကသာ ဝင်ရောက်စေ့စပ်ပေးမယ်ဆိုရင် ဖြစ်လာနိုင်ကြောင်းနဲ့ မြေပြင်ပေါ်က ဖြစ်ရပ်မှန်တွေကို အသိအမှတ်ပြုရမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

လက်ရှိမှာ ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ခုကို ယူကရိန်းအနေနဲ့ ပေးအပ်ရမယ်လို့ မော်စကိုအစိုးရက တောင်းဆိုထားပါတယ်။ ယူကရိန်းသမ္မတဇယ်လင်စကီးကတော့ 2022 ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ထွက်သွားသည့်တိုင် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သေးဘူးလို့ အကြိမ်ကြိမ်ပြောဆိုထားပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား စစ်ပွဲ လက်ရှိ အခြေအနေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 6 Views
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် အခုလက်ရှိ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့အထိ စစ်ပွဲက
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိုင်း၏ ဖိုင်များကို ထုတ်ပြန်ရန် တရားရေးဝန်ကြီးဌာန(DOJ) အား ဖိအား ပေးသည့် ဥပဒေကြမ်းကို ထရမ့် လက်မှတ်ရေးထိုးလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 22 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက် သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ၎င်း၏ တရားရေးဝန်ကြီးဌာန (DOJ) အား ဂျက်ဖရီ အက်ပ်စတိုင်းနှင့်
ဂျပန် တရုတ် နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဂျပန်ဝန်ကြီးချုပ်က တိုင်ဝမ်အရေး မှတ်ချက်ပေးမှုနှင့် တရုတ်နိုင်ငံ၏ ဒေါသတုံ့ပြန်မှုသတင်းနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 31 Views
+++++++++++++++++++++ ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်များ ++++++++++++++++++ သဘောထားတင်းမာသော ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအိချိ (Sanae Takaichi) က ထိုင်ဝမ်အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းလာကို လွှတ်တော်တွင်း ဖြေကြားရာ၌ တရုတ်က တိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်မှု
ဂျပန် တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်-ဂျပန် အဆင့်မြင့်အရာရှိဆွေးနွေးပွဲမှာ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားလျက် စကားပြောနေသည့်ပုံစံကြောင့် လူမှုကွန်ရက်တွင် ကန့်ကွက်မှုများဖြစ်ပေါ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 34 Views
နိုဝင်ဘာလ (၁၉) ရက်။ ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအေ၏ ထိုင်ဝမ်အရေးနှင့် ပတ်သက်သည့် လွှတ်တော်တွင်း ဖြေကြားချက်အပြီး ကျင်းပခဲ့သော ၁၈ ရက်နေ့ ဂျပန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်၊ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို
United Nations နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာသို့ နိုင်ငံခြား ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်များ စေလွှတ်ရန် ကုလသမဂ္ဂ ဆွေးနွေးပွဲ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 35 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် ဂါဇာ၏ အနာဂတ်နှင့် ပတ်သက်သော အမေရိကန်ဦးဆောင်ရေးဆွဲသည့် ဆုံးဖြတ်ချက် ကို မကြာသေးမီက အတည်ပြုခဲ့ပြီး ယင်းတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (International Stabilization
နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အာကာသလက်နက်ပြိုင်ပွဲ ရပ်ဆိုင်းရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြု

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 41 Views
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် အပြင်ဘက် အာကာသတွင် လက်နက်ပြိုင်ပွဲ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် ရည်ရွယ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အောင်မြင်စွာအတည်ပြု ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် အဖွဲ့ဝင်နိုင်ငံများအားလုံးကို နိုင်ငံတကာ အာကာသ ဆိုင်ရာ စာချုပ်များကို
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ သေဒဏ်ချမှတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 31 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ ဖြုတ်ချခံလိုက်ရသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် သေဒဏ်ချမှတ်ခံရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံး-ဘင်္ဂလားဒေ့ရှ် (ICT-BD) သည် တနင်္လာနေ့တွင် အဆိုပါ စီရင်ချက်ကို
နိုင်ငံတကာသတင်း အမေရိကန်

အရှက်ရဖွယ် ရှုံးနိမ့်မှု ဖြစ်လာနိုင်ခြင်းကြောင့် ထရန့်သည် အက်ပ်စတိန်းဖိုင်များ ကိစ္စတွင် တားဆီးမှုကိုရုတ်သိမ်းရန်ဆုံးဖြတ်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 24 Views
CNN -၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အက်ပ်စတိန်းဖိုင်များ ထုတ်ပြန်ခြင်းကို ဆက်လက် ဆန့်ကျင် တော့မည် မဟုတ်ပေ။ သို့သော် သူ ပျော်ရွှင်နေသည်ဟု မဆိုလိုပါ။ ထရန့်သည် ပြစ်ဒဏ်ချမှတ်ခံထားရသော လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင်