နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနေရာများအပါအဝင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၃ ဦး သေဆုံးခဲ့

ဇန်န၀ါရီလ (၄) ရက်။

ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းဒေသခံများအား ရွှေ့ပြောင်းရန် သတ်မှတ်ထားသော “လူသားချင်းစာနာထောက်ထားမှုနယ်မြေ” အပါအဝင် ဧရိယာအသီးသီးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများကို ဇန်နဝါရီလ ၂ ရက် နေ့က ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ခန်းယူနစ်တွင် နေထိုင်သူများအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ဧရိယာအဖြစ် သတ်မှတ်ထားသော “လူသားချင်းစာနာထောက်ထားမှုနယ်မြေ” ကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့ပြီး ဟားမတ်စ်အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုခဲ့သည်။

အသတ်ခံရသူသည် ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူများအား ကြမ်းတမ်းစွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည့် ဌာနအကြီးအကဲဖြစ်ကြောင်းနှင့် အရပ်သားအသေအပျောက် အရေအတွက်ကို လျှော့ချရန် စီမံချက်များ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အကြောင်းပြချက်ပေးခဲ့သည်။

သို့သော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဧရိယာတွင် လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုတွင် ပါလက်စတိုင်းမိသားစု ၁၁ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောကြောင်း အယ်လ်ဂျာဇီရာ (Aljazeera) တွင် ဖော်ပြခဲ့သည်။

“မနက် ၂ နာရီ လောက်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြောင့် ကျွန်တော်တို့ နိုးလာခဲ့ပါတယ်” ဟု အယ်ဂိုလာမိသားစု၏ အိမ်နီးနားချင်းတစ်ဦးဖြစ်သူ အာမက်အာရန် (Ahmed Ayyan) က ပြောကြားပြီး အယ်ဂိုလာ၏အိမ်ထဲတွင် လူ ၁၄ ဦး သို့မဟုတ် ၁၅ ဦးခန့် တည်းခိုနေကြောင်း ပြောကြားခဲ့သည်။

“အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပြီး အားလုံးက အရပ်သားတွေပါ။ အဲဒီမှာ ဒုံးကျည်တွေ ပစ်တာ ဒါမှမဟုတ် ခုခံနေတဲ့သူ မရှိဘူး။” ဟု အာမက်အာရန်က ဆက်ပြောသည်။

ခန်းယူနစ်တွင် ခရိုင်အစိုးရအဆောက်အအုံတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပြီး NHK ဂါဇာကမ်းမြောင်ရုံးမှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွင် ဒဏ်ရာရသူများကို တယောက်ပြီး တယောက် ခေါ်ဆောင်လာခြင်းကို ပြသထားသည်။

ဂါဇာကမ်းမြှောင်ဒေသ အသီးသီးတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ဆက်လက် တိုးမြင့်နေဆဲ ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယင်းအခြေအနေများအောက်တွင် ဓားစာခံများ လွတ်မြောက်ရေးနှင့် အပစ်အခတ် ရပ်စဲရေးဆီသို့ အစ္စရေးနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရန် ဟားမတ်စ်အဖွဲ့သည် ကြားခံနိုင်ငံဖြစ်သည့် အီဂျစ်နိုင်ငံသို့ ဇန်နဝါရီလ ၁ ရက်နေ့တွင် သွားရောက်ခဲ့ကြောင်း အာရပ်မီဒီယာအချို့က ဖော်ပြခဲ့သည်။

သို့သော်လည်း ဓားစာခံများကို မည်ကဲ့သို့ လွှတ်ပေးသင့်သည်ဆိုသည်ကို နှစ်ဖက်စလုံး၏ သဘောထားကွဲလွဲမှုကြောင့် ညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြကြပြီး အပစ်အခတ်ရပ်စဲရေး အောင်မြင်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဟားမတ်စ်အဖွဲ့ဘက်က စစ်ပွဲလုံးဝရပ်တန့်ပေးရန်နှင့် အစ္စရေးစစ်တပ် ဂါဇာမှ ထွက်ခွာရန် တောင်းဆိုထားပြီး အစ္စရေးတို့ဘက်က စစ်ပွဲကို ယာယီဝရပ်တန့်ရန်သာဖြစ်ကြောင်းနှင့် ဂါဇာမှ ထွက်ခွာရန်လည်း မဖြစ်နိုင်ကြောင်း ပြောကြားထားသည့်အတွက် အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ခက်ခဲနေသည်ဟု သိရသည်။

ဂါဇာကျန်းမာရေး အာဏာပိုင်များ၏ပေါ်ပြချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့အထိ သေဆုံးသူ ဦးရေမှာ ၄၅,၅၈၁ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ဆက်လက် မြင့်တက်လျက် ရှိသည်။

ယင်းအခြေအနေများအောက်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက “ဟားမတ်စ်တွေက ဓားစာခံတွေကို ချက်ချင်း လွှတ်မပေးဘူးဆိုရင် အရင်က မကြုံဖူးတဲ့ ထိုးနှက်ချက်တွေကို ခံရလိမ့်မယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြှောင်တွင် ဆောင်းရာသီတွင် အအေးလွန်ကဲမှုကြောင့် ရွက်ဖျင်တဲများတွင် နေထိုင်နေရသည့် ပါလက်စတိုင်း ကလေးငယ်တစ်ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ရသည်။ ဆိုးရွားသော အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုနက်ရှိုင်းလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

သတင်းရင်းမြစ်။ NHK, Aljazeera, ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ် တာကာအီချီက သမိုင်းဝင် အပြတ်အသတ်အနိုင်ရရှိမှုဖြင့် အများစု အင်အားကို အထူးရယူနိုင်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက် ဂျပန်နိုင်ငံ၏ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီသည် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 26 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 69 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန်

ပါကစ္စတန်မြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံး ၃၁ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက်။ ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲသမားတစ်ဦးကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုမန်တွင် အမေရိကန်နှင့် အီရန်တို့ အရေးပါသော ဆွေးနွေးပွဲများ ပြုလုပ်ပြီးစီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက် အိုမန်နိုင်ငံတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးခဲ့ကြ ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “ အလွန်ကောင်းမွန်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ “ အီရန်က သဘောတူညီမှုတစ်ခုရဖို့
နိုင်ငံတကာသတင်း အီရန်

ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သူတို့၏ ဂူဗိမာန်ဘေးဝယ် ကြေကွဲနေသော အီရန်နိုင်ငံသားများ နှုတ်ဆိတ်နေရန် ဖိအားပေးခံထားရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် တီဟီရန်မြို့ — ကြာသပတေးနေ့ ညနေခင်းများတွင် တီဟီရန်မြို့၏ အကြီးဆုံးသော သုသာန်ကြီးမှာ ကွယ်လွန်သွားသော ချစ်ခင်ရသူများကို လာရောက် ဂါရဝပြုကြသူများဖြင့် သက်ဝင်လှုပ်ရှားလာလေ့ရှိသည်။ အစိုးရဆန့်ကျင်ရေး
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာဖရိက

ရုရှား-ယူကရိန်းစစ်ပွဲအတွင်းသို့ ရုရှားနိုင်ငံက အာဖရိကန်အမျိုးသားများအား အလုပ်အကိုင်ကောင်းများပေးမည်ဟု လိမ်လည်ဖြားယောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေသည့်အကြောင်း CNN သတင်းဌာန၏ စုံစမ်းထောက်လှမ်းချက်မှ အဓိကအချက်များနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 38 Views
CNN -၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက် အာဖရိကနိုင်ငံများ ဖြစ်သည့် ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ယူဂန်ဒါတို့ မှ အမျိုးသားများအား လျှပ်စစ်အင်ဂျင်နီယာ၊ လုံခြုံရေးဝန်ထမ်း သို့မဟုတ် ယာဉ်မောင်းအလုပ်များ ပေးမည်ဟု ဆိုကာ ရုရှားအေးဂျင့်များက လိမ်လည် စည်းရုံး၍စစ်တိုက်ခိုင်းရန်စုဆောင်းခဲ့ကြသည်။
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အက်ပ်စတိုင်း(Epstein) မုန်တိုင်းကြောင့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ရာထူးမှ ပြုတ်ကျ သွားနိုင်သည် – သို့သော် ၎င်းတွင် ထရမ့် မပါဝင်ပါ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 64 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) နှင့် မည်သည့်အခါမျှ ပတ်သက်ဆက်နွှယ်မှု မရှိခဲ့ဖူးသော်လည်း၊ အက်ပ်စတိုင်းကြောင့်ပင် သူ၏