နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

အမေရိကန်

အမေရိကန်

ထရန့်သည် FBI ကို လှုပ်ခါပြောင်းလဲပစ်ရန် ကြီးမားသော အလားအလာရှိသည့် အစီအစဉ်ကို ထည့်သွင်းစဉ်းစားနေဟုဆို

နိုဝင်ဘာလ (၂၂) ရက်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် FBI ဒါရိုက်တာကို ထုတ်ပယ်ကာ အတွေ့အကြုံရှိ အေးဂျင့်ဟောင်းနှင့် အစားထိုးပြီး ထိပ်တန်းရာထူးနေရာနှစ်ခုအနက်မှ တစ်ခုတွင် သူ၏ အမေရိကန်ကို ပြန်လည် ကြီးမြတ်စေရန်ပြုလုပ်မည့် (Make American Great Again (MAGA)) သစ္စာခံတစ်ဦးကို ထည့်သွင်းခြင်းဖြင့် FBI ၏ ခေါင်းဆောင်မှုကို‌ ပြောင်းလဲရန် စဉ်းစားနေသည်။

ထရန့်သည် ခရစ်တိုဖာရေး (Christopher Wray) အား သူရွေးကောက်ခံရပါက ရာထူးမှ ထုတ်ပယ်ရန် လအတန်ကြာက စီစဉ်နေသော်လည်း မကြာသေးမီ ရက်ပိုင်းအတွင်းက ၎င်း၏ အစီအစဉ်ကို အထက်လွှတ်တော်က အတည်ပြုပြီး သူ့စိတ်ကြိုက် တာဝန်ထမ်းဆောင်နိုင်သည့် ဒါရိုက်တာအသစ်ကို ရွေးချယ်ရန်အတွက် အပေးအယူလုပ်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ ရှေ့နေချုပ်အဖြစ် မတ်ဂိတ်ဇ် ( Matt Gaetz) သည် ၎င်း၏အမည်ကို အတည်ပြုရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရပြီးနောက်တွင် နှုတ်ထွက်သွားခဲ့ရပြီးနောက် သူ၏လူသစ်ခန့်အပ်မှုများအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့ရသည်။

ထိုအကြောင်းအရာကို စိတ်ထဲမှာ စွဲမှတ်ထားပြီး၊ ထရန့်သည် ဖြစ်နိုင်ချေရှိသော ရွေးချယ်စရာ တစ်ခုအဖြစ် မကြာသေးခင်က အထက်လွှတ်တော်ရွေးကောက်ပွဲတွင် မဲအနည်းငယ်ဖြင့်ကပ် ရှုံးသွားခဲ့သော မစ်ချီဂန် ကွန်ဂရက်လွှတ်တော် အမတ်ဟောင်းဖြစ်သူ FBI အထူးအေးဂျင့်ဟောင်း မိုက်ရော်ဂျာ (Mike Rogers)ကို FBI ဒါရိုက်တာအဖြစ်ရွေးချယ်ထားပြီး အငြင်းပွားဖွယ် MAGA သစ္စာခံ ကက်ရှ်ပက်တဲလ် (Kash Patel)ကို FBI လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် ရွေးချယ်ထားကြောင်းကို ထရန့်နှင့်ရင်းနှီးအကျွမ်းတဝင်ရှိသူ အများအပြား၏ အဆိုအရ သိရှိရသည်။

အဆိုပါ အစီအစဥ်သည် ဆီးနိတ်အထက်လွှတ်တော်ရှိ ထရန့်ရွေးချယ်မှုများကို စိုးရိမ်မကင်းဖြစ်နေသော ရီပတ်ပလီကင်များနှင့် FBI ကို နှောင့်ယှက်မည့် ထရန့်၏အစီအမံများနှင့် ပတ်သက်၍ စိုးရိမ်နေကြသော အထက်လွှတ်တော် ရီပတ်ဘလီကန် နှစ်ဖက်စလုံးအား ကျေနပ်စေနိုင်သည်။ ထရန့်၏ MAGA အုပ်စုအတွင်းမှ ၎င်းတို့၏ လူများကို ထိပ်တန်းအလုပ်များတွင် ထည့်သွင်းခြင်း မပြုနိုင်ခြင်းနှင့်ပတ်သက်၍ စိတ်ပျက်မိသည့် အချက်ကိုလည်း ဖြေလျော့ကျေနပ်စေနိုင်သည်ဟု သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။

သူ၏အကြံပေးများကသာ အသိဆုံးဖြစ်သည့်အတိုင်း ထရန့်၏ဆိုရှယ်မီဒီယာတွင် ၎င်း၏ကိုယ်ပိုင်စကားဖြင့် ထရန့်က ပို့စ်မတင်မချင်း ထရန့်သည် မည်သည့်အရာမှ အပြီးသတ်အတည်ပြုလိမ့်မည်မဟုတ်ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန်

စကော့ဘက်ဆင့်ကို (Scott Bessent) ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထရန့် ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 6 Views
နိုဝင်ဘာ ၂၄ ရက်။ ရိုက်တာသတင်း။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ထင်ရှားသော ရင်းနှီးမြုပ်နှံသူ စကော့ဘက်ဆင့်အား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းမည်ဖြစ်ပြီး စီးပွားရေး၊
နိုင်ငံတကာသတင်း အမေရိကန်

ရှေ့နေချုပ် ရာထားခံရသည့် AG (Attorney General) မတ်ဂိတ်ဇ် နှုတ်ထွက်ပြီးနောက် ပန်းမ်ဘွန်ဒီ (Pam Bondi) ကို ထရန့်ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 10 Views
+++++++++++++++++++++++++++++++ ရှေ့နေချုပ် ရာထားခံရသည့် မတ်ဂိတ်ဇ် (Matt Gaetz) နုတ်ထွက်ပြီးနောက် ၆ နာရီအတွင်း ထရန့်သည် ပန်းမ်ဘွန်ဒီ (Pam
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 9 Views
နိုဝင်ဘာလ (၂၂) ရက်။ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ ၂၀ ရက်နေ့က အမေရိကန်က ပယ်ချလိုက်ပါတယ်။ ပယ်ချရတဲ့အကြောင်းရင်းက ဓားစာခံတွေကို လွှတ်ပေးဖို့
နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ပွဲအကူးအပြောင်းတွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်မဟွန်း (Linda McMahon) ကို ပညာရေးဝန်ကြီးအဖြစ် ထရန့်ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 14 Views
နိုဝင်ဘာလ (၂၀) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ပညာရေးဌာန၏ နောက်လာမည့်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ၎င်း၏ရွေးကောက်ပွဲအကူးအပြောင်းတွင် တွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်မဟွန်း (Linda McMahon) ကို ရွေးချယ်လိုက်ပါသည်။ အင်္ဂါနေ့ညက CNN ၏အစောပိုင်းအစီရင်ခံချက်ကို ထရန့် မှကြေငြာခဲ့သော
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ခန့်အပ်မယ့် နိုင်ငံခြားရေးဝန်ကြီး လက်တီနိုမျိုးဆက် မာကိုရူဘီယို (Marco Rubio)

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 18 Views
——————————————– ဒေါ်နယ်ထရန့်သည် အမေရိကန် အထက်လွှတ်တော်အမတ် မာကိုရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များက ပြောကြားထားပြီး ဖလော်ရီဒါပြည်နယ်ဖွား ရှေ့နေနိုင်ငံရေးသမားသည် အမေရိကန်၏ ထိပ်တန်းခေါင်းဆောင်အဖြစ် ပထမဆုံး လက်တင်နိုမျိုးဆက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ ဇန်န၀ါရီလတွင်
နိုင်ငံတကာသတင်း အမေရိကန်

ရောဘတ်အက်ဖ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ထရမ့် ရွေးချယ်အဆိုပြု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 14 Views
နိုဝင်ဘာလ (၁၅) ရက်။ ရွေးကောက်ခံသမ္မတ ထရမ့်သည် ရောဘတ်အက်ဖ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ရွေးချယ်ရန် အဆိုပြုလိုက်ပြီဖြစ်သည်။ လာမည့်ထရမ့်အစိုးရတွင် ဝေဖန်ဆန့်ကျင်ခံရမည့် ရွေးချယ်မှုဖြစ်ပြီး ထရမ့်သည် မေးခွန်းထုတ်စရာပုဂ္ဂိုလ်ကို ထပ်မံရွေးချယ်လိုက်ပြန်ပြီ ဖြစ်သည်။ပတ်သက်၍ တုံ့ပြန်မှုကို လှုံ့ဆော်နိုင်သည့် နောက်ထပ် ဝန်ထမ်းအပြောင်းအလဲ
နိုင်ငံတကာသတင်း အမေရိကန်

ပိ့ဟက်ဂ်ဆက် သည် အမေရိကန်စစ်တပ်ကို ပြန်လည်ပြုပြင်ပြောင်းလဲသွားရန် အစီအစဉ်ရှိပြီး “ဗိုလ်ချုပ် တစ်တန်လောက်ကို ထုတ်ပစ်ရမယ်” ဟု ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 14 Views
နိုဝင်ဘာလ (၁၅) ရက်။ ထရန့်သည် ဟက်ဂ်ဆက်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် သူ၏အစိုးရ အမည်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ နာရီပေါင်းများစွာ ပေါ့တ်ကာစ်နှင့် ရုပ်မြင်သံကြား အင်တာဗျူးများတွင် တပ်မတော်မှ စစ်မှုထမ်းဟောင်းနှင့် Fox News အစီအစဉ်တင်ဆက်သူ
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလီကန်တွေ သမ္မတရွေးကောက်ပွဲနဲ့ အထက်လွှတ်တော်မှာ အနိုင်ရပြီးနောက် အောက်လွှတ်တော်မှာလည်း ရီပတ်ဘလီကန်အများစု အနိုင်ရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 22 Views
နိုဝင်ဘာလ (၁၄) ရက်။ ရီပတ်ဘလစ်ကန်ပါတီသည် အမေရိကန် သမ္မတရွေးကောက်ပွဲနှင့် တွဲဖက်ကျင်းပသည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ရွေးကောက်ပွဲများတွင် အများစု အနိုင်ရသွား ပြီဖြစ်သည်။ ရလဒ်အနေဖြင့် ရီပတ်ဘလီကန်ပါတီသည် ရွေးကောက်ခံသမ္မတ ထရန့်လက်ထက်တွင် သီးသန့်အာဏာရရှိမည်ဖြစ်ပြီး လက်ယာယိမ်းများ လွှမ်းမိုးသည့်ခေတ်သစ်ကို