နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ပွဲအကူးအပြောင်းတွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်က်မန် (Linda McMahon) ကို ပညာရေးဝန်ကြီးအဖြစ် ထရန့်ရွေးချယ်

နိုဝင်ဘာလ (၂၀) ရက်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ပညာရေးဌာန၏ နောက်လာမည့်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ၎င်း၏ရွေးကောက်ပွဲအကူးအပြောင်းတွင် တွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်က်မန် (Linda McMahon) ကို ရွေးချယ်လိုက်ပါသည်။

အင်္ဂါနေ့ညက CNN ၏အစောပိုင်းအစီရင်ခံချက်ကို ထရန့်ကြေညာခဲ့သော ဆုံးဖြတ်ချက်သည် လင်ဒါမက်က်မန်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီး တာဝန်လွှဲပြောင်းခံရမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် Cantor Fitzgerald စီအီးအိုသည် ဘဏ္ဍာရေးအတွင်းဝန် စကော့ဘက်ဆင့်ကို (Scott Bessent) နှင့် ရန်ဖြစ်ပြီးနောက် ၎င်း၏အခြားအကူးအပြောင်းတွဲဖက်ဥက္ကဌ ဟားဝါ့ဒ်လာ့ဒ်နစ် (Howard Lutnick) ကို အင်္ဂါနေ့အစောပိုင်းတွင် ကူးသန်းရောင်းဝယ်ရေးဌာနကို ဦးဆောင်ရန် ရွေးချယ်ခဲ့သည်။

“လင်ဒါဟာ သူမရဲ့ ဆယ်စုနှစ်များစွာရှိသော ခေါင်းဆောင်မှု အတွေ့အကြုံနဲ့ သူမရဲ့ ပညာရေးနှင့် စီးပွားရေးဆိုင်ရာ နက်နဲစွာ နားလည်သိရှိမှုကို အသုံးပြုကာ အမေရိကန်ကျောင်းသားတွေနဲ့ အလုပ်သမားတွေရဲ့ မျိုးဆက်သစ်တွေကို အားကောင်းလာစေဖို့နဲ့ ကမ္ဘာ့ပညာရေးမှာ အမေရိကားက နံပါတ်တစ် ဖြစ်လာစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့က ပညာရေးကို ပြည်နယ်တွေဆီကို ပြန်ပို့ပေးမှာ ဖြစ်ပြီး လင်ဒါက အဲဒီအားထုတ်မှုကို ဦးဆောင်သွားမှာပါ” ဟု ထရန့်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လင်ဒါမက်က်မန်သည် ရီပတ်ဘလစ်ကန် အလှူရှင်နှင့် ယခင်ပရိုဖက်ရှင်နယ် နပန်းသမား အမှုဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ထရမ့်၏ပထမသက်တမ်းအတွင်း အသေးစား စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရသည့် စီမံခန့်ခွဲသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသည် ၂၀၁၇ ခုနှစ်တွင် ခန့်အပ်ခံရပြီး ၂၀၁၉ ခုနှစ်တွင် ထရန့်၏ America First Action ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန်နှင့် ထရန့်လိုလားသည့် super PAC တွင် ပါဝင်ရန် နှုတ်ထွက်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် လင်ဒါမက်က်မန်း၊ လယ်ရီ ကုဒ်လိုး (Larry Kudlow) နှင့် ပထမအကြိမ် ထရန့်အစိုးရလက်ထက်တွင်မှ အခြားအကြံပေးပုဂ္ဂိုလ်များသည် ထရန့်ကိုလိုလားသော တွေးခေါ်ပညာရှင်အဖွဲ့ကို တည်ထောင်ခဲ့ကြပြီး မက်မဟွန်းသည် America First Policy Institute (AFPI ) ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဖြစ်သည်။

AFPI သည် စတင်တည်ထောင်ချိန်မှစ၍ ဒေါ်လာသန်းပေါင်းများစွာ စုဆောင်းခဲ့ပြီး ထရန့်၏ ဒုတိယ သက်တမ်းအတွက် အနိုင်ရရှိရန် အလားအလာရှိသော မူဝါဒအဆိုပြုချက်များကို ချမှတ် စီစဉ်သည့် “ အိမ်ဖြူတော်အတွက် စောင့်ဆိုင်းခြင်း” လုပ်ငန်းဆောင်တာများကို ချမှတ်လုပ်ဆောင်ခဲ့သည်။

ထရမ့်၏ ပညာရေးဝန်ကြီးသည် ထရန့်၏ မဲဆွယ်စည်းရုံးရေးခရီးစဥ်တလျှောက် ထရန့်က ဗဟို ပညာရေးဌာနကို ဖျက်သိမ်းရန် ထပ်ခါတလဲလဲ ဟောပြောခဲ့ခြင်းနောက် ထိုဌာနဖျက်သိမ်းမှုတွင် ကြီးကြပ်ရန် တာဝန်ပေးခံရနိုင်ဖွယ်ရှိသည်။

နိုင်ငံတစ်ဝန်းရှိ အများသူငါ K-12 ကျောင်းတိုင်းနီးပါးထံ ဖက်ဒရယ်ရန်ပုံငွေကို ပေးဆောင်ပြီး အမေရိကန်ဒေါ်လာ ၁.၆ ထရီလီယံ ဖက်ဒရယ်ကျောင်းသားချေးငွေ အစုစုကို စီမံခန့်ခွဲသည့် ဌာနတစ်ခုလုံးကို ဖယ်ရှားရန် ခက်ခဲမည်ဖြစ်သည်။ ထိုသို့ ပိတ်သိမ်းခြင်းကို လွှတ်တော်မှသာ လုပ်ဆောင်ရန် လိုအပ်ပါသည်။

အချို့သော အစီအစဥ်များကို အခြားသော ဖက်ဒရယ်အေဂျင်စီများသို့ ရွှေ့ပေးလိုက်ခြင်းသည် ပို၍ ဖြစ်နိုင်ပါသည်။ ရီပတ်ဘလစ်ကန်များစွာအတွက် အဓိကရည်မှန်းချက်မှာ ဖက်ဒရယ်အစိုးရ၏ပါဝင်မှု အခန်းကဏ္ဍကို‌ ဒေသန္တရပညာရေးတွင် လျော့ချရန် ဖြစ်သည်။ ထိုဆောင်ရွက်ချက် အောင်မြင်နိုင်ရန်မှာ ရန်ပုံငွေပရိုဂရမ်များကို ထိန်းသိမ်းထားပြီး ပြည်နယ်နှင့် ကျောင်းများသို့ နှောင်ကြိုးအနည်းငယ်သာပါသော ငွေကြေးလွှဲပြောင်း ပေးခြင်းဖြင့် အောင်မြင်မှု ရရှိနိုင်သည်ဟု ဆိုသည်။

ပညာရေးဝန်ကြီးအသစ်အောက်တွင် ဌာနသည် LGBTQ+ ကျောင်းသားများအတွက် အကာအကွယ်များချဲ့ထွင်ရန် ကြိုးပမ်းသည့် Title IX အတွက် ဘိုင်ဒင်၏ စီမံခန့်ခွဲမှုအား ပြန်ဖျက်၍ ပြောင်းလဲမှုများကိုလုပ်ပြီး တရားဝင် စည်းမျဉ်းစည်းကမ်းလုပ်ငန်းစဉ်ကို ချမှတ်အသုံးပြုနိုင်သည်။ စည်းမျဉ်းအသစ်တစ်ခုက ခေါင်စဥ် IX သည် မိန်းကလေးများ၏ အားကစားအဖွဲ့များတွင် လိင်ပြောင်းလဲထားသူများမကစားနိုင်စေရန် တားမြစ်ထားခြင်းဖြစ်ပြီး ထိုအချက်ကို ထရန့်မှ ကိုင်စွဲ၍ မဲဆွယ်ခဲ့သည်။

လင်ဒါမက်က်မန်သည် သူမ၏ ခင်ပွန်း ဗင့်စ်မက်က်မန် (Vince McMahon) နှင့် ပူးတွဲတည်ထောင်ခဲ့သော ကမ္ဘာ့နပန်းပွဲ WWE ၏ စီအီးအိုဟောင်း တယောက်လည်း ဖြစ်သည်။ WWE ၏အကြီးအကဲအဖြစ် လင်ဒါမက်က်မန်သည် ၎င်း၏သေးငယ်သော နပန်းဖျော်ဖြေရေး ကုမ္ပဏီတစ်ခုမှ အများသူငှာ ရောင်းဝယ်ဖောက်ကားသည့် မီဒီယာအင်ပါယာကြီးတခုသို့ အသွင်ပြောင်းခြင်းကို ကြီးကြပ်ခဲ့သည်။ သူမသည် ၂၀၀၉ ခုနှစ်တွင် CEO ရာထူးမှ ဆင်းခဲ့သည်။

လင်ဒါမက်က်မန်သည် ကွန်နက်တီးကပ်ရှိ အမေရိကန် အထက်လွှတ်တော်အတွက် ၂၀၁၀ နှင့် ၂၀၁၂ အတွက် အရွေးခံမှုတွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သည်။ သူမသည် အဆိုပါ မဲဆွယ်စည်းရုံးရေးပွဲများကို ကိုယ်ပိုင်ရံပုံငွေ ပေးခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၅၀.၁သန်း နှင့် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၄၈.၇ သန်း သုံးစွဲခဲ့သည်ဟု အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Open Secrets ၏ အဆိုအရ သိရသည်။ ထရန့်သည် ၂၀၁၂ ခုနှစ်တွင် သူမ၏ မဲဆွယ်စည်းရုံးရေးသို့ ဒေါ်လာ ၅,၀၀၀ လှူဒါန်းခဲ့သည်။

မက်မဟွန်း ကိုယ်တိုင်သည် ရီပတ်ဘလီကန်ပါတီ၏ အဓိကအလှူရှင်တယောက်ဖြစ်ပြီး ထရန့်သမ္မတဖြစ်ရေးအတွက် ပထမဆုံးမဲဆွယ်စည်းရုံးစဉ်အတွင်း လင်ဒါမက်က်မန်သည် ထရန့် လိုလားသော စူပါ PAC နှစ်ခုအတွက် ဒေါ်လာ ၇ သန်းကျော် လှူဒါန်းခဲ့သည်ဟု Open Secrets မှ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 26 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 23 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 46 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 43 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 44 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 51 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့