နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

စွမ်းဆောင်ရည်အစီရင်ခံချက်များအတွက် အီးမေးလ်ကို မတုံ့ပြန်ပါက ဖက်ဒရယ်ဝန်ထမ်းများ အလုပ်မှ နုတ်ထွက်မည်ဟု ယူဆမည်ဖြစ်ကြောင်း မတ်စ်ပြော

ဖေဖော်ဝါရီလ (၂၃) ရက်။

ဖေဖော်ဝါရီလ (၂၂) ရက်နောက်ပိုင်း ဖက်ဒရယ်အစိုးရဝန်ထမ်းများသည် ၎င်းတို့၏ အလုပ်စွမ်းဆောင်ရည်ကို အစီရင်ခံရန် အမိန့်ပေးသည့် အီးမေးလ်များကို လက်ခံရရှိခဲ့သည်။ ထရမ့်အစိုးရ၏အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ကို ဦးစီးသော စွန့်ဦးတီထွင်သူ အီလွန်မတ်စ်က X (ယခင် Twitter) တွင် “ တုံ့ပြန်မှုမရပါက အလုပ်မှနုတ်ထွက်မည်” ဟု မှတ်ယူမည် ဖြစ်ကြောင်း ရေးသားခဲ့သည်။

လက်မှတ်မထိုးထားသော အီးမေးလ်ကို ဝန်ထမ်းအများအပြားထံသို့ ပေးပို့ထားပြီးဖြစ်သည်။ ၎င်းအီးမေးလ်ကို CNN မှ ရရှိထားပြီးဖြစ်သည်။ ညွှန်ကြားချက်မှာ တစ်ဦးစီ၏ ယခင်အပတ်က စွမ်းဆောင်ရည်နှင့် ပတ်သက်သည့် အချက်ငါးချက်ကို ရေးမှတ်ပြီး ၎င်းတို့၏ကြီးကြပ်ရေးမှူး အပါအဝင် ယခုပို့ထားသည့် အီးမေးလ်ကို အကြောင်းပြန်ရန် ဖြစ်သည်။

X ၏ ပို့စ်တစ်ခု၌ မတ်စ်က “ သမ္မတထရမ့်၏လမ်းညွှန်ချက်အရ၊ ဖက်ဒရယ် ဝန်ထမ်းများအားလုံးထံသို့ အီးမေးလ်တစ်စောင် မကြာမီပေးပို့လိမ့်မည်” ဟု ကြိုတင်သတိပေးခဲ့ပြီး တုံ့ပြန်ရန်ပျက်ကွက်ပါက အလုပ်မှ နုတ်ထွက်ရမည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အီးမေးလ်တွင် ဝန်ထမ်းအား အီးမေးလ်ပြန်ပို့ရမည့် နောက်ဆုံးရက်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အမေရိကန်အရှေ့ပိုင်းအချိန် ဖြစ်ကြောင်း ဖော်ပြထားသည်။

မတ်စ်က ပို့စ်တင်ပြီးနောက် ထရမ့်က ကွန်ဆာဗေးတစ်လူထုစုဝေးပွဲတစ်ခုတွင် မတ်စ်ကို “ မျိုးချစ်စိတ်ရှိသူ” ဟု ခေါ်ခဲ့ပြီး “ အလုပ်ကောင်းကောင်း လုပ်နေတယ်” ဟု ချီးကျူးခဲ့ပါသည်။

ထိုနေ့နံနက်အစောပိုင်းတွင် ထရမ့်က မတ်စ်ကို “ ပိုပြီး ကြမ်းကြမ်းကိုင်တွယ်တာကို မြင်ချင်တယ်” ဟု သူမျှော်လင့်ကြောင်း လူမှုမီဒီယာပေါ်တွင်တင်ခဲ့ပြီး မတ်စ်က “ ကျွန်တော်လုပ်ပါ့မယ်” ဟု တုံ့ပြန်ခဲ့သည်။

အမေရိကန်အစိုးရဝန်ထမ်းများအဖွဲ့ချုပ် (AFGE) ဥက္ကဌ ကယ်လီက CNN သို့ ပို့ပေးသည့် ကြေညာချက်တစ်ခုတွင် အီးမေးလ်တွင် “ ဖက်ဒရယ် ဝန်ထမ်းများနှင့် ၎င်းတို့လုပ်ဆောင်ရမည့် အရေးကြီးသောအလုပ်များကို အထင်သေးကြောင်းကို ပြသသည်” ဟု ပြောကြားခဲ့သည်။ မတ်စ်သည် ရွေးကောက်ခံရသော အရာရှိတစ်ဦး မဟုတ်ကြောင်းနှင့် ယခင်က ပြည်သူ့ဝန်ဆောင်မှု အတွေ့အကြုံ မရှိသည့်အတွက်လည်း ဝေဖန်ခဲ့သည်။ တရားမဝင် ထုတ်ပယ်ခြင်းများကို တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ၎င်းတို့က ထောက်ပြထားသည်။

ဓာတ်ပုံ။

အီလွန်မတ်စ်/Andrew Harnik/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 26 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်