နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

ဂျပန်နိုင်ငံသံမဏိကုမ္ပဏီကြီး နိပွန်းစတီးလ် (Nippon Steel) ဘိုင်ဒင်အစိုးရက အမေရိကန်သံမဏိလုပ်ငန်းအား ဝယ်ယူမှုကို ပိတ်ဆို့ရန် ဆုံးဖြတ်ချက်အတွက် အမေရိကန်အစိုးရကို တရားစွဲမည်ဟု ဆို

ဇန်နဝါရီလ (၉) ရက်။

နိပွန်းစတီးလ်က ဒေါ်လာဘီလီယံပေါင်းများစွာပေး၍ ဝယ်ရန်အဆိုပြုထားသည့် အရှုံးပြ ရုန်းကန်နေရသည့် အမေရိကန်သံမဏိကုမ္ပဏီ (US Steel) ကို ပြီးခဲ့သည့် သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒင်က ပိတ်ဆို့ခဲ့ခြင်းကြောင့် အမေရိကန် အစိုးရအား တရားဥပဒေအရ အရေးယူရန် စဉ်းစားနေသည်ဟု နိပွန်းစတီးလ်က ဇန်နဝါရီလ (၇) ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ဒါကို အရေးကြီးတဲ့ ရွေးချယ်မှုလမ်းကြောင်းတစ်ခုအနေနဲ့ စဉ်းစားနေပါတယ်” ဟု နိပွန်းစတီးလ်၏ ဥက္ကဋ္ဌ တာဒါရှီ အီမာအိ (Tadashi Imai) က CNN မှ အတည်ပြု ရုပ်သံမိန့်ခွန်းတွင် သတင်းထောက်များအား တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “အချိန်အများကြီး မယူဘဲ (တုံ့ပြန်) ကြေညာချက်ထုတ်တာ အပါအဝင် အရေးယူ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။”

သောကြာနေ့တွင်၊ ဘိုင်ဒင်က သူသည် အငြင်းပွားဖွယ် ဒေါ်လာ ၁၄.၃ ဘီလီယံနှင့် ဂျပန်ကုမ္ပဏီက အမေရိကန် ဝယ်ယူမှုကို ပိတ်ဆို့ခဲ့ကြောင်းပြောကြားခဲ့ပြီး သူ၏အုပ်ချုပ်မှုနောက်ဆုံးနေ့ရက်များအတွင်းတွင် သူ၏ အုပ်ချုပ်ရေးအာဏာကို သိသိသာသာ အသုံးပြုမှု အမှတ်အသားအဖြစ် ပြသခဲ့သည်။ အမျိုးသားလုံခြုံရေးနှင့် ထောက်ပံ့ရေး ကွင်းဆက်များကို ကာကွယ်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။

“ ကျွန်တော်တို့မှာ မှန်ကန်တဲ့ ပြန်လည်သုံးသပ်မှုကို ရပိုင်ခွင့်ရှိတယ်” ဟု အီမာအိက ၎င်း၏နေအိမ်အပြင်ဘက်ရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။ အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်သည် အလွန်သင့်လျော်သော သုံးသပ်ချက်မဟုတ်ပါဟု သူက ပြောဆိုခဲ့သည်။

ကကျွန်တော်တို့ ကုမ္ပဏီအနေနှင့် ဒီလိုဆက်လက်ဖြစ်နေတာကို ခွင့်မပြုနိုင်ပါဘူး။ ဒါကြောင့် အနာဂတ် လုပ်ဆောင်မှုများအတွက် ရွေးချယ်စရာအားလုံးကို ကျွန်တော်တို့ စဉ်းစားနေပါတယ်။”

အဆိုပါ သဘောတူညီချက်ကို လွန်ခဲ့သည့် တစ်နှစ်ကျော်က ကြေညာခဲ့ပြီးကတည်းက နိုင်ငံရေးအရ ပြဿနာရှာ စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး တစ်ချိန်က အမေရိကန်စက်မှုစွမ်းအား၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သည့်စက်မှုလုပ်ငန်းကြီးအား နိုင်ငံခြားမှ ထိန်းချုပ်မှုကို ဆန့်ကျင်သော ပါတီနှစ်ဖက်လုံးမှ နိုင်ငံရေးအရ ဆန့်ကျင်ကြရန် လှုံ့ဆော်ခဲ့သည်။

အမေရိကန်သံမဏိလုပ်ငန်း၏ လုပ်သားများသမဂ္ဂ (United Steel workers (USW)) မှ ရောင်းချရန် သဘောတူညီချက်ကို မထောက်ခံဘဲ၊ ဘိုင်ဒင်၏ ဆုံးဖြတ်ချက်ကို “ ကျွန်တော်တို့ရဲ့အဖွဲ့ဝင်တွေအနေနဲ့ အမျိုးသားလုံခြုံရေးအတွက် မှန်ကန်တဲ့ လှုပ်ရှားမှု” အဖြစ် ချီးမွမ်းခဲ့သည်။

USW အလုပ်သမားသမဂ္ဂသည် အမေရိကန်သံမဏိ၏ မကြာသေးမီက ဘဏ္ဍာရေးအရ စွမ်းဆောင်ရည် ပြသခဲ့သည်မှာ၎င်းသည် “ ခိုင်မာပြီး ခံနိုင်ရည်ရှိသော ကုမ္ပဏီတစ်ခုအဖြစ် အလွယ်တကူ ဆက်လက်ရပ်တည်နိုင်သည်ကို ပြသခဲ့သည်” ဟု USW အပြည်ပြည်ဆိုင်ရာဥက္ကဌ ဒေးဗစ် မက်ကောလ် (David McCall) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

သို့သော် အချို့က သဘောတူညီချက်ပျက်ပျယ်သွားမှုသည် အမေရိကန်သံမဏိကုမ္ပဏီကြီးအား ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းခမ်း‌ခြောက်သွားစေပြီး အခြားအမေရိကန်ကုမ္ပဏီများတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကိုလည်း ကြောက်လန့်မောင်းထုတ်သလိုဖြစ်စေလိမ့်မည်ဖြစ်သည်။

အမေရိကန်သံမဏိကုမ္ပဏီ၏ ဥက္ကဌနှင့် CEO ဖြစ်သူ ဒေးဗစ် ဘားရစ် (David Burritt) က ဘိုင်ဒင် ၏ ဆုံးဖြတ်ချက်သည် “ရှက်စရာကောင်းပြီး အကျင့်ပျက်မှု” ဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။

ဒီဇင်ဘာလနှောင်းပိုင်းတွင် CFIUS ဟုလူသိများသော အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကော်မတီမှ အမေရိကန်သံမဏိကုမ္ပဏီကို ဂျပန်ကုမ္ပဏီအား ရောင်းချခြင်းသည် အမျိုးသား လုံခြုံရေး အန္တရာယ်ဖြစ်စေနိုင်သည်ဆိုသည့်အချက်အပေါ် သဘောတူညီမှု မရရှိခဲ့ကြောင်း ဘိုင်ဒင်ကို အသိပေးခဲ့ပြီး၊ သမ္မတကသာ ဆုံးဖြတ်ချက်ပေးရန် ထားရစ်ခဲ့သည်။

US Steel နှင့် Nippon Steel တို့သည် ရောင်းချမှု လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် US Steel ၏ ပြည်တွင်းသံမဏိလုပ်ငန်းများတွင် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးပေးရန် သဘောတူညီချက်သည် လိုအပ်ကြောင်း ငြင်းဆိုခဲ့ကြသည်။

အဆိုပြုဝယ်ယူမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၏ အဆိုပြုရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂.၇ ဘီလီယံကို US Steel က မရရှိပါက US Steel သည် USW မှ ကိုယ်စားပြု ထားသည့် စက်ရုံများကို ပိတ်ပစ်ရန် တွန်းအားပေးနိုင်ကြောင်း US Steel က အခိုင်အမာဆိုထားသည်။

ဂျပန်ဘက်က လေ့လာသုံးသပ်သူများက အမေရိကန်သည် ဂျပန်နိုင်ငံသည် မဟာမိတ်နိုင်ငံဟု အမြဲပြောဆိုဆက်ဆံ နေသော်လည်း ယခုလုပ်ရပ်သည် ဂျပန်အား မဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်ထားခြင်း မရှိသည်ကို ပြောင်ပြောင်တင်းတင်း ပြသလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုထားကြသည်။

သတင်းရင်းမြစ်။ CNN, ဂျပန်မီဒီယာများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 16 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 19 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ၊ အီရန်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယား စခန်း များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 44 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်