နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ပဲရာဆေ့ (Palisades) တောမီးလောင်မှုမှာ သူ့ရဲ့ အိုလံပစ် ဆုတံဆိပ် ၁၀ ခု ဆုံးရှုံးခဲ့ရတယ်လို့ ရေကူးသမား ဂယ်ရီ ဟောလ်ဂျူနီယာပြော

ဇန်နဝါရီလ (၁၁) ရက်။

အမေရိကန် အိုလံပစ်ကစားသမားဟောင်း ဂယ်ရီဟောလ်ဂျူနီယာဟာ သူ့ရဲ့ ရေကူးအားကစားသမားဘဝမှာ အိုလံပစ်ဆုတံဆိပ် (၁၀) ခုနဲ့ ကမ္ဘာ့ချန်ပီယံဆုတံဆိပ် (၆၆) ခု ရရှိခဲ့ပါတယ်။ ပဲရာဆေ့ တောမီးလောင်မှုမှာ သူတို့ အားလုံးကို ဆုံးရှုံးခဲ့ရတယ်လို့ သူယုံကြည်ကြောင်း CNN ရဲ့ သတင်းသမား အီရင် ဘားနက် (Erin Burnett) ကို သူက ပြောခဲ့ပါတယ်။

“ကျွန်တော့်မှာ အချိန်ပိုရှိမယ်လို့ ထင်ခဲ့တယ်” လို့ ဟောလ်က ဆိုပါတယ်။ “တောင်ကုန်းပေါ်က မီးတောက်နေတာကို မြင်လိုက်ရတော့ အဲဒီကနေ ထွက်သွားရတော့မယ်ဆိုတာ သိတယ်။ SUV ကားနောက်ခန်းကို ဖွင့်လိုက်ပြီး ပန်းချီကားတစ်ချပ်၊ အခြားအရာဝတ္ထုတစ်ခုကို ကျွန်တော် တင်လိုက်တယ်။”

“အဲဒီကနေအထဲကိုအပြေး ပြန်ဝင်လာချိန်မှာတော့ ကောင်းကင်က ပူပြင်းတဲ့ မီးခဲမီးစက်တွေ ရွာချလာတယ်။ အဲဒီအချိန်မှာ ကျွန်တော့မှာ အချိန်သိပ်မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။ ကျွန်တော်ပတ်ဝန်းကျင်က အိမ်ခေါင်မိုးတွေကို မီးစက်မီးခဲစတွေ ထိမှန်နေတာကို မြင်လိုက်ရတော့ ငါထွက်သွားရမဲ့အချိန်ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ကို ချလိုက်တယ်” လို့ သူက ဆက်ပြောပါတယ်။

“ဆုတံဆိပ်တွေက ပေ ၇၀ အကွာက ကျွန်တော့်အိပ်ခန်းထဲက ဗီရိုထဲမှာရှိပြီး အဲဒါတွေကို သွားယူဖို့ ကျွန်တော့်မှာအချိန်မရှိဘူး။ တောင်ထိပ်မှာ မီးခိုးငွေ့တွေကို ပထမဆုံး မြင်ရတဲ့အချိန်ကစလို့… အဲဒီအချိန်နဲ့ ကြားမှာ သုံးမိနစ်လောက် အချိန်အတွင်း မီးလုံးတွေ ကျွန်တော့်ဆီ ပြေးဆင်းလာတယ်။

“အဲဒါ အားလုံးကို ချန်ထားခဲ့ဖို့ မလွယ်ဘူး။ ဒီလိုအောင်မြင်ဖို့အတွက် တစ်သက်လုံး အလုပ်လုပ်ခဲ့ပြီး စိတ်ထဲမှာ အမှတ်တရတွေ ကျန်နေခဲ့ပေမဲ့ အမှတ်တရ ဆုတံဆိပ်တွေကတော့ ပျောက်ဆုံးသွားခဲ့ပါပြီ။

သူနေထိုင်တဲ့ တောင်ကုန်းအောက်ခြေကို မောင်းသွားပေမယ့် ဟောလ်က သူ့အနေနဲ့ ဘေးကင်းတဲ့ ဧရိယာထဲမှာ မရှိသေးဘူးဆိုတာ မြန်မြန် သဘောပေါက်သွားတယ်လို့ ဆိုပါတယ်။ တောင်ကုန်းပေါ်ရှိ တောမီး ပတ်ပတ်လည်မှာ မတ်တပ်ရပ်ပြီး ဗီဒီယို/ဓာတ်ပုံ ရိုက်ကူးနေတဲ့ လူတွေကို “ကျရောက်တော့မည့် အန္တရာယ်ကို သတိမပြုမိသေးဘူး” လို့ သူက ပြောပြခဲ့ပါတယ်။

မီးရောက်မလာမီ ပဲရာဆေ့ရွာကို သူရောက်ရှိသွားခဲ့ပေမဲ့ အလျင်အမြန်ပဲ ပရမ်းပတာ ဖြစ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်က ရွာထဲကို ပထမဆုံး ပြောင်းရွှေ့ရောက်ရှိလာတဲ့ တောင်ပေါ်သားတွေထဲက တစ်ယောက်ပါ” လို့ ဟောလ်က ဆိုပါတယ်။ ကားပါကင်အတွင်းကနေ မောင်းနှင်ထွက်သွားတဲ့ တခြားကားတစ်စင်း ရှိခဲ့ပြီး “စာသင်ကြားနေဆဲ ဖြစ်တဲ့ မူကြိုကျောင်း၊ မူလတန်းကျောင်း၊ သူငယ်တန်းနဲ့ ကျောင်းငါးကျောင်းတို့ နဲ့ ဝန်းရံထားတဲ့ ငြိမ်သက်အေးချမ်းတဲ့ စာသင်ကြားရာနေရာ ပဲရာဆေ့ရွာကို အထိတ်တလန့်ချောက်ခြားမှုတွေ ကျရောက်လာခဲ့တယ်လို့ သူက ပြောပါတယ်။

“လူတွေက အော်ဟစ်နေပြီး လမ်းဘေးလူလျှောက်လမ်းတွေပေါ်ကနေ ကားတွေ မောင်းတက်လာတယ်။ ကလေးကို ကျောင်းကနေ ဘေးလွတ်ရာကို ပို့ပေးဖို့ အချိန်မီ ရောက်အောင် ကြိုးစားနေတဲ့ မိဘတစ်ယောက်ရဲ့ စိတ်ပျက်အားငယ်မှုကို မြင်ယောင် ကြည့်လိုက်ပါ။

“ ကားတွေ ဟွန်းတွေတီးနေတာ ရပ်တန့်ဖို့ တပ်ထားတဲ့ ဆိုင်းဘုတ်တွေ၊ မီးနီတွေကို ဖြတ်မောင်းတာတွေ၊ ယာဉ်တိုက်မှုတွေနဲ့ ခြေဦးတည်ရာအတိုင်းပြေးနေတဲ့ လူတွေရှိတယ်။”

သူ့ရေကူးအရှိန်အဟုန်နဲ့ စွမ်းဆောင်နိုင်မှုတွေကြောင့် လူသိများတဲ့ ဟောလ်ဟာ ၁၉၉၆၊ ၂၀၀၀ နဲ့ ၂၀၀၄ အိုလံပစ်ပြိုင်ပွဲတွေမှာ အမေရိကန်နိုင်ငံကို ကိုယ်စားပြုခဲ့ပါတယ်။ ရွှေတံဆိပ်ငါးခု အပါအဝင် အိုလံပစ် ဆုတံဆိပ် ၁၀ ခု ရရှိခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ် ၃ ခုနဲ့ ငွေတံဆိပ် ၃ ခုကိုလည်း ရရှိခဲ့ပါတယ်။

ဟောလ်ဟာ ၁၉၉၉ ခုနှစ်မှာ Type 1 ဆီးချိုရောဂါရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူဟာ အိုလံပစ်အားကစားပြိုင်ပွဲမှာ သုံးကြိမ် ဆုတံဆိပ်တွေရရှိခဲ့တဲ့ ဂယ်ရီဟောလ် စီနီယာ (Gary Hall Sr.) ရဲ့ သားဖြစ်ပါတယ်။

GoFundMe စာမျက်နှာကနေ“ဂယ်ရီ ဂျူနီယာ” ဟာ ဇန်နဝါရီ ၇ ရက်က ပြင်းထန်တဲ့ ပဲရာဆေ့ (Palisades) မီးဘေးမှာ သူရဲ့နေအိမ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ဆိုပြီး အလှူငွေထူထောင်ထားပါတယ်။

“ အိမ်မှာရှိစဉ် ဂယ်ရီက ပြတင်းပေါက်ကနေ မီးတောက်တွေကို မြင်ခဲ့ရပြီး သူ့ပူဒယ်အမျိုးအစားခွေး၊ အင်ဆူလင်၊ သူ့အဖိုးပုံ ပန်းချီကား တစ်ချပ်နဲ့ သူ့သမီး ဂီဂီ (Gigi) က ပေးခဲ့တဲ့ ဘာသာရေးဆိုင်ရာ သစ်သားအပိုင်းအစတွေကို ကောက်ယူပြီး တတ်နိုင်သမျှ အမြန်ဆုံး ပင်လယ်ဘက်ဆီကို ကားကို မောင်းသွားခဲ့ပါတယ်။

“အစားထိုးမရတဲ့ မိသားစုအမွေဆက်ခံမှု၊ ဓာတ်ပုံတွေနဲ့ အခြားအရာတွေလို သူပိုင်ဆိုင်တဲ့ အခြားအရာအားလုံးကို ချန်ထားခဲ့ရပါတယ်။ သူဟာ သူ့ရဲ့ အိုလံပစ် ဆုတံဆိပ်ဆယ်ခုကိုလည်း ဆုံးရှုံးသွားနိုင်ဖွယ် ရှိပါတယ်၊ ဒါပေမယ့် အဲဒီ ဆုတံဆိပ်တွေ ရရှိခဲ့တဲ့ သူ့ရဲ့ စိတ်ဓာတ်ကိုတော့ ဘယ်အရာကမှ ပျောက်ကွယ်သွားအောင် မစွမ်းဆောင်နိုင်ပါဘူး။” လို့ ပြောပါတယ်။

ဓါတ်ပုံ။

အတ္တလန်တာတွင် ၁၉၉၆ ခုနှစ် အိုလံပစ် အမျိုးသား မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိပြီးနောက် ဟောလ်က ဘယ်ဖက်တွင်ရပ်လျက်။

Simon Bruty/Allsport/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 16 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 19 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ၊ အီရန်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယား စခန်း များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 44 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်