နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားနိုင်ငံ၏ ခေါင်းဆောင်သစ်အတွက် ကြီးမားသောခြေလှမ်းတစ်ရပ်အဖြစ် အမေရိကန်ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့များ ကြားဖြတ်အစိုးရစစ်တပ်နဲ့ ပေါင်းစည်းကြမည်။

မတ်လ (၁၁) ရက်။

ယခုသဘောတူညီချက်သည် ပိုမိုစည်းလုံးညီညွတ်ပြီး ကိုယ်စားပြုမှုရှိသည့်နိုင်ငံကို ဦးဆောင်ရန် ကတိပြုထားသည့် ဆီးရီးယားကြားဖြတ်အစိုးရသမ္မတအာမက်အာရှာရာရာ (Ahmed al-Sharaa) အတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။

အစ္စလာမ္မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်ရန်အတွက် အမေရိကန်တပ်ဖွဲ့များနှင့် ပူးပေါင်းထားသည့် ကာ့ဒ်ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ ညွန့်ပေါင်းအဖွဲ့များသည် ယခင်က အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်မှုရှိခဲ့သည့် ယာယီအစိုးရတပ်ဖွဲ့များနှင့် ပေါင်းစည်းရန် သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစိုးရတပ်ဖွဲ့များနှင့် ရာထူးမှ ဖယ်ရှားခံရသော အာဆတ်အစိုးရကို သစ္စာခံသူများကြား ရက်အတန်ကြာ ဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပွားပြီး အရပ်သားရာကျော် သေဆုံးခဲ့ရပြီးနောက် တနင်္လာနေ့တွင် အဆိုပါအဖွဲ့နှစ်ဖွဲ့က သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

SDF သည် အဆိုပါတိုက်ပွဲများတွင် အများစုပါဝင်ခြင်းမရှိသော်လည်း ၎င်းသည် ဆီးရီးယားခေါင်းဆောင်ဟောင်းနှင့် ဆီးရီးယားခေါင်းဆောင်အသစ်တို့ကို ကာလကြာရှည်စွာ ဆန့်ကျင်နေခဲ့သည်။ အပစ်အခတ်ရပ်စဲရေးအသစ်သည် ဆီးရီးယား၏ အကြီးဆုံး စစ်တိုက်နေသည့် အဖွဲ့နှစ်ဖွဲ့ကို ယခင်ကသဘောထားကွဲလွဲနေသည့် မဟာမိတ်များအကြား တပ်ဖွဲ့ဝင်များအားလုံး ပေါင်းစည်းနိုင်မှု ဖြစ်သည်။

ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်ရှာရာရာနှင့် SDF ခေါင်းဆောင် မာဇိုလမ် အက်ဒီ (Mazloum Abdi) တို့အကြား တနင်္လာနေ့က တွေ့ဆုံမှုအပြီးတွင် အဆိုပါ သဘောတူညီချက် ကို SDF မှ ထိန်းချုပ်ထားရာ ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများကို လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ဆီးရီးယားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘာသာရေးနဲ့ လူမျိုးရေးနောက်ခံတွေ မခွဲခြားဘဲ နိုင်ငံရေးဖြစ်စဉ်မှာ ကိုယ်စားပြုပါဝင်ခွင့်” ရရှိရေး အတွက် ဆီးရီးယားအစိုးရက အားလုံး၏ အခွင့်အရေးတွေအတွက် အာမခံချက်ကိုလည်း ဆီးရီးယားအစိုးရ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

SDF ၏ ခေါင်းဆောင် အက်ဒီ (Abdi) က တနင်္လာနေ့တွင် အဆိုပါ သဘောတူညီချက်အား “ ဆီးရီးယားနိုင်ငံသစ်ကို တည်ဆောက်ရန် အမှန်တကယ် အခွင့်အရေး” ဟု ချီးကျူးခဲ့သည်။

“ ဆီးရီးယားနိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကို အာမခံပြီး ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ကျွန်ုပ်တို့ ကတိပြုထားပါတယ်” ဟု X ၏ ပို့စ်တွင် သူက ရေးသားခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် နိုင်ငံတွင်း များပြားလှသော လူမျိုးရေးနှင့် ဘာသာရေး အုပ်စုများ၏ ဆီးရီးယား ကိုယ်စားလှယ်များပါဝင်သည့် ပိုမိုစည်းလုံးညီညွတ်သည့် ဆီရီယားအစိုးရကို ဦးဆောင်ရန် ကတိပြုထားသည့် ရှာရာအတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။

ရှာရာ သည် ISIS နှင့် အယ်ကိုင်ဒါ တို့နှင့် ဆက်နွှယ်မှုရှိသော ဂျီဟတ်ဝါဒီ ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်း၏နောက်ကြောင်းကြောင့် နိုင်ငံတကာစင်မြင့်ပေါ်တွင် ကြောက်ရွံ့မှုများ တိုးလာနေခြင်းကို လျှော့ချရာတွင်လည်း ထိုအခြေအနေက ကူညီပေးနိုင်သည်။

မကြာသေးမီရက်ပိုင်းများအတွင်း အဆိုပါစိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ဆီးရီးယားနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားကာ ရာနှင့်ချီသော အရပ်သားအများစုမှာ အာဆတ်မိသားစုကိုယ်စားပြုသည့် အလာဝိတ်မျိုးစုအသိုက်အဝန်းမှ အရပ်သားများ သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါသဘောတူညီချက်သည် “ မှန်ကန်သောခြေလှမ်းသစ်ဖြစ်ပြီး၊ ၎င်းသည် ဆီးရီးယား ပြည်သူများအား အာမခံချက်ပေးကာ စည်းလုံးညီညွတ်မှုကို ပြသသည်” ဟု အင်္ဂလန်နိုင်ငံ လန်ကက်စတာ (Lancaster) တက္ကသိုလ်မှ အရှေ့အလယ်ပိုင်းနှင့် မြောက် အာဖရိက လေ့လာရေးဆိုင်ရာ ကထိကရာဟတ်ဖ် အယ်ဒေါ့လီ (Rahaf Aldoughli) က ပြောကြားခဲ့သည်။

“ဒါတောင် စိန်ခေါ်မှုတွေ အများကြီးရှိသေးတယ်” ဟု အင်္ဂါနေ့က ဖုန်းအင်တာဗျူးတစ်ခုတွင် သူမက ပြောကြားခဲ့သည်။

ရှာရာရာသည် အာဆတ်သစ္စာခံများ၏ လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုတွင် လက်တုံ့ပြန်မှု လှိုင်းလုံးများ ဖြစ်ပေါ်စေသည့် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို စစ်ဆေးအ‌ရေးယူမည်ဟု ကတိပြုထားသည်။

ပြီးခဲ့သောနှစ်နှောင်းပိုင်းတွင် အာဆတ်အစိုးရကို အာဏာမှ ဖယ်ရှားခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်မှုသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြည်တွင်းစစ်ကြောင့် ကျိုးကြေပျက်စီးနေသော နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကို သေချာစေရန် ကြိုးပမ်းရာတွင် ရှာရာရာ ရင်ဆိုင်နေရသော ရှုပ်ထွေးသော စိန်ခေါ်မှုများစွာကို မီးမောင်း ထိုးပြခဲ့သည်။

အာဆတ်အစိုးရလက်ထက်တွင် အခြေခံအခွင့်အရေးများ ငြင်းပယ်ခံခဲ့ရသော ဆီးရီးယားမှ ကာ့ဒ်များသည် ရှာရာရာ၏ ဦးဆောင်မှုအောက်တွင် အနာဂတ်တွင် မည်သို့မည်ပုံ လုပ်ဆောင်မည်ကို စိုးရိမ်တကြီး စောင့်မျှော်နေသော လူနည်းစုအုပ်စုများထဲတွင် ပါဝင်ခဲ့သည်။

SDF နှင့် ဆီးရီးယားအစိုးရတို့ကြား သဘောတူညီချက်သည် တူရကီနှင့် တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်အဖွဲ့များနှင့် ဆက်နွှယ်နေသည့် ပြည်သူ့စစ်မဟာမိတ်အဖွဲ့၏ ပဋိပက္ခကို အရှိန်လျော့သွားစေနိုင်ကြောင်း SDF မှ အင်္ဂါနေ့တွင် ပြောကြားခဲ့သော်လည်း ဆီးရီးယားမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မကြုံစဖူးသော တိုက်ခိုက်မှုများ တိုးမြင့်လာသည်ဟု ဆိုသည်။

SDF နှင့် ဆီးရီးယားအစိုးရတို့ကြား သဘောတူညီချက်အပေါ် တူရကီက ချက်ခြင်း မှတ်ချက်မပေးပေ။ တူရကီသမ္မတ အာဒိုဂန်က ဆီးရီးယားနိုင်ငံ၏ စည်းလုံးညီညွတ်မှု၊ သာယာဝပြောမှုနှင့် လူမှုရေးငြိမ်းချမ်းမှုကို အပြင်းထန်ဆုံးနည်းလမ်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည့် တိုက်ခိုက်မှုအမျိုးမျိုးကို ရှုတ်ချကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းတွင် အာရပ်နိုင်ငံများက သဘောတူညီချက်၏ သတင်းများကို ကြိုဆိုခဲ့ကြပြီး ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်းသည် “ ပြည်တွင်းငြိမ်းချမ်းရေးကို စုစည်းရန်၊ လုံခြုံရေးနှင့် တည်ငြိမ်မှုကို မြှင့်တင်ရန်နှင့် အင်စတီကျူးရှင်းများနှင့် ဥပဒေဆိုင်ရာ နိုင်ငံတော် တည်ဆောက်ရေးဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ရပ်” ဟု ခေါ်ဆိုခဲ့သည်။

NBC သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 23 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင်
နိုင်ငံတကာသတင်း အီရန်

အီရန်အာဏာပိုင်များသည် နိုဘယ်လ်ဆုရှင် နာဂစ် မိုဟာမ္မဒီ (Narges Mohammadi) အပေါ် ‘အသက်အန္တရာယ်စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ’ ပြုလုပ်ခဲ့ကြောင်း နိုဘယ်လ်ကော်မတီ ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ထောင်သွင်းအကျဉ်းချခံထားရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂစ် မိုဟာမ္မဒီသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

တဲလ်အဗစ်၊ အစ္စရေး — အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ယခုသီတင်းပတ် ဝါရှင်တန်ဒီစီ ခရီးစဉ်မတိုင်မီ၊ အစ္စရေးသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) ဒေသအပေါ် ၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ရန် ကျယ်ပြန့်သော ခြေလှမ်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက် တနင်္ဂနွေနေ့တွင် အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် နိုင်ငံ၏ ဥပဒေစိုးမိုးရေးအာဏာကို တိုးချဲ့မည့်အပြင် အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက် နိုင်ငံတော်မှ မြေယာဝယ်ယူခွင့် ပြုမည့် အစီအမံများကို အတည်ပြုခဲ့သည်။ ယင်းလုပ်ရပ်မှာ အနောက်ဖက်ကမ်း ရှိ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 18 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မဲပြန်လည်ရေတွက်ရန် တောင်းဆိုဆန္ဒပြသူများအပေါ် အင်အားသုံးဖြေရှင်းခြင်းမျိုး မပြုလုပ်ရန် တာဝန်ရှိသူများကို တိုက်တွန်းလိုက်သည်။
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ်

Gen Z က တော်လှန်ရေးတွင် အောင်ပွဲခံခဲ့သော်လည်း ရွေးကောက်ပွဲကိုမူ မျိုးဆက်ဟောင်း များကသာ လွှမ်းမိုးထားဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ရက် သက်ကြီးဝါကြီး အာဏာရှင်ကို ဖြုတ်ချခဲ့သည့် Gen Z (မျိုးဆက်သစ်လူငယ်များ) ၏ တော်လှန်ရေးအပြီး၊ နိုင်ငံ၏လမ်းကြောင်းသစ်ကို ပုံဖော်နိုင်မည်ဟု သန်းနှင့်ချီသော လူငယ်များ မျှော်လင့်နေကြသည့် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့၌
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 23 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 30 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ် တာကာအီချီက သမိုင်းဝင် အပြတ်အသတ်အနိုင်ရရှိမှုဖြင့် အများစု အင်အားကို အထူးရယူနိုင်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက် ဂျပန်နိုင်ငံ၏ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီသည် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ သူမ ခေါင်းဆောင်မှုနေရာသို့ မရောက်ရှိမီ မကြာသေးမီနှစ်များအတွင်းက မဲဆန္ဒရှင်များ၏ ထောက်ခံမှု